ADF သူပုန်များနှိမ်နှင်းရေး ယူဂန်ဒါတပ်များ ကွန်ဂိုနိုင်ငံတွင်းသို့ ထပ်မံစေလွှတ်

PUBLISHED - December 3, 2021
နိုင်ငံတကာ၊ ဒီဇင်ဘာ ၃ (People Media)
ADF သူပုန်များကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် တတိယမြောက်နေ့ဖြစ်သော နိုဝင်ဘာလ ၂ ရက်နေ့ (ကြာသာ ပတေးနေ့) တွင် ယူဂန်ဒါအစိုးရသည် ကွန်ဂိုနိုင်ငံအတွင်းသို့ သံချပ်ကာကားများအပါအဝင်ယူဂန်ဒါတပ်ဖွဲ့ဝင်များ နှင့် စစ်လက်နက်ပစ္စည်းများ ထပ်မံပေးပို့ခဲ့ကြောင်း နယ်စပ်ဒေသမှသတင်းရင်းမြစ်များကပြောကြားလိုက်သည်။
“ညနေ ၄ နာရီလောက်မှာ ယူဂန်ဒါစစ်သားတွေဖြတ်သွားတာ မြင်လိုက်ရပါတယ်။ စစ်သားတွေက သံချပ်ကာ ကားတွေထဲမှာဗျ။ ရေကားတွေလည်းပါတယ်ဗျ” ဟု နိုဘီလီနယ်စပ်စခန်းမှ အလွတ်တန်းသတင်းထောက် တို နီကီတမ်ဘာလာက ပြောသည်။ အခြားဒေသခံတစ်ဦးရိုက်ကူးထားသည့် ဗီဒီယိုဖိုင်ထဲတွင် ယာဉ်တန်းထဲ၌ အ ပေါ့စားတင့်ကားနှစ်စီးကိုတွေ့ရသည်။
ယူဂန်ဒါတပ်များ ၎င်းတို့ပိုင်နက်မှ ကွန်ဂိုနိုင်ငံတွင်းရှိသူပုန်များကို လေကြောင်းတိုက်ခိုက်မှုနှင့် အမြောက်ပစ်ခတ် တိုက်ခိုက်မှုများဆောင်ရွက်ခဲ့ပြီး နာရီပိုင်းအတွင်း နိုဝင်ဘာ ၃၀ ရက် (အင်္ဂါနေ့) က ကွန်ဂိုနိုင်ငံမြောက်ပိုင်း ကီဗူး ပြည်နယ်အတွင်းသို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာခဲ့သည်ကို တွေ့မြင်ကြရသည်။
အင်္ဂါနေ့က လေကြောင်း၊ အမြောက်များဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့သော နယ်မြေအတွင်းသို့ ယူဂန်ဒါနှင့် ကွန် ဂိုနိုင်ငံတို့မှ အထူးတပ်ဖွဲ့ဝင်များက ဝင်ရောကရှင်းလင်းနေကြောင်း နှစ်နိုင်ငံတပ်မတော်များကပြောသည်။
နှစ်နိုင်ငံပစ်မှတ်ထားတိုက်ခိုက်နေသည့်သူပုန်အဖွဲ့မှာ မဟာမိတ်ဒီမိုကရက်တစ်တပ်ပေါင်းစုခေါ် ADF အကြမ်း ဖက်သူပုန်များဖြစ်ပြီး ကွန်ဂိုနိုင်ငံ အရှေ့ပိုင်းတွင် အပြစ်မဲအရပ်သားပြည်သူများကို အစုလိုက်အပြုံလိုက်သတ် ဖြတ်ခဲ့ပြီး ယူဂန်ဒါမြို့တော်တွင် တိုက်ခိုက်မှုများပြုလုပ်ခဲ့သည့်အဖွဲ့ဖြစ်သည်။ ADF သူပုန်အဖွဲ့ကို အစ္စလာမစ်မစ် နိုင်ငံတော်ခေါ် အိုင်အက်စ်အဖွဲ့က မဟာမိတ်အဖွဲ့အဖြစ်ကြေညာထားသည်။
ADF သူပုန်အဖွဲ့သည် သမိုင်းကြောင်းအရ ယူဂန်ဒါသမ္မတယိုဝီရီမူဆီဗီနီကို ဆန့်ကျင်တိုက်ခိုက်နေသည့် မူဆ လင်များဖြင့်ဖွဲ့စည်းထားသော အကြီးဆုံးအဖွဲ့အစည်းဖြစ်သည့် ယူဂန်ဒါသူပုန်အုပ်စု၏ မဟာမိတ်အဖွဲ့ဖြစ်သည်။
ယင်းအဖွဲ့သည် ၁၉၉၅ ခုနှစ်တွင် ကွန်ဂိုနိုင်ငံအရှေ့ပိုင်း၌ စတင်ဖွဲ့စည်းခဲ့သည်။ နောက်ပိုင်းတွင် ဒုက္ခပေါင်းစုံဝေ နေသည့်နိုင်ငံ၌ ဥပဒေနှင့်မညီသောအဖွဲ့အစည်းများကြားတွင် အဆိုးရွားဆုံးသောအဖွဲ့အစည်းတစ်ခုဖြစ်လာခဲ့ သည်။
ADF အကြမ်းဖက်သူပုန်အဖွဲ့သည် ၂၀၁၃ ခုနှစ်ကတည်းက အပြစ်မဲ့အရပ်သား ၆,၀၀၀ ဝန်းကျင်ကို သတ်ဖြတ်ခဲ့ ကြောင်း၊ ၂၀၁၇ ခုနှစ်ကတည်းက မြောက်ပိုင်း ကီဗူးပြည်နယ် ဘီနီမြို့တစ်မြို့တည်းတွင် လူပေါင်း ၁၂၀၀ ကျော် အသတ်ခံခဲ့ရကြောင်း ကွန်ဂိုနိုင်ငံရှိ ကက်သလစ်ဘုရားကျောင်းက ပြောသည်။
Ref: Uganda Ups Deployment to DR Congo in Anti-Rebel Operation
#PeopleMedia
(unicode)
………………………………………………………….
Ref: Uganda Ups Deployment to DR Congo in Anti-Rebel Operation
#PeopleMedia