• Follow Us on

Home AH-6 တိုက်ခိုက်ရေးရဟတ်ယာဉ် ဒေါ်လာ ၁၀၄ သန်းဖိုး ထိုင်းနိုင်ငံ ဝယ်ယူမည်

AH-6 တိုက်ခိုက်ရေးရဟတ်ယာဉ် ဒေါ်လာ ၁၀၄ သန်းဖိုး ထိုင်းနိုင်ငံ ဝယ်ယူမည်

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၃ (People Media)

 

အရေအတွက်ဖော်ပြမထားတဲ့ AH-6 အပေါ့စားတိုက်ခိုက်ရေးနဲ့ ကင်းထောက်ရဟတ်ယာဉ် ဒေါ်လာ ၁၀၃.၈ သန်းဖိုးကို ထိုင်းနိုင်ငံက ဝယ်ယူတော့မှာဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာလိုက် ပါတယ်။

 

ဘိုးရင်းကုမ္ပဏီကထုတ်လုပ်တဲ့ AH-6 တိုက်ခိုက်ရေးရဟတ်ယာဉ်ဟာ စွမ်းဆောင်ရည်မြင့်မားတဲ့ရဟတ်ယာဉ် ဖြစ်ပြီး တိကျတဲ့တိုက်ခိုက်ရေးစွမ်းရည်၊ အနီးကပ်တိုက်ခိုက်ရေး၊ လုံခြုံရေးနဲ့ အစောင့်လိုက်ပါရေး၊ တပ်ဖွဲ့ဝင်များ သယ်ယူပို့ဆောင်ရေးနဲ့ ရှာဖွေရေး၊ စစ်မြေပြင် ရှာဖွေ/ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ဖို့ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေတပ်ဆင်ထားတယ်လို့ သိရပါတယ်။

 

ဒီရဟတ်ယာဉ်မှာ တခြားစနစ်တွေနဲ့ သတင်းအချက်အလက်တွေမျှဝေသုံးစွဲနိုင်တဲ့ နောက်ဆုံးပေါ်ခေတ်အမီဆုံး ကွန်ပျူတာစနစ်ကိုထည့်သွင်းတပ်ဆင်ထားပါတယ်။

 

ရဟတ်ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ စစ်သည်တွေရဲ့ဘေးကင်းလုံခြုံရေးအတွက် တိကျသေချာအောင်ဆောင် ရွက်ထားဖို့၊ ဆုံးဖြတ်ချက်ချမှတ်ခြင်းနဲ့ ရုတ်တရက်ဖြစ်ပေါ်လာနိုင်တဲ့အခြေအနေတွေကို နားလည်သဘော ပေါက်မှုတွေကို မြှင့်တင်ဖို့၊ ရဟတ်ယာဉ်မှူးထမ်းဆောင်ရမယ့်တာဝန်တွေကို လျှော့ချနိုင်ဖို့အတွက် ဒီရဟတ် ယာဉ်ကို ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားတာဖြစ်ပါတယ်။

 

အင်ဂျင်တစ်လုံးတပ် AH-6 တိုက်ခိုက်ရေးရဟတ်ယာဉ်ဟာ တစ်နာရီကို ၂၃၃ ကီလိုမီတာ ပျံသန်းနိုင်ပြီး တာ ဝေးပျံသန်းနိုင်တဲ့အမြင့်ဆုံးအကွာအဝေးကတော့ ၃၃၁ ကီလိုမီတာဖြစ်ပါတယ်။ ရဟတ်ယာဉ်အမြင့်ဆုံးပျံသန်း နိုင်တဲ့အချိန်ကတော့ ၂.၁ နာရီဖြစ်တယ်လို့ ဘိုးရင်းကုမ္ပဏီကပြောပါတယ်။

 

AH-6 တိုက်ခိုက်ရေးရဟတ်ယာဉ်တွေကို အရီဇိုးနားပြည်နယ်မှာရှိတဲ့ ဘိုးရင်းကုမ္ပဏီရဲ့စက်ရုံမှာတည်ဆောက် သွားမှာဖြစ်ပြီး ၂၀၂၅ ခုနှစ် မေလလောက်မှာ အပြီးတည်ဆောက်သွားမယ်လို့ ခန့်မှန်းထားပါတယ်။

 

တော်ဝင်ထိုင်းလေတပ်က Bell AH-1F Cobra တိုက်ခိုက်ရေးရဟတ်ယာဉ်တွေကို အစားထိုးဖို့အတွက် AH-6 တိုက်ခိုက်ရေးရဟတ်ယာဉ်တွေ ရောင်းချပေးဖို့ ၂၀၁၉ ခုနှစ်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အ တည်ပြုထောက်ခံခဲ့ပါတယ်။ ရဟတ်ယာဉ်ရောင်းဝယ်ရေးစာချုပ်ကတော့ ခန့်မှန်းတန်ဖိုး ဒေါ်လာ သန်း ၄၀၀ ဝန်းကျင်ရှိတယ်လို့ဆိုပါတယ်။

 

AH-6 တိုက်ခိုက်ရေးရဟတ်ယာဉ်တွေအပြင် ထိုင်းတော်ဝင်လေတပ်ဟာ လေတပ်ကာကွယ်ရေးစွမ်းရည်တွေကို မြှင့်တင်ဖို့အတွက် တခြားလေယာဉ်နဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း ဝယ်ယူစုဆောင်းနေပါတယ်။

 

ဒီနှစ်အစောပိုင်းကာလက ထိုင်းနိုင်ငံဟာ ဒေါ်လာ ၈၁ သန်းတန်ဖိုးရှိတဲ့ F-35 ကိုယ်ပျောက်တိုက်လေယာဉ် ၈ စင်းကို ဝယ်ယူမယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ ထိုင်းလေတပ်မှာ နှစ်ပေါင်းသုံးဆယ်ကျော် အသုံးပြုနေ  တဲ့ F-5 နဲ့ F-16 တိုက် လေယာဉ်တွေကိုအစားထိုးဖို့ F-35 တိုက်လေယာဉ်တွေကိုဝယ်ယူမှာဖြစ်ကြောင်း ထိုင်း လေတပ်ဦးစီးချုပ်က ပြောပါတယ်။

 

ဒါ့အပြင် ထိုင်းနိုင်ငံဟာ အမေရိကန်ထုတ် ဒေါ်လာ ၁၄၃ သန်းတန် AT-6 Wolverines အပေါ့စားတိုက်လေ ယာဉ် ၈ စင်းမှာယူဖို့အတွက် Textron လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီကို လုပ်ငန်းအပ်နှံထားပါတယ်။ အဲဒီ အပေါ့စားတိုက်လေယာဉ်တွေကို ပြင်ပနိုင်ငံတွေကိုထုတ်ရောင်းတာ ထိုင်းနိုင်ငံက ပထမဦးဆုံးဝယ်လက်ဖြစ် ကြောင်းသိရပါတယ်။

 

Ref: Thailand to Acquire Boeing AH-6 Attack Helicopters for $104 Million

 

#PeopleMedia

 

(unicode)


…………………………………………………………………..

 


 


 


 


 


 


 


 


 


 


 


 

Ref: Thailand to Acquire Boeing AH-6 Attack Helicopters for $104 Million

 

#PeopleMedia


Share this post