• Follow Us on

Home AI နည်းပညာသုံးဒရုန်းတွေ ယူကရိန်း အသုံးပြုနေ

AI နည်းပညာသုံးဒရုန်းတွေ ယူကရိန်း အသုံးပြုနေ

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၁

 

စစ်မြေပြင်က ပစ်မှတ်တွေကို ဒရုန်းတွေနဲ့ ရှာဖွေတိုက်ခိုက်ရာမှာ ထိန်းကျောင်းမောင်းနှင်မယ့်သူမလိုဘဲ တိုက် ခိုက်နိုင်တဲ့ ပြည်တွင်းထုတ် AI နည်းပညာအသုံးပြုစနစ်ကို ယူကရိန်းနိုင်ငံက အသုံးပြုနေပါတယ်။

 

AI နည်းပညာကိုအသုံးပြုထားတဲ့ အဲဒီစနစ်တွေကြောင့် ဈေးသက်သာတဲ့ဒရုန်းတွေဟာ ရန်သူက jamming တွေနဲ့ ကာကွယ်ထားတဲ့ ပစ်မှတ်တွေကို ခြေရာခံရှာဖွေပြီး တိုက်ခိုက်နိုင်စွမ်းရှိတယ်လို့ဆိုပါတယ်။

 

တစ်ဖက်ရန်သူက ၎င်းတို့နယ်မြေတွေကို ဒရုန်းတွေနဲ့ တိုက်ခိုက်တဲ့အခါ မြေပြင်တပ်ဖွဲ့ဝင် တွေထိန်းကျောင်း မောင်းနှင်တဲ့ ဒရုန်းတွေရဲ့ ထိရောက်မှုကို လျော့ကျသွားအောင်ဆောင်ရွက်နိုင်တဲ့ jamming တွေနဲ့ ၎င်းတို့ရဲ့ နယ်မြေတွေကို ကာကွယ်ထားတာဖြစ်ပါတယ်။

 

AI နည်းပညာသုံး ဒရုန်းတွေဟာ အဲဒီရန်သူ jamming ကာကွယ်ထားတဲ့ နယ်မြေတွေကို ထိုးဖောက်ဝင်ရောက် တိုက်ခိုက်နိုင်တာဖြစ်ပါတယ်။

 

ဒရုန်းပစ်မှတ်ရှာဖွေခြင်းနဲ့ ပျံသန်းမှုထိန်းချုပ်ခြင်းနယ်ပယ်က AI နည်းပညာအသုံးပြုမှု အပြောင်းအလဲဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ရုရှားကျူးကျော်တိုက်ခိုက်မှုစတင်ကတည်းက နည်းပညာယှဉ်ပြိုင်မှုနယ်ပယ်မှာ အရေးပါတဲ့ အပြောင်းအလဲတစ်ခုဖြစ်ပါတယ်။

 

စစ်ပွဲရဲ့နောက်ထပ်အဆင့်မှာ အခုလို အလိုအလျောက်မောင်းနှင်တဲ့စနစ်ဟာ အရေးပါတဲ့အခန်းက ပါဝင်လာနိုင် ဖွယ်ရှိကြောင်း နှစ်ဖက်စလုံး (ရုရှား-ယူကရိန်း) ရဲ့ ကြေညာချက်တွေမှာ ထုတ်ဖော်ပြောကြားထားပေမဲ့ လက်ရှိ အချိန်မှာတော့ ကျယ်ကျယ် ပြန့်ပြန့် အသုံးပြုခြင်း မရှိသေးဘူးလို့ ဝါရှင်တန်အခြေစိုက် အကြံပေးညာရှင်အဖွဲ့ တစ်ဖွဲ့ဲဖြစ်တဲ့ New American Security စင်တာက တွဲဖက်ထိပ်တန်းအဖွဲ့ဝင် ဆယ်မြူရယ်ဘန်းဒက်က ပြောပါ တယ်။

 

“လက်ရှိအချိန်မှာ ဒီနည်း့ညာတွေက တခြားနည်းပညာတွေနဲ့ ယှဉ်လိုက်ရင် ရိုးစင်းပါတယ်။ များသောအားဖြင့် စစ်မဖြစ်ခင်ကတည်းက ရရှိနိုင်တဲ့ အရပ်ဘက်နည်းပညာတွေကို အခြေခံထားတာဖြစ်ပါတယ်။ ဒါပေမဲ့ နောက် ပိုင်းမှာတော့ ပိုမိုရှုပ်ထွေးတဲ့ နည်းပညာတွေကို ရရှိလာနိုင်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ယူကရိန်းနိုင်ငံဟာ ရုရှားကင်းထောက်ဒရုန်းအများအပြားကို ပစ်ချဖို့အတွက် ကြားဖြတ်တိုက်ခိုက်ရေး ဒရုန်း တွေကိုလည်း အသုံးပြုနေပါတယ်။

 

ရုရှားကင်းထောက်ဒရုန်းတွေက ယူကရိန်းပစ်မှတ်တွေကို တိုက်ခိုက်ရာမှာ အမြောက်နဲ့ ဒုံးကျည်တွေ တိကျစွာ ပစ်ခတ်နိုင်ဖို့အတွက် ပစ်မှတ်ကူညီရှာဖွေရာမှာ အသုံးပြုနေတဲ့ ကင်မရာတပ်ဆင်ထားတဲ့ ကင်းထောက်ဒရုန်း တွေဖြစ်ပါတယ်။

 

Ref: Ukraine Rolls Out Dozens of AI Systems to Help Its Drones Hit Targets

 

#PeopleMedia


Share this post