AI နည်းပညာသုံး F-16 ဒရုန်း စမ်းသပ်ပျံသန်းစဉ် အမေရိကန်လေတပ်အတွင်းဝန် လိုက်ပါစီးနင်းမည်
PUBLISHED - April 12, 2024
နိုင်ငံတကာ၊ ဧပြီ ၁၂
AI နည်းပညာနဲ့ ထိန်းချုပ်မောင်းနှင်မယ့် မကြာသေးခင်ကတပ်ဆင်ထားတဲ့ F-16 ဂျက်တိုက်လေယာဉ်ကို အမေ ရိကန်လေတပ်အတွင်းဝန် ဖရန့်ခ်ကန်ဒယ်လ်လိုက်ပါ စီးနင်းဖို့ ပြင်ဆင်ထားပါတယ်။
လေထဲမှာ AI နည်းပညာက လေယာဉ်ကို ဘယ်လိုထိန်းချုပ်သွားမလဲဆိုတာ ကိုယ်တိုင်ခံစားကြည့်မြင်ချင်တဲ့အ တွက် ခရီးသည်တစ်ဦးအဖြစ်လိုက်သွားဖို့ ကိုယ်တိုင်ဆန္ဒပြုခဲ့တာဖြစ်ကြောင်း ကန်ဒယ်လ်က အင်္ဂါနေ့က အမေရိ ကန်အထက်လွှတ်တော်အမတ်တွေရှေ့မှာ ပြောပါတယ်။
ကန်ဒယ်လ်နဲ့အတူ လေ့ကျင့်ပြီသားလေသူရဲတစ်ဦးပါ ပါလာမှာဖြစ်ပေမဲ့ AI နည်းပညာအသုံးပြုထားတဲ့ F-16 ဂျက်တိုက်လေယာဉ် အလိုအလျောက်ပျံသန်းတာကို နှစ်ဦးစလုံးက စောင့်ကြည့်ရုံသက်သက်သာ လိုက်ပါစီးနင်း မှာဖြစ်တယ်လို့ ဆိုပါတယ်။
“လေယာဉ်ပျံသန်းဖို့အတွက် သူရော ကျွန်တော်ရော ဘာမှလုပ်စရာမလိုဘူးလို့ မျှော်လင့်ရပါတယ်။” လို့ ကန်ဒယ်လ်က ပြောပါတယ်။
အခုမျှော်လင့်ထားတဲ့ ပျံသန်းမှုကို အခုနှစ်နှောင်းပိုင်းမှာ ဆောင်ရွက်မယ်လို့ ဆိုပါတယ်။
AI နည်းပညာသုံးဂျက်တိုက်လေယာဉ် စမ်းသပ်ပျံသန်းမှုအစီအစဉ်ဟာ အမေရိကန်တပ်မတော်ကဆောင်ရွက် နေတဲ့ မကြာသေးခင်က AI နည်းပညာတွေ တပ်ဆင်ထားတဲ့ F-16 ဂျက်တိုက်လေယာဉ်တွေရဲ့ “ပေါင်းစပ် တိုက်ပွဲဝင်လေယာဉ်များစီမံချက် – CCA” ရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။
ဒေါ်လာ ၆ ဘီလျံသုံးစွဲမယ့် အဲဒီစီမံချက်အသစ်ဟာ လေသူရဲတွေမောင်းနှင်တဲ့ ဂျက်တိုက်လေယာဉ်တွေနဲ့အတူ ပူးတွဲတာဝန်ထမ်းဆောင်မယ့် AI နည်းပညာသုံးဒရုန်းအစင်းရေ ၁၀၀၀ ဒီဇိုင်းရေးဆွဲထုတ်လုပ်ဖို့ ရည်ရွယ်ထား တာဖြစ်တယ်လို့ ဆိုပါတယ်။
“သစ္စာတော်ခံတောင်ပံလူသား” လို့ အမည်ပေးထားတဲ့ အဲဒီ AI နည်းပညာသုံး မောင်းသူမဲ့လေယာဉ်တွေဟာ အမေရိကန်လေတပ်ရဲ့ ခေတ်အမီဆုံးလေယာဉ်တွေကို အထောက်အကူပေးသွားမှာဖြစ်ပြီး ကင်းထောက်တာ ဝန်တွေ ဒါမှမဟုတ် ဆက်သွယ်ရေးဗဟိုချက်တာဝန်တွေကို ထမ်းဆောင်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။
AI နည်းပညာသုံးဒရုန်းတစ်စင်းတန်ဖိုးဟာ ဒေါ်လာ ၁၀ သန်းကနေ သန်း ၂၀ ကြားမှာရှိတဲ့အတွက် သမရိုးကျ ဂျက်တိုက်လေယာဉ်တွေထက် ကုန်ကျစရိတ်အများအပြားသက်သာတယ်လို့ ဆိုပါတယ်။
အဲဒီဒရုန်းတွေဟာ လက်ရှိလေယာဉ်တွေထက် ပိုမိုခေတ်မီပြီး အန္တရာယ်ရှိတဲ့တာဝန်တွေကို ပိုမိုထမ်းဆောင်နိုင် စွမ်းရှိပါတယ်။ CCA စီမံချက်ကနေ ထွက်ပေါ်လာမယ့် AI နည်းပညာသုံးဒရုန်းတွေကို ၂၀၂၈ ခုနှစ် မတိုင်ခင် အသုံးပြုနိုင် အောင် စီစဉ်ထားပါတယ်။
Ref: US Air Force Secretary to Flight-Test AI-Operated F-16
#PeopleMedia