Airbus A 350 XWBs လေယာဉ်ငါးစီးဖြင့် Formation Flying ပြုလုပ်ခြင်း
PUBLISHED - May 17, 2019
Airbus ကုမ္ပဏီသည် A 350 XWBs လေယာဉ်ငါးစီးဖြင့် Formation Flying ကို ၂၀၁၄ စက်တင်ဘာ၂၉ ရက်တွင် ပြုလုပ်ခဲ့သည်။ Formation Flying ကိုလေကြောင်းပြပွဲများ၊ လေတပ်အခမ်းအနားများတွင်မြင်တွေ့ရေ လ့ရှိသော်လည် အလွန်ကြီးသည့် ခရီးသည်လေယာဉ်ဖြင့် ပြုလုပ်ခြင်းသည် ရှားရှားပါးပါးဖြစ်ရပ်
ဖြစ်သည်။
Airbus ၏ A 350 XWBs လေယာဉ်တစ်စီးသည် ခရီးသည် ၃၆၉ ဦးအထိ ဆံ့ပြီး တစ်စီးတန်ဖိုးမှာ ဒေါ်လာ သန်း ၃၀၀ကျော်ရှိသည်။ ယင်းလေယာဉ်များဖြင့် Formation Flying ပြုလုပ်ရန်အတွက် ကြိုတင်ပြင်ဆင်မူ များပြုလုပ်ခဲ့ရသည်။
လေကြောင်းတာဝန်ရှိသူများနှင့် လေယာဉ်မှူးများ အကြိမ်ကြိမ်တွေ့ဆုံ ဆွေးနွေးပြီးနောက် ရာသီဥတုကောင်း မွန်သည့်ရက်တွင် Formation Flying ကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ Formation Flying မှာ အုပ်စုလိုက်ပျံ သန်းခြင်းဖြစ်သည်။
ကြည့်ရအလွန်ကောင်းသော်လည်း ကြိုမှန်းဆနိုင်မူနှင့် မှန်းဆသည့်အတိုင်း လုပ်ဆောင်နိုင်မူ အလွန်အရေးကြီးသည်။ Formation Flying သည် ရှေ့လေယာဉ်ပျံ၏ အမြန်နူန်း၊ အပေါ်အောက်၊ ဘေးဘယ်ညာ အစစကို ထပ်ချပ်မကွာ လိုက် ရခြင်းကြောင့် ကြိုတင်မှန်းဆမူအရေးကြီးခြင်းဖြစ်သည်။
https://www.facebook.com/303185163868226/videos/825676744460353/