• Follow Us on

Home Airshow China 2021 ပြပွဲတွင် WZ-7 အမြင့်ပျံကင်းထောက်ဒရုန်းလေယာဉ်များ ထုတ်ဖော်ပြသသွားမည်

Airshow China 2021 ပြပွဲတွင် WZ-7 အမြင့်ပျံကင်းထောက်ဒရုန်းလေယာဉ်များ ထုတ်ဖော်ပြသသွားမည်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၇ (People Media)

 

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်လေတပ် PLA Air Force ၏ အမြင့်ပျံကင်းထောက်ဒရုန်းလေယာဉ် အား ဇူဟိုင်းမြို့တွင် စက်တင်ဘာလ ၂၈ ရက်နေ့မှ အောက်တိုဘာလ ၃ ရက်နေ့အထိ ခြောက်ရက်ကြာ ကျင်းပ မည့် Airshow China 2021 ပြပွဲ၌ ထုတ်ဖော်ပြသသွားမည်ဖြစ်သည်။

 

အဆိုပါ Airshow China 2021 ပြပွဲတွင် J-20 ကိုယ်ပျောက်ဂျက်တိုက်လေယာဉ်များ၊ Y-20 စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးလေယာဉ်များ၊ KJ-500 လေကြောင်းအချက်ပေးနှင့် ကြီးကြပ်မှုစနစ် Airborne Warning and Control System (AWACS) လေယာဉ်များနှင့် H-6K ဗုံးကြဲလေယာဉ်များကိုလည်း ခင်းကျင်းပြသသွား မည်ဖြစ်ကြောင်း၊ ထို့အပြင် J-16D အီလက်ထရောနစ်စစ်ဆင်ရေးလေယာဉ်များနှင့် WZ-7 အမြင့်ပျံကင်း ထောက်ဒရုန်းလေယာဉ်များကိုလည်း ပထမဦဆုံးအကြိမ်ထုတ်ဖော်ပြသသွားမည်ဖြစ်ကြောင်း တရုတ်ဗဟိုသ တင်းဌာန CCTV က ထုတ်ပြန်ကြေညာခဲ့သည်။

 

တရုတ်နိုင်ငံက စမ်းသပ်ထုတ်လုပ်ထားသည့် WZ-7 အမြင့်ပျံကင်းထောက်ဒရုန်းလေယာဉ်များကို နယ်စပ်ဒေသ ကင်းလှည့်ထောက်လှမ်းရေးနှင့် ပင်လယ်ပြင်ကင်းလှည့်ထောက်လှမ်းရေးအပါအဝင် စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်ရန် ပုံစံရေးဆွဲထုတ်လုပ်ထားခြင်းဖြစ်သည်။

 

ရှေ့နောက်တောင်ပံနှစ်ဆင့် ဒီဇိုင်းရေးဆွဲတည်ဆောက်ထားသဖြင့် WZ-7 အမြင့်ပျံကင်းထောက်ဒရုန်းလေယာဉ် သည် စစ်ဆင်ရေးတာဝန်များထမ်းဆောင်ရာတွင် ပျံသန်းမှုစွမ်းရည်တိုးမြှင့်ဆောင်ရွက်နိုင်ကြောင်း တရုတ်နိုင်ငံ မှ စစ်ဘက်ရေးရာကျွမ်းကျင်သူတစ်ဦးက Global Times ကို ပြောသည်။

 

အဆိုပါ အမြင့်ပျံကင်းထောက်ဒရုန်းလေယာဉ်အား ယခုအချိန်တွင် WZ-7 ဟု တရားဝင်နာမည်ပေးထားပြီး PLA လေတပ်က အများပြည်သူကို ထုတ်ဖော်ပြသသွားမည်ဖြစ်သည်။ ယင်းဒရုန်းလေယာဉ်၏ အမည်ဝှက်ဖြစ်သော “မိုးပျံနဂါး” ဆိုသည့်အမည်မှလွဲ၍ အခြားအချက်အလက်များကို ကြိုတင်သိရှိထားခြင်းမရှိကြောင်း တရုတ်ကျွမ်း ကျင်သူများကပြောသည်။

 

Airshow China 2021 ပြပွဲတွင် ထုတ်ဖော်ပြသသွားမည့် အခြားလေယာဉ်သစ်တစ်မျိုးမှာ ကင်းထောက်၊ တိုက် ခိုက်ရေးနှင့် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်သော အီလက်ထရောနစ်စစ်ဆင်ရေးလေယာဉ်သစ်ဖြစ် သည့် J-16D လေယာဉ်များဖြစ်ကြောင်း CCTV သတင်းဌာနကကြေညာခဲ့သည်။ ယင်း J-16D အီလက်ထရော နစ်စစ်ဆင်ရေးလေယာဉ်မှာ J-16 ဂျက်တိုက်လေယာဉ်ကို အခြေခံထုတ်လုပ်ထားခြင်းဖြစ်သည်။

 

J-16D အီလက်ထရော နစ်စစ်ဆင်ရေးလေယာဉ်သည် အခြားတိုက်လေယာဉ်များနှင့် အတူယှဉ်တွဲတိုက်ပွဲဝင် နိုင်ပြီး အီလက်ထရောနစ်စစ်ဆင်ရေးအတွက် ထောက်ပံ့နိုင်စွမ်းရှိသည့်လေယာဉ်ဖြစ်သည်။ အဆိုပါလေယာဉ် သည် တန်ပြန်အီလက်ထရောနစ်ရေဒီယိုအသံလွှင့်ချက်ဖြင့် ရန်သူ့ရေဒီယိုအသံလွှင့်ချက်ကို ဖျက်ဆီးခြင်း သို့ မဟုတ် လှည့်စားခြင်း၊ သို့မဟုတ် ရန်သူ့ရေဒါထုတ်လွှင့်မှုကို တိုက်ရိုက်တိုက်ခိုက်ဖျက်ဆီးခြင်း၊ ရန်သူ့ လေ ကြောင်းအချက်ပေးနှင့် ကြီးကြပ်မှုစနစ် AWACS လေယာဉ်များကို တိုက်ရိုက်တိုက်ခိုက်ခြင်းများဆောင်ရွက်နိုင် စွမ်းရှိကြောင်း ဘေဂျင်းအခြေစိုက် Aerospace Knowledge မဂ္ဂဇင်းမှ အယ်ဒီတာချုပ် ဝန်ယနန်က Global Times ကိုပြောသည်။

 

Ref: PLA Air Force to unveil WZ-7 high-altitude reconnaissance drone at Airshow China in Zhuhai

 

#PeopleMedia

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 


 

Ref: PLA Air Force to unveil WZ-7 high-altitude reconnaissance drone at Airshow China in Zhuhai

 

#PeopleMedia


Share this post