• Follow Us on

Home AK 203 အလက္ ၆ သိန္း႐ု႐ွားထံမွ အိႏၵိယ၀ယ္ယူရန္ သေဘာတူညီခ်က္ရေရးနီးစပ္လာ

AK 203 အလက္ ၆ သိန္း႐ု႐ွားထံမွ အိႏၵိယ၀ယ္ယူရန္ သေဘာတူညီခ်က္ရေရးနီးစပ္လာ

Share this post

 
နယူးေဒလီ၊ စက္တင္ဘာ ၃
 
အိႏၵိယႏိုင္ငံတြင္ထုတ္လုပ္မည့္ ႐ု႐ွားႏိုင္ငံမွ AK 203 ေခ်မႈန္းေရး႐ိုင္ဖယ္အလက္ ၆ သိန္း၀ယ္ယူေရးသေဘာ တူညီခ်က္ကို အဆံုးသတ္လိုက္ႏိုင္ၿပီး လက္မွတ္ထိုးသည့္အဆင့္မေရာက္ခင္ ေနာက္ဆံုးစာခ်ဳပ္ကို ႏွစ္ဖက္တရား၀င္အေသအခ်ာစိစစ္ေနသည္။
 
ယခုႏွစ္အကုန္တြင္ ထိုေသနတ္မ်ားထုတ္လုပ္မႈစတင္မည္ျဖစ္ၿပီး ႏိုင္ငံျခားတင္ပို႔ေရာင္းခ်ႏိုင္သည့္အရည္အေ သြး႐ွိေၾကာင္း အိႏၵိယကာကြယ္ေရး၀န္ႀကီးဌာနမွသတင္းရင္းျမစ္မ်ားကိုကိုးကားၿပီး The Print သတင္းစာေဖာ္ျပသည္။
 
သေဘာတူညီခ်က္အရ အိႏိၵယစစ္တပ္မ်ားတြင္အသံုးျပဳမည့္ ပထမဆံုး AK 203 အလက္ ၂၀၀၀၀ ကို ႐ု႐ွားႏိုင္ငံမွတင္ပို႔မည္ျဖစ္ၿပီး ေငြလဲလွယ္ႏႈန္းမ်ားအေပၚမူတည္၍ တစ္လက္ကို အေမရိကန္ေဒၚလာ ၁၁၀၀ ၀န္းက်င္႐ွိမည္ျဖစ္သည္။
 
က်န္ေသာေသနတ္မ်ားကို ဖက္စပ္လုပ္ငန္းအေနျဖင့္ အိႏၵိယႏိုင္ငံတြင္ထုတ္လုပ္မည္ျဖစ္သည္။
 
အိႏၵိယတြင္ထုတ္လုပ္မႈကို Indian Ordnance Factory Board (OFB)၊ Kalashnikov Concern ႏွင့္ ႐ု႐ွားအစိုးရလက္နက္တင္ပို႔ေရးေအဂ်င္စီ Rosoboronexport တို႔ပူးေပါင္းေဆာင္႐ြက္မည္ျဖစ္သည္။
 
ဖက္စပ္လုပ္ငန္းတြင္ OFB က ၅၀.၅ ရာခိုင္ႏႈန္းပါ၀င္ၿပီး Kalashnikov က ၄၂ ရာခိုင္ႏႈန္းႏွင့္ Rosoboronexport က ၇.၅ ရာခိုင္ႏႈန္းပါ၀င္မည္ျဖစ္သည္။
 
အိႏၵိယလုပ္ေသနတ္မ်ားက တင္သြင္းသည့္ေသနတ္မ်ားထက္ အနည္းငယ္သက္သာမည္ဟု သတင္းရင္းျမစ္မ်ားကေျပာေသာ္လည္း ေစ်းႏႈန္းအတိအက်ကိုေတာ့ ျငင္းဆိုထားသည္။
 
Ref : India and Russia set to close deal for over 6 lakh AK 203 rifles, production to start soon
 
#PeopleMedia
 
(unicode)
AK 203 အလက် ၆ သိန်းရုရှားထံမှ အိန္ဒိယဝယ်ယူရန် သဘောတူညီချက်ရရေးနီးစပ်လာ
……………………………………
 
နယူးဒေလီ၊ စက်တင်ဘာ ၃
 
အိန္ဒိယနိုင်ငံတွင်ထုတ်လုပ်မည့် ရုရှားနိုင်ငံမှ AK 203 ချေမှုန်းရေးရိုင်ဖယ်အလက် ၆ သိန်းဝယ်ယူရေးသဘော တူညီချက်ကို အဆုံးသတ်လိုက်နိုင်ပြီး လက်မှတ်ထိုးသည့်အဆင့်မရောက်ခင် နောက်ဆုံးစာချုပ်ကို နှစ်ဖက်တရားဝင်အသေအချာစိစစ်နေသည်။
 
ယခုနှစ်အကုန်တွင် ထိုသေနတ်များထုတ်လုပ်မှုစတင်မည်ဖြစ်ပြီး နိုင်ငံခြားတင်ပို့ရောင်းချနိုင်သည့်အရည်အ ေသွးရှိကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနမှသတင်းရင်းမြစ်များကိုကိုးကားပြီး The Print သတင်းစာဖော်ပြသည်။
 
သဘောတူညီချက်အရ အိန္ဒိယစစ်တပ်များတွင်အသုံးပြုမည့် ပထမဆုံး AK 203 အလက် ၂၀၀၀၀ ကို ရုရှားနိုင်ငံမှတင်ပို့မည်ဖြစ်ပြီး ငွေလဲလှယ်နှုန်းများအပေါ်မူတည်၍ တစ်လက်ကို အမေရိကန်ဒေါ်လာ ၁၁၀၀ ဝန်းကျင်ရှိမည်ဖြစ်သည်။
 
ကျန်သောသေနတ်များကို ဖက်စပ်လုပ်ငန်းအနေဖြင့် အိန္ဒိယနိုင်ငံတွင်ထုတ်လုပ်မည်ဖြစ်သည်။
 
အိန္ဒိယတွင်ထုတ်လုပ်မှုကို Indian Ordnance Factory Board (OFB)၊ Kalashnikov Concern နှင့် ရုရှားအစိုးရလက်နက်တင်ပို့ရေးအေဂျင်စီ Rosoboronexport တို့ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။
 
ဖက်စပ်လုပ်ငန်းတွင် OFB က ၅၀.၅ ရာခိုင်နှုန်းပါဝင်ပြီး Kalashnikov က ၄၂ ရာခိုင်နှုန်းနှင့် Rosoboronexport က ရ.၅ ရာခိုင်နှုန်းပါဝင်မည်ဖြစ်သည်။
 
အိန္ဒိယလုပ်သေနတ်များက တင်သွင်းသည့်သေနတ်များထက် အနည်းငယ်သက်သာမည်ဟု သတင်းရင်းမြစ်များကပြောသော်လည်း ဈေးနှုန်းအတိအကျကိုတော့ ငြင်းဆိုထားသည်။
 
Ref : India and Russia set to close deal for over 6 lakh AK 203 rifles, production to start soon
 
#PeopleMedia

Share this post