Alphard ယာဉ်မှ ဆိုင်ကယ်အားတိုက်မိရာမှ လူ ၁ ဦး သေဆုံးမှု အမြန်လမ်း၌ဖြစ်ပွား
PUBLISHED - January 8, 2024
နေပြည်တော်၊ ဇန်နဝါရီ ၈
Alphard ယာဉ်မှ ဆိုင်ကယ်အား တိုက်မိကာ လူ ၁ ဦး သေဆုံးမှု ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် အမှတ် (၃၀၂/ဝ-၁) ဖာလုံကြားတွင် ဇန်နဝါရီလ ၆ ရက်နေ့၊ ညနေ ၅ နာရီ ၅၀ အချိန်က ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ နေပြည်တော်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသော Alphard အမျိုးစား(အဖြူရောင်)ယာဉ်မှာ အခင်းဖြစ်နေရာအရောက်တွင် ကျား (၁)ဦးထဲ မောင်းနှင်လာသော Luojla အမျိုးစား(အနက်ရောင်) မော်တော် ဆိုင်ကယ်မှ တစ်ဘက်ယာဉ်သို့ ဖြတ်ကူးစဉ် ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် Alphard ယာဉ်မောင်းမှာ ထိခိုက်မှုရှိခဲ့ပြီး၊ ဆိုင်ကယ်ယာဉ်မောင်းမှာ အခင်းနေရာတွင် သေးဆုံးသွားခဲ့၍ မိတ္ထီလာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
#PeopleMedia