• Follow Us on

Home Alphard ယာဉ် တိမ်းမှောက်ရာ ယာဉ်ပေါ်၌ လိုက်ပါလာသူများမှ ကလေးငယ် (၂)ဦး အပါအဝင် (၄)ဦးသေဆုံး


Share this post

ရန်ကုန်၊အောက်တိုဘာ-၂၄




#PeopleMedia #Accident

[Unicode]

Alphard ယာဉ် တိမ်းမှောက်ရာ ယာဉ်ပေါ်၌ လိုက်ပါလာသူများမှ ကလေးငယ် (၂)ဦး အပါအဝင် (၄)ဦးသေဆုံး
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရန်ကုန်၊အောက်တိုဘာ-၂၄

အမြန်လမ်း၌ Alphard ယာဉ် တိမ်းမှောက်ရာ ယာဉ်ပေါ်၌ လိုက်ပါလာသူများမှ ကလေးငယ် (၂)ဦး အပါအဝင် (၄)ဦးသေဆုံးကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ(၂၄)ရက်နေ့ နံနက်(၀၆း၃၀) နာရီအချိန် နေပြည်တော်-ရန်ကုန်လမ်း မိုင်တိုင်အမှတ်-၂၀/၄ -၂၀/၅ ကြားတွင်နေပြည်တော်ဘက်မှရန်ကုန်ဘက်သို့ ယာဉ်မောင်း ကိုဖိုးခွား (စိစစ်ဆဲ) မောင်းနှင် လာသည့် ယာဉ်အမှတ်MDY-5D/—- Alphard အမျိုးအစားအဖြူရောင် ယာဉ်သည် လမ်းအကွေ့တွင်အရှိန်မထိန်းနိုင်ပဲ လမ်းဘေး Guard rails တန်းအားဝင်တိုက်မိခဲ့သည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်မှာတိမ်းမှောက်သွားခဲ့ရာ ယာဉ်ပေါ်ပါယာဉ်မောင်းအပါအဝင်ကျား(၃)ဦ မ(၄)ဦး ခလေး ကျား (၃)ဦး မ (၁)ဦး စုစုပေါင်း (၁၁)ဦးအနက် ကျား(၃)ဦး(ကလေးငယ်၂ ဦးအပါအဝင်) မ(၁)ဦး ပေါင်း(၄)ဦးသေဆုံးပြီးကျား(၂) ဦးမ((၂) ခလေး (၁) ဦး ပေါင်း(၅) ဦး(မစိုးရိမ်ရ)ဒဏ်ရာရရှိသဖြင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ဘောနတ်ကြီးစခန်း မှတပ်ဖွဲ့ဝင်များနှင့် အထောက်အကူပြု အဖွဲ့ များ ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

#PeopleMedia #Accident


Share this post