• Follow Us on
Home ARSA ဘင်္ဂါလီအကြမ်းဖက်သမားများ အရှင်(၃)ဦး၊ အသေ(၂)ဦးနှင့်အတူ လက်နက်/ခဲယမ်း၊ လက်လုပ်မိုင်းများ ဖမ်းမိ
Share this post
ရန်ကုန်၊ နိုဝင်ဘာလ – ၂၂
(Unicode)
ARSA ဘင်္ဂါလီအကြမ်းဖက်သမားများ အရှင်(၃)ဦး၊ အသေ(၂)ဦးနှင့်အတူ လက်နက်/ခဲယမ်း၊ လက်လုပ်မိုင်းများ ဖမ်းမိ
……………………………………………………………
ရန်ကုန်၊ နိုဝင်ဘာလ – ၂၂
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်မတော်စစ်ကြောင်းက နိုဝင် ဘာလ ၂၁ ရက် နံနက်ပိုင်းတွင် ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားအသေ ၂ ဦး၊ အရှင် ၃ ဦးကို လက်နက်/ခဲယမ်း၊ မိုင်းများနှင့် ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိခဲ့သည်။
ဖြစ်စဉ်မှာ မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ ဝင်ရောက် လှုပ်ရှားလျက်ရှိကြောင်း သတင်းရရှိသဖြင့် တပ်မတော်စစ်ကြောင်းက လိုအပ်သည့်လုံခြုံရေး လုပ်ငန်းများဆောင်ရွက်စဉ် နိုဝင်ဘာလ ၂၁ ရက် ၀၉၁၀ နာရီခန့်တွင် ခမောင်းဆိပ်ကျေးရွာ၏အနောက်ဘက် မီတာ ၄၀၀၀ ခန့်အကွာ၌ ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများဟု ယူဆရသော မသင်္ကာဖွယ်ရာ ဘင်္ဂါလီ ၈ ဦးခန့်မှ သေနတ်ဖြင့် စတင်ပစ်ခတ်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ဖမ်းဆီးခဲ့ရာ ARSA အစွန်း ရောက်ဘင်္ဂါလီအကြမ်းဖက်သမားအလောင်း ၂ လောင်း၊ အရှင် ၃ ဦးတို့အား လက်နက်/ခဲယမ်း၊ လက်လုပ်မိုင်း များနှင့် စားသောက်ကုန်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့သည်။ ]
ကျေးရွာများအတွင်း ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ စိမ့်ဝင်လှုပ်ရှားမှုများမရှိစေရေး အတွက် တပ်မတော်စစ်ကြောင်းများအနေဖြင့် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်းနှင့် ဖမ်းဆီးရမိတရားခံများနှင့် လက်နက်/ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများအား အောင်ဇူ နယ်မြေရဲစခန်းသို့အပ်နှံ၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျှက်ရှိသည်။
#PeopleMedia #RakhineState
Share this post