• Follow Us on

Home ARSA အၾကမ္းဖက္အုပ္စုအား ရွင္းလင္းေခ်မႈန္းႏိုင္ေရး ျမန္မာ-ဘဂၤလားေဒ့ရွ္ႏွစ္ႏိုင္ငံနယ္ျခားေစာင့္ တပ္ဖြဲ႕ ၀င္မ်ား အလံတင္အစည္းအေဝးျပဳလုပ္

ARSA အၾကမ္းဖက္အုပ္စုအား ရွင္းလင္းေခ်မႈန္းႏိုင္ေရး ျမန္မာ-ဘဂၤလားေဒ့ရွ္ႏွစ္ႏိုင္ငံနယ္ျခားေစာင့္ တပ္ဖြဲ႕ ၀င္မ်ား အလံတင္အစည္းအေဝးျပဳလုပ္

Share this post

ရန္ကုန္၊ ႏို၀င္ဘာ ၂၆

ARSA အၾကမ္းဖက္အုပ္စုအား ရွင္းလင္းေခ်မႈန္းႏိုင္ေရး ျမန္မာ-ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံနယ္ျခားေစာင့္ တပ္ဖြဲ႕ မ်ား၏ တပ္ရင္းမွဴးအဆင့္ အလံတင္အစည္းအေဝးကို ျမန္မာႏိုင္ငံ၊ ေမာင္ေတာၿမိဳ႕၊ အမွတ္(၁) လူဝင္/ ထြက္စစ္ေဆးေရးစခန္း (POE) တြင္ ၂၀၂၀ ခုႏွစ္၊ ႏိုဝင္ဘာလ ၂၅ ရက္ နံနက္ ၁၁ နာရီခြဲတြင္ ျပဳလုပ္ခဲ့သည္။

အဆိုပါအစည္းအေ၀းတြင္ ႏွစ္ႏိုင္ငံနယ္စပ္ေဒသတည္ၿငိမ္ေအးခ်မ္းေရးအတြက္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ပိုင္နက္ကို အသုံးျပဳတိုက္ခိုက္ေနသည့္ ARSA အၾကမ္းဖက္အုပ္စုအားႏွစ္ႏိုင္ငံနယ္ျခားေစာင့္တပ္ဖြဲ႕မ်ား၏ ပူးေပါင္း ေဆာင္႐ြက္မႈျဖင့္ ရွင္းလင္းေခ်မႈန္းႏိုင္ေရး၊ နယ္စပ္တြင္ ထူးျခားျဖစ္စဥ္ ျဖစ္ေပၚမႈမ်ားႏွင့္ အျပစ္မဲ့ျပည္သူမ်ား ကိုၿခိမ္းေျခာက္ျခင္း၊ မိုင္းခြဲတိုက္ခိုက္ျခင္းတို႔မွ ကာကြယ္တားဆီးႏိုင္ေရးအတြက္ သတင္းအခ်က္အလက္မ်ားကို အခ်ိန္ႏွင့္တစ္ေျပးညီဆက္သြယ္ေပးပို႔ေရးတို႔ကို ေဆြးေႏြးခဲ့ၾကသည္။

ဆက္လက္ၿပီး လက္ရွိဘဂၤလားေဒ့ရွ္ႏိုင္ငံသား ၉ ဦးသည္ ျမန္မာႏိုင္ငံနယ္နိမိတ္အတြင္းသို႔ ငါးဖမ္းစက္ေလွျဖင့္ တရားမဝင္ ဝင္ေရာက္လာမႈကို ႏွစ္ႏိုင္ငံသေဘာတူစာခ်ဳပ္မ်ားႏွင့္အညီ လူသားခ်င္း စာနာေထာက္ထားမႈ၊ အျပစ္မဲ့ျပည္သူမ်ားျဖစ္၍ လူ႔အခြင့္အေရးဆိုင္ရာမ်ားအားေလးစားလိုက္နာေသာအားျဖင့္ စနစ္တက် ျပန္လည္လႊဲေျပာင္းေပးျခင္းျဖစ္ေၾကာင္းမ်ား ေဆြးေႏြးခဲ့ၿပီး ၎တို႔ ၉ ဦးႏွင့္အတူ ဖမ္းဆီးရမိေလွမ်ား/ ပါရွိပစၥည္းမ်ားကိုျပန္လည္လႊဲေျပာင္းေပးအပ္ခဲ့ေၾကာင္း ပါရွိသည္။

ထို႔အျပင္ ARSA အၾကမ္းဖက္အုပ္စုသည္ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္တြင္ အေျချပဳလႈပ္ရွား၍ ျမန္မာ့လုံၿခဳံေရး အဖြဲ႕မ်ားအားအလစ္အငိုက္ ဝင္ေရာက္တိုက္ခိုက္ေနမႈအေျခအေနမ်ား၊ ARSA အၾကမ္းဖက္အုပ္စု၏ မိုင္းေထာင္ေဖာက္ခြဲမႈေၾကာင့္ ႏိုဝင္ဘာလ ၁၇ ရက္ေန႔တြင္ ေမာင္ေတာၿမိဳ႕နယ္၊ လိပ္ရေက်း႐ြာအနီးအရပ္သား ပိုင္ ေမာ္ေတာ္ယာဥ္ ၁ စီးမိုင္းထိ၍ ကေလးငယ္မ်ားအပါအဝင္ အျပစ္မဲ့ျပည္သူ ၃ ဦးေသဆုံးၿပီး ၆ ဦးဒဏ္ရာ ရရွိခဲ့မႈအေျခအေနအား Video Clip ႏွင့္ ဓာတ္ပုံမ်ားျပသ၍ ေဆြးေႏြးခဲ့ၿပီး နယ္စပ္ၿခံစည္း႐ိုးအနီးလာေရာက္ ပစ္ခတ္မႈမ်ား၊ မိုင္းေထာင္သည့္ျဖစ္စဥ္မ်ားႏွင့္ပတ္သက္၍ သတင္းအခ်က္အလက္မ်ားဖလွယ္ ေဆြးေႏြး ခဲ့ၾကသည္။

အလားတူ ဘဂၤလားေဒ့ရွ္ႏိုင္ငံကိုယ္စားလွယ္အဖြဲ႕ေခါင္းေဆာင္မွလည္း ဘဂၤလားေဒ့ရွ္ ႏိုင္ငံသား ၉ ဦးျပန္ လည္လႊဲေျပာင္းေပးမႈကို ေက်းဇူးတင္ရွိေၾကာင္း၊ ၎တို႔ ဘဂၤလားေဒ့ရွ္နယ္ျခားေစာင့္တပ္အေနျဖင့္လည္း နယ္စပ္ေဒသလုံၿခဳံေရးႏွင့္ တည္ၿငိမ္ေအးခ်မ္းေရးတို႔တြင္ အေကာင္းဆုံးပူးေပါင္း ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း၊ အၾကမ္းဖက္သတင္းမ်ားရရွိပါက ဖလွယ္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းႏွင့္ ျမန္မာဘက္မွ ေဆြးေႏြးေျပာၾကားခ်က္မ်ားကို အထက္တာဝန္ရွိသူမ်ားထံ ဆက္လက္တင္ျပမည္ျဖစ္ေၾကာင္း ေတြ႕ဆံု ေဆြးေႏြးစဥ္ေျပာၾကားခဲ့သည္။

အလံတင္အစည္းအေ၀းသို႔ ျမန္မာ-ဘဂၤလားေဒ့ရွ္ နယ္ျခားေစာင့္တပ္ဖြဲ႕မ်ား၏ တပ္ရင္းမွဴးအဆင့္ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕၊ အမွတ္(၄)နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ခြဲမွဴးဒုတိယ ရဲမွဴးႀကီးေဇာ္လင္းေအာင္ဦးေဆာင္ေသာ ကိုယ္စား လွယ္ ၇ ဦးႏွင့္ အမွတ္(၂) ဘဂၤလားေဒ့ရွ္နယ္ျခားေစာင့္တပ္(တကၠနာ့ဖ္)မွ တပ္ရင္းမွဴး Lt.Col. Mohammad Faisal Hasan Khan ဦးေဆာင္ေသာကိုယ္စားလွယ္ ၁၀ ဦးပါဝင္ေသာအဖြဲ႕တို႔ တက္ေရာက္ခဲ့ၾကသည္။

#PeopleMedia #ARSA

(unicode)
ARSA အကြမ်းဖက်အုပ်စုအား ရှင်းလင်းချေမှုန်းနိုင်ရေး မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနယ်ခြားစောင့် တပ်ဖွဲ့ ဝင်များ အလံတင်အစည်းအဝေးပြုလုပ်
……………………………………………………………

ရန်ကုန်၊ နိုဝင်ဘာ ၂၆

ARSA အကြမ်းဖက်အုပ်စုအား ရှင်းလင်းချေမှုန်းနိုင်ရေး မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့် တပ်ဖွဲ့ များ၏ တပ်ရင်းမှူးအဆင့် အလံတင်အစည်းအဝေးကို မြန်မာနိုင်ငံ၊ မောင်တောမြို့၊ အမှတ်(၁) လူဝင်/ ထွက်စစ်ဆေးရေးစခန်း (POE) တွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက် နံနက် ၁၁ နာရီခွဲတွင် ပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပိုင်နက်ကို အသုံးပြုတိုက်ခိုက်နေသည့် ARSA အကြမ်းဖက်အုပ်စုအားနှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များ၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ရှင်းလင်းချေမှုန်းနိုင်ရေး၊ နယ်စပ်တွင် ထူးခြားဖြစ်စဉ် ဖြစ်ပေါ်မှုများနှင့် အပြစ်မဲ့ပြည်သူများ ကိုခြိမ်းခြောက်ခြင်း၊ မိုင်းခွဲတိုက်ခိုက်ခြင်းတို့မှ ကာကွယ်တားဆီးနိုင်ရေးအတွက် သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီဆက်သွယ်ပေးပို့ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ဆက်လက်ပြီး လက်ရှိဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၉ ဦးသည် မြန်မာနိုင်ငံနယ်နိမိတ်အတွင်းသို့ ငါးဖမ်းစက်လှေဖြင့် တရားမဝင် ဝင်ရောက်လာမှုကို နှစ်နိုင်ငံသဘောတူစာချုပ်များနှင့်အညီ လူသားချင်း စာနာထောက်ထားမှု၊ အပြစ်မဲ့ပြည်သူများဖြစ်၍ လူ့အခွင့်အရေးဆိုင်ရာများအားလေးစားလိုက်နာသောအားဖြင့် စနစ်တကျ ပြန်လည်လွှဲပြောင်းပေးခြင်းဖြစ်ကြောင်းများ ဆွေးနွေးခဲ့ပြီး ၎င်းတို့ ၉ ဦးနှင့်အတူ ဖမ်းဆီးရမိလှေများ/ ပါရှိပစ္စည်းများကိုပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ပါရှိသည်။

ထို့အပြင် ARSA အကြမ်းဖက်အုပ်စုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်တွင် အခြေပြုလှုပ်ရှား၍ မြန်မာ့လုံခြုံရေး အဖွဲ့များအားအလစ်အငိုက် ဝင်ရောက်တိုက်ခိုက်နေမှုအခြေအနေများ၊ ARSA အကြမ်းဖက်အုပ်စု၏ မိုင်းထောင်ဖောက်ခွဲမှုကြောင့် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် မောင်တောမြို့နယ်၊ လိပ်ရကျေးရွာအနီးအရပ်သား ပိုင် မော်တော်ယာဉ် ၁ စီးမိုင်းထိ၍ ကလေးငယ်များအပါအဝင် အပြစ်မဲ့ပြည်သူ ၃ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာ ရရှိခဲ့မှုအခြေအနေအား Video Clip နှင့် ဓာတ်ပုံများပြသ၍ ဆွေးနွေးခဲ့ပြီး နယ်စပ်ခြံစည်းရိုးအနီးလာရောက် ပစ်ခတ်မှုများ၊ မိုင်းထောင်သည့်ဖြစ်စဉ်များနှင့်ပတ်သက်၍ သတင်းအချက်အလက်များဖလှယ် ဆွေးနွေး ခဲ့ကြသည်။

အလားတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်မှလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၉ ဦးပြန် လည်လွှဲပြောင်းပေးမှုကို ကျေးဇူးတင်ရှိကြောင်း၊ ၎င်းတို့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်အနေဖြင့်လည်း နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့တွင် အကောင်းဆုံးပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အကြမ်းဖက်သတင်းများရရှိပါက ဖလှယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မြန်မာဘက်မှ ဆွေးနွေးပြောကြားချက်များကို အထက်တာဝန်ရှိသူများထံ ဆက်လက်တင်ပြမည်ဖြစ်ကြောင်း တွေ့ဆုံ ဆွေးနွေးစဉ်ပြောကြားခဲ့သည်။

အလံတင်အစည်းအဝေးသို့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့များ၏ တပ်ရင်းမှူးအဆင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အမှတ်(၄)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှူးဒုတိယ ရဲမှူးကြီးဇော်လင်းအောင်ဦးဆောင်သော ကိုယ်စား လှယ် ၇ ဦးနှင့် အမှတ်(၂) ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်(တက္ကနာ့ဖ်)မှ တပ်ရင်းမှူး Lt.Col. Mohammad Faisal Hasan Khan ဦးဆောင်သောကိုယ်စားလှယ် ၁၀ ဦးပါဝင်သောအဖွဲ့တို့ တက်ရောက်ခဲ့ကြသည်။

#PeopleMedia #ARSA


Share this post