Artemis တာဝေးအသေခံဒရုန်းတွေ ဒီဇိုင်းရေးဆွဲထုတ်လုပ်ဖို့အတွက် ယူကရိန်းကုမ္ပဏီတွေနဲ့ ပူးတွဲ ဆောင်ရွက်နေတဲ့ ကုမ္ပဏီတွေအပါအဝင် အမေရိကန်ကုမ္ပဏီလေးခုကို ပင်တဂွန်စစ်ဌာနချုပ် ရွေးချယ်

PUBLISHED - March 18, 2025
နိုင်ငံတကာ၊ မတ် ၁၈
နာဆာအဖွဲ့ရဲ့ Artemis program အရ တာဝေးအသေခံဒရုန်းတွေ ဒီဇိုင်းရေးဆွဲထုတ်လုပ်ဖို့ အတွက် ယူကရိန်း ကုမ္ပဏီတွေနဲ့ ပူးတွဲဆောင်ရွက်နေတဲ့ ကုမ္ပဏီနှစ်ခုအပါအဝင် အမေရိကန်ကုမ္ပဏီလေးခုကို ပင်တဂွန်စစ်ဌာ နချုပ်ရဲ့ ကာကွယ်ရေးတီထွင်ဆန်းသစ်မှုဌာန (Defense Innovation Unit – DIU) က ရွေးချယ်လိုက်ပါတယ်။
ဒရုန်းစွမ်းဆောင်ရည်နဲ့ ဘေးကင်းလုံခြုံမှုတွေ ဆန်းစစ်လေ့လာဖို့အတွက် Artemis ရှေ့ပြေးဒရုန်းပုံစံ တူတွေထုတ်လုပ် ပေးဖို့အတွက် AeroVironment ၊ Dragoon ၊ Swan နဲ့ Auterion ကုမ္ပဏီလေးခုကို ကန်ထရိုက်လုပ်ငန်းတွေ အပ်နှံ လိုက်ပါတယ်။
Swan နဲ့ Auterion ကုမ္ပဏီနှစ်ခုဟာ အမည်ဖော်ပြမထားတဲ့ ယူကရိန်းဒရုန်းထုတ်လုပ်ရေးကုမ္ပဏီ နှစ်ခုနဲ့ ပူးပေါင်း ဆောင်ရွက်နေတဲ့ ကုမ္ပဏီတွေဖြစ်ပါတယ်။
Artemis program ရဲ့ အဓိကရည်ရွယ်ချက်က သဘာဝ/လူလုပ် ရှုပ်ထွေးလှတဲ့ ရေဒီယိုလျှပ်စစ်လှိုင်းတွေ (electromagnetic-contested environment) ကြားမှာ စစ်ဆင်ရေးတာဝန်တွေ လှည့်ပတ်ထမ်းဆောင်နိုင်တဲ့ ဒရုန်း တွေ ဒီဇိုင်းရေးဆွဲထုတ်လုပ်နိုင်ဖို့ပဲဖြစ်ပါတယ်။
စီမံချက်ထဲမှာရည်ရွယ်ထားတဲ့ ဒရုန်းတွေဟာ အရေအတွက်အများအပြားထုတ်လုပ်ပြီး တပ်ဖြန့်ချထားနိုင်ဖို့ အတွက် အဖိုးနည်းဝန်ပါ အမျိုးအစားတွေဖြစ်ရမယ်လို့ ဆိုပါတယ်။
ကုမ္ပဏီပေါင်း ၁၆၅ ခုက အဆိုပြုလွှာတွေနဲ့အတူ ဝင်ရောက်ယှဉ်ပြိုင်ရာမှာ အဆင့်ဆင့် ယှဉ်ပြိုင်စိစစ်ပြီးနောက် အဆိုပါ ကုမ္ပဏီ ၄ ခုကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
Artemis ပုံစံတူရှေ့ပြေးဒရုန်းတွေကို ၂၀၂၅ ခု ဘဏ္ဍာရေးနှစ်အကုန်လောက်မှာ တင်ပြနိုင်လိမ့်မယ်လို့ ခန့်မှန်းထား ပါတယ်။
Artemis ဒရုန်းတွေဟာ မြေပြင်အခြေစိုက်ပစ်လွှတ်ရမယ့် ဒရုန်းအမျိုးအစားဖြစ်ပြီး ကီလိုမီတာ ၅၀ (၃၁ မိုင်) ကနေ ကီလိုမီတာ ၃၀၀ (၁၈၆ မိုင်) အထိ ပျံသန်းနိုင်တဲ့ ဒရုန်းအမျိုးအစားဖြစ်ရပါမယ်။
ဒရုန်းကို အမြန်လွှတ်တင်နိုင်ပြီး အနိမ့်ပျံသန်းနိုင်ရမယ့်အပြင် လက်နက်အမျိုးမျိုးထည့်သွင်းထားနိုင်ရမှာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် Artemis ဒရုန်းဟာ ရန်သူ့ကြားဖြတ်နှောင့်ယှက်မှု၊ ဆက်သွယ်ရေးနှောင့်ယှက်မှု၊ သတင်းအချက်အလက် လွှဲပြောင်းရေးကန့်သတ်မှုနဲ့ GPS နှောင့်ယှက်မှုတွေကြားမှာ စစ်ဆင်ရေးတာဝန်တွေ ဆက်လက်ထမ်းဆောင်နိုင်တဲ့ ဒရုန်းအမျိုးအစားလည်း ဖြစ်ရမှာဖြစ်ပါတယ်။
တစ်နေ့ထက်တစ်နေ့ မြင့်တက်လာတဲ့ ခြိမ်းခြောက်မှုတွေနဲ့ နည်းပညာဖွံံ့ဖြိုးတိုးတက်မှုတွေကို အမီလိုက်နိုင်ဖို့ အတွက် Artemis ဒရုန်းဟာ စွမ်းဆောင်ရည်နဲ့ ပညာရပ်ဆိုင်ရာ အဆင့်မြှင်တင်မှုတွေ အမြန်ပြုလုပ်နိုင်တဲ့ ဒရုန်းအမျိုးအစားဖြစ် ရမယ်လို့လည်း DIU ဌာနက ပြောပါတယ်။
ကမ္ဘာတစ်ဝန်း အဆင့်တူခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့အတွက် ဘယ်လိုစွမ်းရည်တွေ လိုအပ်မယ်ဆိုတာနဲ့ ပတ်သက် ပြီး တကယ့်စစ်မြေပြင်က လက်ရှိလေ့လာမှုတွေနဲ့ ကာကွယ်ရေးဝန်ကြီးဌာနက အသုံးပြုနေသူ တွေဆီက တုံ့ပြန်မှုတွေကို အခြေခံပြီး Project Artemis ရဲ့ ရည်ရွယ်ချက်တွေကို ရေးဆွဲခဲ့တာဖြစ်ပါတယ်။” လို့ DIU ဌာနက ပြောပါတယ်။
Ref: US Selects Four Firms, Including Ukrainian Partners, for Artemis One-Way Drone Program
#PeopleMedia