• Follow Us on

Home ASEAN Committee in Islamabad(ACI) သံရုံးအကြီးအကဲများ၏ အစည်းအဝေး မြန်မာတက်ရောက်

ASEAN Committee in Islamabad(ACI) သံရုံးအကြီးအကဲများ၏ အစည်းအဝေး မြန်မာတက်ရောက်

Share this post

နေပြည်တော်၊ သြဂုတ် ၄

 

ASEAN Committee in Islamabad (ACI) ဥက္ကဋ္ဌ မလေးရှားသံမတ်ကြီး H.E. Mohammad Azhar Bin Mazian မှ ကြီးမှူး၍ ACI သံရုံးအကြီးအကဲများ၏ ၁/၂၀၂၃ အစည်းအဝေးကို သြဂုတ်လ ၃ ရက်နေ့ နံနက် ၁၁နာရီတွင် အစ္စလာမာဘတ်မြို့ရှိ မလေးရှားသံရုံး၌ ကျင်းပခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

 

အစည်းအဝေးသို့ မလေးရှားသံအမတ်ကြီးနှင့်အတူ ထိုင်းသံအမတ်ကြီး H.E. Mr. Chakkrid Krachaiwong ၊ ဗီယက်နမ်သံအမတ်ကြီး H.E. Mr. Nguyen Tien Phong ၊ ဖိလစ်ပိုင် သံအမတ်ကြီး H.E. Ms. Maria Agnes M. Cervantes ၊ အင်ဒိုနီးရှားသံရုံးယာယီတာဝန်ခံ Mr. Yusran Hadromi ၊ မြန်မာသံရုံးယာယီတာဝန်ခံ ဦး အောင်ကျော်သူရနှင့် ဘရူနိုင်းသံရုံး ယာယီတာဝန်ခံ Mr. Abdul Muddi Osman တို့ တက်ရောက်ခဲ့သည်။

 

အစည်းအဝေးတွင် မလေးရှားသံအမတ်ကြီးမှ အဖွင့်အမှာစကား ပြောကြားပြီးနောက် ACI Working Group အစည်းအဝေး၌ ချမှတ်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှ ဒီဇင်ဘာလအတွင်း ဆောင်ရွက်မည့် အစီအစဉ်များ ကို ပြန်လည်သုံးသပ်ခြင်း၊ ACI Term of Reference ကိစ္စရပ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ထံ အစီရင်ခံ တင်ပြခြင်း၊ ACI အလှည့်ကျဥက္ကဋ္ဌတာဝန် ရွေးချယ်ခြင်းနှင့် လွှဲပြောင်းခြင်း၊ ACI Working Group နှင့် ပါက စ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေးရန်ကိစ္စ၊ ACI အတွက် ရန်ပုံငွေထည့်ဝင်ရန်ကိစ္စ၊ ၈-၈-၂၀၂၃ ရက်တွင် ကျင်းပမည့် အာဆီယံနေ့အခမ်းအနားအတွက် သရုံးအသီးသီးမှ ဆောင်ရွက်ပေးသည့် အစီ အစဉ်များကို Update ပြုလုပ်ခြင်းကိစ္စ၊ Institute of Strategic Studies Islamabad ၌ ASEAN Book Corner မိတ်ဆက်ခြင်း အစီအစဉ်အတွက် ရက်ရွေးချယ်ခြင်းနှင့် အထွေထွေပိုင်းတွင် အာဆီယံ-ပါကစ္စတန် ဆက်ဆံ ရေးနှင့်ပတ်သက်၍ ပညာရေး၊ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး၊ ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအခြေအနေကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

#PeopleMedia


Share this post