ATM စက်ဖောက်ရန်ကြိုးစားခဲ့သူကို မလေးရှားရဲတပ်ဖွဲ့ လိုက်လံရှာဖွေနေ
PUBLISHED - September 23, 2019
မလေးရှားနိုင်ငံမှာ ATM စက်ဖောက်ပြီး ငွေခိုးယူဖို့ ကြိုးစားခဲ့သူတစ်ဦးကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေလျက်ရှိနေပါတယ်။
အခုဖြစ်ရပ်ဟာ ဂျိုဟာပြည်နယ် ဂျိုဟိုဘယ်ရူမြို့က ဘဏ်တစ်ခုအနီးမှာ စက်တင်ဘာ ၂၁ ရက်နေ့ မနက်ပိုင်းအချိန်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
မနက် ၇ နာရီခွဲဝန်းကျင်အချိန်မှာ ပေါက်ကွဲမှုတစ်ခုကြောင့် အချက်ပြသတိပေးသံကြားခဲ့ရပြီး ရဲတွေရောက်ရှိလာချိန်မှာ ATM စက်ဟာ ပျက်စီးနေပြီး အနီးက မှန်တစ်ချက်ကြေမွေ နတာတွေ့ရှိခဲ့ပါတယ်။
ATM စက် ဖောက်ဖို့ကြိုးစားခဲ့သူဟာ စက်ထဲက ငွေတွေကိုတော့ မယူသွားနိုင်ခဲ့ဘူးလို့ သိရပါတယ်။
မှတ်တမ်းရုပ်သံဖိုင်မှာ ATM စက်ဖောက်ဖို့ ကြိုးစားခဲ့သူ တစ်ဦးသာတွေ့ရှိခဲ့ပေမယ့် မလေးရှားရဲတပ်ဖွဲ့က အဖွဲ့လိုက် လုပ်ဆောင်ခဲ့တယ်လို့ သံသယရှိနေပါတယ်။
Ref;CNA