ATOM မှ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ကျပ်သိန်းပေါင်း ၁၀,၀၀၀ လှူဒါန်းမည်
PUBLISHED - September 20, 2024
နေပြည်တော်၊ စက်တင်ဘာ ၂၀
မြန်မာနိုင်ငံအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိသော ဒေသများ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများအတွက် မြန်မာငွေကျပ်သိန်းပေါင်း ၁၀,၀၀၀ လှူဒါန်းသွားမည်ဖြစ်ကြောင်း ATOM မှ ထုတ်ပြန် ထားသည်။
မြန်မာနိုင်ငံအတွင်းရေကြီးရေလျှံမှုများကြောင့် ထိခိုက်ခံစားနေရသည့် လူမှုအသိုင်းအဝိုင်းများကို ထောက်ပံ့ ကူညီရန်အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း ရေကြီးရေလျှံမှုများကြောင့် ထိခိုက်နစ်နာမှုများနှင့်အတူ ရင်ဆိုင်နေရသည့် ကြီးမားသောစိန်ခေါ်မှုများကို ATOM မှ ပြည်သူများအတွက် တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုး ပေးရန် ခိုင်မာစွာဆုံးဖြတ်ထားကြောင်း ထုတ်ပြန်ထားသည်။
စက်တင်ဘာလ၊ ၁၄ ရက်နေ့မှစတင်ပြီး ရေကြီးရေလျှံနေရာဒေသကြီးများမှ ATOM အသုံးပြုသူများ တစ်ဦးနှင့် တစ်ဦးအဆက်အသွယ်မပြတ်ရှိစေရန်နှင့် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ATOM အချင်းချင်း ဖုန်းခေါ်ဆိုခွင့် ၅၀၀ မိနစ်နှင့် စာတိုပေးပို့ခွင့် ၅၀၀ SMS တို့ကို (၅)ရက်တိတိ အသုံးပြုခွင့်ပေးခဲ့ကြောင်း သိရ သည်။
#PeopleMedia