• Follow Us on
Latest News

Home B-21 Raider ကိုယ်ပျောက်ဗုံးကြဲလေယာဉ် အောင်မြင်စွာ ထပ်မံစမ်းသပ်ပျံသန်း

B-21 Raider ကိုယ်ပျောက်ဗုံးကြဲလေယာဉ် အောင်မြင်စွာ ထပ်မံစမ်းသပ်ပျံသန်း

Share this post

နိုင်ငံတကာ၊ မေ ၂၈

 

အမေရိကန်လေတပ်ရဲ့ အနာဂတ်ဂျက်လေယာဉ်ဖြစ်တဲ့ B-21 Raider ကိုယ်ပျောက်ဗုံးကြဲလေယာဉ် နောက် ထပ်စမ်းသပ်ပံျသန်းမှုတစ်ခုကို Northrop Grumman ကုမ္ပဏီက အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါတယ်။

 

စမ်းသပ်မောင်းနှင်ရာမှာ မျှော်လင့်ထားတဲ့အတွင်း စွမ်းဆောင်နိုင်ခဲ့တဲ့အတွက် စီစဉ်ထားတဲ့အတိုင်း အချိန်ကိုက် ဆက်လက်ထုတ်လုပ်နိုင်ဖို့အတွက် လမ်းကြောင်းပေါ် ရောက်နေပြီဖြစ်ကြောင်း မေလ ၂၃ ရက်နေ့မှာ Northrop Grumman ကုမ္ပဏီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

B-21 Raider စမ်းသပ်မောင်းနှင်မှုကို အောင်မြင်စွာဆက်လက်ဆောင်ရွက်နိုင်ခဲ့ကြောင်း အမေရိကန်လေတပ် လက်နက်ဝယ်ယူရေးနဲ့ နည်းပညာအဖွဲ့ လက်ထောက်အတွင်းဝန် အင်ဒရူးဟန်းတားက ပြောပါတယ်။

 

ကနဦးစစ်ဆင်ရေးစွမ်းရည်တွေနဲ့ပတ်သက်လို့ရော လေယာဉ်အစင်းရေ အပြည့်အဝထုတ်လုပ်နိုင်ဖို့ရော B-21 Raider ကို လိုအပ်တဲ့ စမ်းသပ်မှုတွေ ထပ်မံဆောင်ရွက်သွားမှာဖြစ်ပါတယ်။

 

၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ စတင်ထုတ်ဖော်ပြသလိုက်တဲ့ B-21 Raider လေယာဉ်ကို အနာဂတ်ကာလ ခေတ် သစ်စစ်ပွဲရဲ့ အဆင့်အမြင့်ဆုံးခြိမ်းခြောက်မှုတွေကို အနိုင်ယူတိုက်ခိုက်နိုင်ဖို့အတွက် ဒီဇိုင်းရေးဆွဲထုတ်လုပ်ထား တာဖြစ်ပါတယ်။

 

B-21 Raider လေယာဉ်ဟာ သမရိုးကျဗုံးတွေရော နျူကလီးယားလက်နက်တွေပါ ချိတ်ဆွဲသယ်ဆောင်ပြီး ပစ် မှတ်ကို တိုက်ခိုက်နိုင်စွမ်းရှိပါတယ်။

 

B-21 Raider လေယာဉ်မှာပါတဲ့ ကိုယ်ပျောက်စွမ်းရည်နည်းပညာကြောင့် လေယာဉ်ဟာ အနိမ့်ဆုံး ပုံရိပ် ဖျောက်ပျံသန်းနိုင်တဲ့အတွက် ရန်သူ့ရေဒါနဲ့ လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေကို ရှောင်ရှားရာမှာ အထောက်အကူပြုနိုင်တယ်လို့ ဆိုပါတယ်။

 

B-21 Raider လေယာဉ်ဟာ အမေရိကန်လေတပ်က B-1 နဲ့ B-2 ဗုံးကြဲလေယာဉ်တွေကို အစားထိုးသွားမှာဖြစ် ပါတယ်။

 

၂၀၂၇ ခုနှစ်မတိုင်ခင် တာဝန်ထမ်းဆောင်နိုင်မယ်လို့ ခန့်မှန်းထားတဲ့ B-21 Raider လေယာဉ်တွေဟာ အမေရိ ကန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးရည်မှန်းချက်တွေကို အထောက်အကူပြုရာမှာ အဓိကအခန်းကဏ္ဍက တာဝန် ထမ်းဆောင်သွားမှာဖြစ်ပါတယ်။

 

B-21 Raider ကိုယ်ပျောက်ဗုံးကြဲလေယာဉ်ကို စိတ်ဝင်စားနေတဲ့ တရုတ်နိုင်ငံကတော့ ၎င်းတို့အနေနဲ့ အမေရိ ကန်ရဲ့ ခေတ်အမီဆုံးလေယာဉ်တွေကို ပစ်ချနိုင်တဲ့ AI နည်းပညာအခြေပြုလက်နက် ပိုင်ဆိုင်ထားကြောင်း ထုတ်ဖော်ပြောကြားထားပါတယ်။

 

Ref: Northrop Achieves New Milestone for Futuristic B-21 Stealth Bomber

 

#PeopleMedia


Share this post