• Follow Us on

Home B61-12 နျူကလီးယားဗုံးတွေ ဥရောပဒေသမှာ အမေရိကန်တပ်ဖြန့်ချထား

B61-12 နျူကလီးယားဗုံးတွေ ဥရောပဒေသမှာ အမေရိကန်တပ်ဖြန့်ချထား

Share this post

 

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၃

 

မဟာဗျူဟာမြောက်ကာကွယ်ရေးလက်နက်တွေ ထပ်မံဖြည့်တင်းတဲ့အနေနဲ့ ဥရောပဒေသက စစ်စခန်းတွေမှာ အဆင့် မြှင့်တင်ထားတဲ့ B61-12 နျူကလီးယားဗုံးတွေကို အမေရိကန်တပ်မတော်က စတင်တပ်ဖြန့်ချထားလိုက်ပါတယ်။

 

Gravity Bomb လို့ခေါ်တဲ့ အဲဒီနျူကလီးယားဗုံးတွေကို အနှစ် ၂၀ထက်မနည်း သက်တမ်းတိုးမြှင့်ဖို့အတွက် ဒေါ်လာ ၉ ဘီလျံသုံးစွဲအဆင့်မြှင့်တင်ပြီးနောက် အခုလို တပ်ဖြန့်ချထားလိုက်တာဖြစ်ပါတယ်။

 

အခုတပ်ဖြန့်ချထားမှုဟာ အမေရိကန်နိုင်ငံရဲ့ နျူကလီးယားစွမ်းရည်တိုးတက်မှုအပေါ် နေတိုးအဖွဲ့ရဲ့ နားလည်မှု ပိုမိုမြင့် မားလာစေဖို့အတွက် ရည်ရွယ်ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း အမျိုးသားနျူကလီးယားလုံခြုံရေးအဖွဲ့ အကြီးအကဲ ဂျဲဟျူ ဘီက ပြောပါတယ်။

 

အခုလို နျူကလီးယားဗုံးတွေတပ်ဖြန့်ချထားမှုဟာ ဒေသတွင်းမြင့်တက်လာတဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်တုံ့ပြန်ရာမှာ ထောက်ပံ့ရေးကွင်းဆက်ခံနိုင်ရည်ရှိမှု (supply chain resilience = လိုက်လျောညီထွေဖြစ်အောင်ပြင်ဆင်နိုင်ခြင်း၊ ကြို တင်မျှော်လင့်ထားခြင်းနဲ့ ထိခိုက်ပျက်စီးမှုတွေကို အမြန်ဆုံးပြန်လည်ဖြည်ဆည်းဆောင်ရွက်နိုင်ခြင်း) ရရှိအောင် အရေးပါ တဲ့ အပြောင်းအလဲတစ်ရပ်ကို ထပ်ဟပ်ပေါ်လွင်စေတာလည်းဖြစ်တယ်လို့ ဆိုပါတယ်။

 

နျူကလီးယားဗုံးတွေ တင်ပို့ပေးလိုက်တဲ့ဒေသကို အတိအကျထုတ်ဖော်ပြောကြားခြင်းမရှိပေမဲ့ ဗြိတိန်နိုင်ငံမှာရှိတဲ့ လေး ခန်ဟိသ် (Lakenheath) စစ်စခန်းမှာတော့ နည်းဗျူဟာမြောက်နျူကလီးယားလက်နက်တွေအတွက် လက်နက်တိုက် တစ်ခုတည်ဆောက်နေကြောင်း အစောပိုင်းကာလသတင်းတွေမှာ တွေ့ရှိရပါတယ်။

 

၅၀ ကီလိုတန်ထိပ်ဖူးတစ်ခုတပ်ဆင်ထားတဲ့ B61-12 နျူကလီးယားဗုံးဟာ အီနာရှယ်လမ်းညွှန်စနစ်ကိုအသုံးပြုထားတဲ့ အဖျက်စွမ်းအားပြင်းထန်တဲ့ ဗုံးအမျိုးအစားဖြစ်ပါတယ်။

 

B61-12 နျူကလီးယားဗုံးမှာ ပဲ့ထိန်းဒလက်ပါရှိတဲ့အတွက် ပစ်မှတ်နဲ့ ကွာဝေးတဲ့နေရာကနေ ပစ်မှတ်ကိုချိန်ရွယ်ပြီး တိတိ ကျကျ ဗုံးကြဲတိုက်ခိုက်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။

 

တရုတ်၊ ရုရှားနဲ့ မြောက်ကိုရီးယားနိုင်ငံတို့က ၎င်းတို့နျူကလီးယားစီမံချက်တွေမှာ အောင်မြင်မှုတွေ သိသိသာသာ ရရှိ လာတဲ့အတွက် အမေရိကန်နိုင်ငံအနေနဲ့ နျူကလီးယားစိမ်ခေါ်မှုခေတ်သစ်တစ်ခုကို ရင်ဆိုင်နေရစဉ်အတွင်း အခုလို အ ဆင့်မြှင့်တင်ထားတဲ့ နျူကလီးယားဗုံးတွေကို တပ်ဖြန့်ချထားလိုက်တာဖြစ်ပါတယ်။

 

အပြန်အလှန်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်အစိုးရဟာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ Minuteman III တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ပြနိုင်ခဲ့ပါတယ်။

 

“တစ်ချိန်တုန်းက မတွေးတောနိုင်ခဲ့တဲ့ နျူကလီးယားစစ်ပွဲဆိုတဲ့အတွေးဟာ ဆွေးနွေးငြင်းခုန်စရာ အကြောင်းအရာတစ် ခုဖြစ်လာခဲ့ပါပြီ။” လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်က ၂၀၂၂ ခုနှစ်မှာ ပြောကြားခဲ့ပါတယ်။

 

Ref: US Military Deploys Upgraded B61-12 Nuclear Bombs in Europe

 

#PeopleMedia


Share this post