Bank of China မှ ရန်ကုန်တက္ကသိုလ်ကျောင်းသူ/သား အယောက် (၁၀၀) ကို ပညာသင်ထောက်ပံ့ကြေး ချီးမြှင့်
PUBLISHED - February 27, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇
Bank of China မှ ရန်ကုန်တက္ကသိုလ်ကျောင်းသူ/သား အယောက် (၁၀၀) ကို ပညာသင်ထောက်ပံ့ကြေးကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး Ms. Cao Jingမှ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့၌ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
Bank of China ၏ ပညာသင်ထောက်ပံ့ကြေးစီမံကိန်းကို ၂၀၂၂ ခုနှစ်တွင်စတင်ဖော်ဆောင်ခဲ့ပြီး နှစ်စဉ် ရန်ကုန်တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူပေါင်း အယောက် ၁၀၀ ကို ပညာသင်ထောက်ပံ့ကြေး ချီးမြှင့် ပေးကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ထုတ်ပြန်ထားသည်။
ထိုအခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး Ms. Cao Jing က တရုတ်-မြန်မာ ငွေရေး ကြေးရေးအဖွဲ့အစည်းနှင့် ကုမ္ပဏီများသည် ဆက်လက် နက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်၍ မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်မှုနှင့် ပြည်သူ့အကျိုးစီးပွားမြှင့်တင်ရေးတွင် ပိုမိုအရေးပါသည့် အခန်းကဏ္ဍမှပါဝင်ရန် မျှော်လင့်ကြောင်း ၎င်းမှပြောသည်။
ထို့နောက် လူငယ်ကျောင်းသား၊ ကျောင်းသူများသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုတည်ဆောက်ရာတွင် လူ တော်လူချွန်များဖြစ်လာစေရန် ကြိုးပမ်းလေ့လာသင်ယူပြီး တရုတ်-မြန်မာ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး အတွက် အဓိကအားအင်သစ်ဖြစ်လာရန် မျှော်လင့်ကြောင်းပြောကြားခဲ့သည်။
Photo – Credit
#PeopleMedia