• Follow Us on

Home BB gun အပါအဝင် သာမန်ပြည်သူတွေကို သေနတ်ကိုင်ဆောင်ခွင့်မပြုဖို့ ပြည်ထဲရေးဝန်ကြီးစဉ်းစားနေ

BB gun အပါအဝင် သာမန်ပြည်သူတွေကို သေနတ်ကိုင်ဆောင်ခွင့်မပြုဖို့ ပြည်ထဲရေးဝန်ကြီးစဉ်းစားနေ

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၆

 

ထိုင်းနိုင်ငံမှာ အစိုးရအရာရှိတွေကိုသာ သေနတ်ကိုင်ဆောင်ခွင့်ပြုတော့မှာဖြစ်ပြီး သာမန်ပြည်သူတွေကို ဘော စေ့နဲ့ပစ်တဲ့လေသေနတ် (BB gun) အပါအဝင် သေနတ်ကိုင်ဆောင်ခွင့်ပြုမှာမဟုတ်ကြောင်း ဒုတိယဝန်ကြီးချုပ် အနူတင်ချန်းဗီရာကူလ်က ကြာသပတေးနေ့ (အောက်တိုဘာလ ၅ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

အင်္ဂါနေ့က နိုင်ငံခြားသားနှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့တဲ့ ဘန်ကောက်မြို့က သေနတ်ပစ်ခတ်မှုဖြစ်စဉ်အပြီး မှာ ထိုင်းနိုင်ငံမှာပြဋ္ဌာန်းထားတဲ့ သေနတ်ကိုင်ဆောင်ခွင့်ဥပဒေတွေကို ပြန်လည်ဆန်းစစ်ဖို့အတွက် ကြာသပ တေးနေ့ကပ ဒုတိယဝန်ကြီးချုပ်ဦးဆောင်ပြီး အစည်းအဝေးတစ်ရပ်ကျင်းပခဲ့ပါတယ်။

 

အစည်းအဝေးကို ပြည်နယ်အုပ်ချုပ်ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် အတ္ထဆစ်ဆမ်ဖန်းရက်အပါအဝင် ထိပ် တန်းအရာရှိလေးငါးဦးတက်ရောက်ခဲ့ကြပါတယ်။

 

လက်နက်အသုံးပြုမှုနဲ့ပတ်သက်တဲ့ ဥပဒေစည်းမျဉ်းတွေကို ပြန်လည်စစ်ဆေးဖို့ ဘယ်ဥပဒေတွေကို ပြန်လည် ပြင်ဆင်ရမလဲဆိုတာ ၎င်းကိုပြန်လည်သတင်းပို့ဖို့ ညွှန်ကြားရေးမှူးချုပ်အတ္ထဆစ်ကိုတာဝန်ပေးဖို့ ဆုံးဖြတ်လိုက် ကြောင်း ပြည်ထဲရေးဝန်ကြီးလည်းဖြစ်တဲ့ ဒုဝန်ကြီးချုပ်အနူတင်က ပြောပါတယ်။

 

လက်နက်တွေဟာ အန္တရာယ်ရှိပြီး ထိန်းချုပ်ဖို့လိုအပ်တာကြောင့် BB gun နဲ့ ဗလာကျည်သေနတ်တို့လို ကစား စရာသေနတ်မျိုးအပါအဝင် သာမန်ပြည်သူတွေကို လက်နက်ကိုင်ဆောင်ခွင့်ပြုမှာမဟုတ်ဘဲ အစိုးရအရာရှိတွေ ကိုသာ လက်နက်ကိုဆောင် ခွင့်ပြုမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

အသက် ၁၄ နှစ်အရွယ်လူငယ်သေနတ်သမားဟာ ကစားစရာဗလာကျည်သေနတ်ကို ပြန်လည်ပြုပြင်ထားတဲ့ သေနတ်ကို အသုံးပြုခဲ့တာလို့ ဆိုပါတယ်။

 

အဲဒီလူငယ်ဟာ M-16 မောင်းပြန်ရိုင်ဖယ်နဲ့ ကျည်တွေအပါအဝင် တခြားသေနတ်အမျိုးအစားတွေကိုလည်း ပိုင် ဆိုင်ထားကြောင်း ရဲတပ်ဖွဲ့ရဲ့စစ်ဆေးဖော်ထုတ်ချက်အရ သိရပါတယ်။

 

အသက် ၁၈ နှစ် မပြည့်သေးတဲ့ဘယ်သူမဆို သေနတ်ပစ်လေ့ကျင့်ခန်းတွေမှာပါဝ်ဆောင်ရွက်ခွင့်မပြုသင့် ကြောင်း အနူတင်က ပြောပါတယ်။

 

သေနတ်ပစ်လေ့ကျင့်ရေးစခန်းတစ်ခုခုမှာ သေနတ်ကိုင်တွယ်အသုံးပြုနေတဲ့ မည်သည့်ပုဂ္ဂိုလ်မဆို အဲဒီစခန်းမှာ ပဲ သေနတ်ကိုထားခဲ့ရမှာဖြစ်ပြီး စခန်းအပြင်ဘက်ကို ယူဆောင်သွားခွင့်မပြုကြောင်း ၎င်းက ပြောပါတယ်။

 

ထိုင်းနိုင်ငံဟာ အာဆီယံနိုင်ငံတွေထဲမှာ သေနတ်အများဆုံးကိုင်ဆောင်တဲ့နိုင်ငံဖြစ်ပြီး ပြည်သူတွေလက်ထဲမှာရှိ နေတဲ့သေနတ်အလက်ပေါင်း ၁၀.၃ သန်းရှိကြောင်း၊ အဲဒီသေနတ်တွေအနက်က ၄ သန်းဟာ တရားမဝင်လက် နက်တွေဖြစ်ကြောင်း ၂၀၁၇ ခုနှစ်က ဆွစ်ဇာလန်နိုင်ငံကပြုလုပ်ခဲ့တဲ့ လက်နက်ငယ်စစ်တမ်းတစ်ခုမှာ ဖော်ပြ ထားပါတယ်။

 

Ref: Anutin’s tough new policy will not allow public to own even BB guns

 

#PeopleMedia


Share this post