BGF တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရ
PUBLISHED - September 7, 2021
နေပြည်တော်၊ စက်တင်ဘာ – ၇ (People Media)
ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF အဖွဲ့၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးစောချစ်သူသည် ပြီးခဲ့သည့် ရက်ပိုင်းက ကိုဗစ်-၁၉ရောဂါ ကူးစက်ခံထားရကြောင်း BGF အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ကိုဗစ်ဖြစ်လို့ ဆေးကုသနေတယ်လို့ ကြားတယ်။ အတိအကျတော့ မသိဘူး” လို့ ၎င်းက ဆိုသည်။
လက်ရှိ ဗိုလ်မှူးကြီးစောချစ်သူသည် ရွှေကုက္ကိုလ်ရှိ ၎င်း၏နေအိမ်တွင် ဆေးကုသမှုခံယူနေပြီး၊ ၎င်းမှာ တရုတ်နိုင်ငံထုတ် Sinopharm ကာကွယ်ဆေးကို ထိုးထားသည်ဟု ပြောဆိုကြသော်လည်း အတည်ကျ မသိရှိကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။
BGF အဖွဲ့၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးစောချစ်သူသည် မြဝတီမြို့ရှိ ရွှေကုက္ကိုလ်စီမံကိန်းကို တရုတ်နိုင်ငံသားပိုင်ကုမ္ပဏီများနှင့် ပူးပေါင်းအကောင်အထည်ဖော်ရာတွင် အဓိကနေရာက ပါဝင်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။
Photo – Credit
#PeopleMedia #BGF
(unicode)
…………………………………………………………………..
Photo – Credit
#PeopleMedia #BGF