• Follow Us on

Home BGF စီးပြားေရးတာဝန္တာဝန္ခံ(ေဟာင္း)ႏွင့္အေပါင္းအပါမ်ားထံမွျမန္မာေငြစကၠဴ အတုဟု ယူဆရသည့္ တစ္ေသာင္းတန္ အ႐ြက္ သုံးေထာင္ေက်ာ္ဖမ္းဆီးရမိ

BGF စီးပြားေရးတာဝန္တာဝန္ခံ(ေဟာင္း)ႏွင့္အေပါင္းအပါမ်ားထံမွျမန္မာေငြစကၠဴ အတုဟု ယူဆရသည့္ တစ္ေသာင္းတန္ အ႐ြက္ သုံးေထာင္ေက်ာ္ဖမ္းဆီးရမိ

Share this post

မႏၲေလး၊ ဒီဇင္ဘာ – ၂၂

BGF စီးပြားေရးတာဝန္တာဝန္ခံ(ေဟာင္း)ႏွင့္အေပါင္းအပါမ်ားထံမွ ျမန္မာေငြစကၠဴအတုဟု ယူဆရသည့္ တစ္ေသာင္းတန္ အ႐ြက္ သုံးေထာင္ေက်ာ္ဖမ္းဆီးရမိခဲ့သည္။

မႏၲေလးၿမိဳ႕ ရန္ကုန္-မႏၲေလးလမ္းမႀကီးႏွင့္ ကေနာင္မင္းသားႀကီးလမ္းဆုံမီးပြိုင့္ သ တင္းအရ Nissan AD Van အျဖဴေရာင္ ယာဥ္အား ဒီဇင္ဘာ ၂၂ရက္ေန႕နံနက္ပိုင္းက တားဆီး စစ္ေဆးရာ တစ္ေသာင္းတန္အတုဟုယူဆရသည့္ အ႐ြက္၃၉၆၈႐ြက္ကို သိမ္း ဆည္းရမိခဲ့ေၾကာင္း ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ စက္မႈနယ္ေျမရဲစခန္းကသိရသည္။

ယာဥ္ေပၚပါလာသူ ငါးဦးကိုစ စ္ေဆးရာ BGF တပ္မ ၁၀၂၃၊ စီးပြားေရးတာ၀န္ခံ(ဒုဗိုလ္အဆင့္ရွိ ကာ လြန္ခဲ့ေသာႏွစ္လခန့္က တပ္မွထြက္ခဲ့သူ)၊ BGF စီးပြားေရးတာ၀န္ခံ(တပ္ၾကပ္ႀကီးအဆင့္ရွိကာ လြန္ခဲ့ ေသာငါးလခန့္က တပ္မွထြက္ခဲ့သူ)၊ BGF(သတင္းေပး)ႏွင့္ အရပ္သားႏွစ္ဦး စုစုေပါင္း ငါးဦးျဖစ္သည္။

ယခုျဖစ္စဥ္အတြက္ (ပ)၅၅၁/၂၀၁၉၊ ၂၀၁၃ခုႏွစ္ ျမန္မာနိုင္ငံေတာ္ဗဟိုဘဏ္ဥပေဒပုဒ္မ ၁၀၆/၁၀၇ အမႈဖြင့္လွစ္ ထားရွိေၾကာင္းသိရသည္။

ေအာင္ေအာင္

[Unicode]
BGF စီးပွားရေးတာဝန်တာဝန်ခံ(ဟောင်း)နှင့်အပေါင်းအပါများထံမှမြန်မာငွေစက္ကူ အတုဟု ယူဆရသည့် တစ်သောင်းတန် အရွက် သုံးထောင်ကျော်ဖမ်းဆီးရမိ
………………………………………………………………………………………….

မန္တလေး၊ ဒီဇင်ဘာ – ၂၂

BGF စီးပွားရေးတာဝန်တာဝန်ခံ(ဟောင်း)နှင့်အပေါင်းအပါများထံမှ မြန်မာငွေစက္ကူအတုဟု ယူဆရသည့် တစ်သောင်းတန် အရွက် သုံးထောင်ကျော်ဖမ်းဆီးရမိခဲ့သည်။

မန္တလေးမြို့ ရန်ကုန်-မန္တလေးလမ်းမကြီးနှင့် ကနောင်မင်းသားကြီးလမ်းဆုံမီးပွိုင့် သ တင်းအရ Nissan AD Van အဖြူရောင် ယာဉ်အား ဒီဇင်ဘာ ၂၂ရက်နေ့နံနက်ပိုင်းက တားဆီး စစ်ဆေးရာ တစ်သောင်းတန်အတုဟုယူဆရသည့် အရွက်၃၉၆၈ရွက်ကို သိမ်း ဆည်းရမိခဲ့ကြောင်း ပြည်ကြီးတံခွန်မြို့နယ် စက်မှုနယ်မြေရဲစခန်းကသိရသည်။

ယာဉ်ပေါ်ပါလာသူ ငါးဦးကိုစ စ်ဆေးရာ BGF တပ်မ ၁၀၂၃၊ စီးပွားရေးတာ၀န်ခံ(ဒုဗိုလ်အဆင့်ရှိ ကာ လွန်ခဲ့သောနှစ်လခန့်က တပ်မှထွက်ခဲ့သူ)၊ BGF စီးပွားရေးတာ၀န်ခံ(တပ်ကြပ်ကြီးအဆင့်ရှိကာ လွန်ခဲ့ သောငါးလခန့်က တပ်မှထွက်ခဲ့သူ)၊ BGF(သတင်းပေး)နှင့် အရပ်သားနှစ်ဦး စုစုပေါင်း ငါးဦးဖြစ်သည်။

ယခုဖြစ်စဉ်အတွက် (ပ)၅၅၁/၂၀၁၉၊ ၂၀၁၃ခုနှစ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၆/၁၀၇ အမှုဖွင့်လှစ် ထားရှိကြောင်းသိရသည်။

အောင်အောင်

#PeopleMedia #BGF


Share this post