Bince Myanmar shoe ဖိနပ္စက္ရံုေရွ႕တြင္ လုပ္သား ၆၀၀ ခန္႔ ၾသဂုတ္ ၆ ရက္မွ ၇ ရက္ေန႔အထိ ႏွစ္ရက္ ဆက္တိုက္ဆႏၵထုတ္ေဖာ္

PUBLISHED - August 7, 2020
ရန္ကုန္၊ ၾသဂုတ္ ၇
ေတာင္ဒဂံု စက္မူဇုန္ရိွ Bince Myanmar ဖိနပ္စက္ရံုယာယီပိတ္မည့္ရက္မ်ားတြင္ တစ္ရက္လွ်င္ ၄၈၀၀ က်ပ္ေပးရန္စက္ရံုမွအလုပ္သမား ၆၀၀ ခန္႕စက္ရံုေရွ႕၌ ႏွစ္ရက္ဆက္တိုက္ဆႏၵထုတ္ေဖာ္ေတာင္း ဆိုေနေၾကာင္း ယင္းစက္ရံု၀န္ထမ္း ကိုစည္သူေအာင္ကေျပာသည္။
Bince Myanmar စက္ရံုမွာကုန္ၾကမ္းလက္က်န္ေလ်ာ့နည္းလာ၍ မၾကာခင္စက္ရံုအား ၄၅ ရက္ၾကာ ယာယီပိတ္ထားရန္စီစဥ္ေနျခင္းျဖစ္သည္။
ထိုသို႔ယာယီပိတ္မည့္ရက္မ်ားတြင္ တစ္ရက္လွ်င္ ၄၈၀၀ က်ပ္ ရရန္ စက္ရံုလုပ္သားမ်ားက ေတာင္းဆိုထားၿပီး ေတာင္းဆိုမူအေပၚလိုက္ေလ်ာမူမရိွမခ်င္းေန႔စဥ္ဆႏၵထုတ္ေဖာ္သြားမည္ဟု ကိုစည္သူေအာင္ကေျပာသည္။
“အေဆာင္ေနတဲ့သူရွိတယ္၊ နယ္ေ၀းကေနလာလုပ္တဲ့သူရွိတယ္။ သူတို႔အခုေပးမယ့္တစ္ရက္ ၁၉၀၀၊ ၂၀၀၀ က်ပ္က တြက္ၾကည့္ရင္ အေဆာင္ေနတဲ့အခေတာင္မရွိပါဘူး။ စား၀တ္ေနေရးရွိတယ္ နယ္ကလာတဲ့သူေတြဆို အဆင္မေျပတဲ့မိဘေတြကို ျပန္ေပးရတယ္။ သူတို႔ေပးတဲ့လစာနဲ႕ေတာ့လံုး၀မျဖစ္ႏိုင္ပါဘူး။ သူတို႔ေပးတာ ၄၈၀၀ မဟုတ္လို႔ ၄၀၀၀ ဆိုရင္ေတာင္ အလုပ္သမားေတြဘက္ကအဆင္ေျပႏိုင္ေသးတယ္။ အခုသူတို႔ ေပးတာက တစ္ေန႔ ၁၉၀၀ ၊ ၂၀၀၀ ဆိုေတာ့ မိသားစုစား၀တ္ေနေရးေတာင္မရွိပါဘူး” ဟု စက္ရံု၀န္ထမ္း ကိုစည္သူေအာင္ ကေျပာသည္။
ယင္းဖိနပ္စက္ရံုဖက္မွပိတ္ထားသည့္ရက္မ်ားတြင္ အလုပ္သမားတစ္ဦးလွ်င္ တစ္ရက္ ၁၉၀၀ က်ပ္ေပးမည္ဟု မည့္အေပၚ လက္မခံ၍ဆႏၵထုတ္ေဖာ္ရေၾကာင္း စက္ရံု၀န္ထမ္းမ်ားကေျပာသည္။
အဆိုပါ Bince Myamar Shoe ဖိနပ္စက္ရံုမွာ ႏိုင္ငံျခားသားပိုင္ျဖစ္ကာ အလုပ္သမား ၈၀၀ ေက်ာ္ျဖင့္ လည္ပတ္ေနျခင္းျဖစ္သည္ဟု စက္ရံု၀န္ထမ္းမ်ားကေျပာသည္။
(unicode)
Bince Myanmar shoe ဖိနပ်စက်ရုံရှေ့တွင် လုပ်သား ၆၀၀ ခန့် ဩဂုတ် ၆ ရက်မှ ၇ ရက်နေ့အထိ နှစ်ရက် ဆက်တိုက်ဆန္ဒထုတ်ဖော်
……………………………………………………
ရန်ကုန်၊ ဩဂုတ် ၇
တောင်ဒဂုံ စက်မူဇုန်ရှိ Bince Myanmar ဖိနပ်စက်ရုံယာယီပိတ်မည့်ရက်များတွင် တစ်ရက်လျှင် ၄၈၀၀ ကျပ်ပေးရန်စက်ရုံမှအလုပ်သမား ၆၀၀ ခန့်စက်ရုံရှေ့၌ နှစ်ရက်ဆက်တိုက်ဆန္ဒထုတ်ဖော်တောင်း ဆိုနေကြောင်း ယင်းစက်ရုံဝန်ထမ်း ကိုစည်သူအောင်ကပြောသည်။
Bince Myanmar စက်ရုံမှာကုန်ကြမ်းလက်ကျန်လျော့နည်းလာ၍ မကြာခင်စက်ရုံအား ၄၅ ရက်ကြာ ယာယီပိတ်ထားရန်စီစဉ်နေခြင်းဖြစ်သည်။
ထိုသို့ယာယီပိတ်မည့်ရက်များတွင် တစ်ရက်လျှင် ၄၈၀၀ ကျပ် ရရန် စက်ရုံလုပ်သားများက တောင်းဆိုထားပြီး တောင်းဆိုမူအပေါ်လိုက်လျောမူမရှိမချင်းနေ့စဉ်ဆန္ဒထုတ်ဖော်သွားမည်ဟု ကိုစည်သူအောင်ကပြောသည်။
“အဆောင်နေတဲ့သူရှိတယ်၊ နယ်ဝေးကနေလာလုပ်တဲ့သူရှိတယ်။ သူတို့အခုပေးမယ့်တစ်ရက် ၁၉၀၀၊ ၂၀၀၀ ကျပ်က တွက်ကြည့်ရင် အဆောင်နေတဲ့အခတောင်မရှိပါဘူး။ စားဝတ်နေရေးရှိတယ် နယ်ကလာတဲ့သူတွေဆို အဆင်မပြေတဲ့မိဘတွေကို ပြန်ပေးရတယ်။ သူတို့ပေးတဲ့လစာနဲ့တော့လုံးဝမဖြစ်နိုင်ပါဘူး။ သူတို့ပေးတာ ၄၈၀၀ မဟုတ်လို့ ၄၀၀၀ ဆိုရင်တောင် အလုပ်သမားတွေဘက်ကအဆင်ပြေနိုင်သေးတယ်။ အခုသူတို့ ပေးတာက တစ်နေ့ ၁၉၀၀ ၊ ၂၀၀၀ ဆိုတော့ မိသားစုစားဝတ်နေရေးတောင်မရှိပါဘူး” ဟု စက်ရုံဝန်ထမ်း ကိုစည်သူအောင် ကပြောသည်။
ယင်းဖိနပ်စက်ရုံဖက်မှပိတ်ထားသည့်ရက်များတွင် အလုပ်သမားတစ်ဦးလျှင် တစ်ရက် ၁၉၀၀ ကျပ်ပေးမည်ဟု မည့်အပေါ် လက်မခံ၍ဆန္ဒထုတ်ဖော်ရကြောင်း စက်ရုံဝန်ထမ်းများကပြောသည်။
အဆိုပါ Bince Myamar Shoe ဖိနပ်စက်ရုံမှာ နိုင်ငံခြားသားပိုင်ဖြစ်ကာ အလုပ်သမား ၈၀၀ ကျော်ဖြင့် လည်ပတ်နေခြင်းဖြစ်သည်ဟု စက်ရုံဝန်ထမ်းများကပြောသည်။