• Follow Us on

Home Black Hawk ရဟတ်ယာဉ်ပျက်ကျ၍ အမေရိကန် စစ်သား ၃ ဦးသေဆုံး


Share this post







Ref; www.presstv.com

#PeopleMedia #International

(Unicode)
Black Hawk ရဟတ်ယာဉ်ပျက်ကျ၍ အမေရိကန် စစ်သား ၃ ဦးသေဆုံး
………………………………………………………

အမေရိကန်ပြည်ထောင်စု မင်နီဆိုတာပြည်နယ်မှာ Black Hawk ရဟတ်ယာဉ်တစ်စီး ကြာသပတေးနေ့က ပျက်ကျခဲ့ပြီး ရဟတ်ယာဉ်ပေါ်လိုက်ပါလာတဲ့ စစ်သား ၃ ဦးသေဆုံးခဲ့ပါတယ်။

အဆိုပါရဟတ်ယာဉ်ဟာ လယ်ကွင်းတစ်ခုထဲကို ပျက်ကျသွားခဲ့တာဖြစ်ပါတယ်။

သေဆုံးခဲ့တဲ့ စစ်သည်တွေကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

မတော်တဆမှုဟာ ဒေသစံတော်ချိန် နေ့လည် ၂ နာရီလောက်မှာဖြစ်ပွားခဲ့တာပါ။

ရဟတ်ယာဉ်ပျက်ကျခဲ့တဲ့နေရာကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက အချိန်အတော်ကြာရှာဖွေခဲ့ရပါတယ်။

ရဟတ်ယာဉ်ပျက်ကျရတဲ့အကြောင်းကို သက်ဆိုင်ရာက စုံစမ်းစစ်ဆေးလျက်ရှိနေပါတယ်။

Ref; www.presstv.com


Share this post