• Follow Us on
Latest News

Home BNP ခေါင်းဆောင်တွေ သိုဝှက်ထားတဲ့ငွေကြေးတွေကို ပြန်ယူဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရ ကြိုးပမ်းနေကြောင်း ဟာဆီနာပြော

BNP ခေါင်းဆောင်တွေ သိုဝှက်ထားတဲ့ငွေကြေးတွေကို ပြန်ယူဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရ ကြိုးပမ်းနေကြောင်း ဟာဆီနာပြော

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၂၀

 

BNP ပါတီခေါင်းဆောင်တွေ နိုင်ငံခြားတိုင်းပြည်တွေမှာ သိုဝှက်ထားတဲ့ငွေတွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက ပြန် လည်ရယူဖို့ကြိုးပမ်းနေကြောင်း ဝန်ကြီးချုပ်ရှိတ်ဟာဆီနာက ဇူလိုင်လ ၁၉ ရက်နေ့ (ဗုဒ္ဓဟူးနေ့) က ပြောကြား လိုက်ပါတယ်။

 

“BNP ပါတီခေါင်းဆောင်အများအပြားရဲ့ ငွေတွေကို နိုင်ငံခြားတိုင်းပြည်တွေက ဘဏ်တွေမှာ ထုတ်ယူခွင့်ပိတ် ပင်ခံထားရဆဲဖြစ်ပါတယ်။ အဲဒီငွေတွေ ပြန်လည်ထုတ်ယူလို့ရအောင် ကျွန်မတို့ တဖြည်းဖြည်းချင်းဆောင်ရွက် နေပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ဗုဒ္ဓဟူးနေ့ညနေပိုင်းက ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်နေအိမ် ဂန်နားဘာဘန်အိမ်တော်မှာကျင်းပတဲ့ အဝါမီအဖွဲ့ချုပ် AL ပါတီဦးဆောင်တဲ့ ၁၄ ပါတီညွန့်ပေါင်းအစည်းအဝေးမှာ AL ပါတီရဲ့ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဝန်ကြီးချုပ်ဟာဆီနာ က မိန့်ခွန်းပြောကြားခဲ့ပါတယ်။

 

လမ်းဆောက်လုပ်ရေးကဏ္ဍမှာ အဂတိလိုက်စားခဲ့တဲ့အတွက် BNP အစိုးရလက်ထက်မှာ ကမ္ဘာ့ဘဏ်က ဘင်္ဂလားဒေ့ရှ်အစိုးရကို ငွေကြေးထောက်ပံ့တာတွေ ရပ်ဆိုင်းခဲ့ကြောင်း BNP ပါတီခေါင်းဆောင် ခါလီဒါဇီယာရဲ့ မိသားစုကို ရည်ညွှန်းပြီး ဟာဆီနာက ပြောပါတယ်။

 

ငွေကြေးခဝါချမှုဖြစ်စဉ်တစ်ခုမှာ နိုင်ငံခြားသားတွေနဲ့ FBI ထောက်လှမ်းရေးတစ်ဦးက တာရိရာမန်နဲ့ပတ်သက်ပြီး ထွက်ဆိုမှုမလုပ်ခင်မှာတောင် ခါလီဒါဇီယာရဲ့သားနှစ်ဦးဖြစ်သူ တာရိရာမန်နဲ့ အေရာဖက်ရာမန်ကိုကိုတို့ ကျူး လွန်ခဲ့တဲ့ အဂတိလိုက်စားမှုကို ထုတ်ဖော်နိုင်ခဲ့ကြောင်း ၎င်းက ပြောပါတယ်။

 

အစိုးရအနေနဲ့ တာရိရာမန်နဲ့ အေရာဖက်ရာမန်ကိုကိုတို့ နိုင်ငံခြားမှာ ငွေမည်းခဝါချထားတဲ့ ငွေကြေးတွေထဲက တာကာငွေ ၄၀ ခရော (တာကာငွေ သန်း ၄၀၀) ကို ပြန်လည်ရယူနိုင်တယ်လို့ ၎င်းက ပြောပါတယ်။

 

“ဒါပေမဲ့ ပြဿနာက သူတို့ နိုင်ငံခြားဘဏ်တွေမှာအပ်နှံထားတဲ့ ငွေတွေကို ပြန်ယူရမှာက ခက်ခဲတဲ့ကိစ္စတစ်ရပ် ပဲဖြစ်ပါတယ်။ အဲဒီတိုင်းပြည်တွေက အဲဒီငွေတွေကို ပြန်မထုတ်ပေးချင်ကြပါဘူး။” လို့ ၎င်းက ပြောပါတယ်။

 

လက်ရှိ၎င်းအစိုးရရဲ့အောင်မြင်မှုကို ပြောကြားခဲ့အခါ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ၎င်းအစိုးရအုပ်ချုပ်ခဲ့တဲ့ကာ လအတွင်း ၂၀၀၉ ခုနှစ်ကတည်းကစပြီး ကဏ္ဍတိုင်းမှာ တိုးတက်အောင်မြင်မှုတွေ သိသိသာသာ ရရှိလာခဲ့ ကြောင်း ဟာဆီနာက ပြောပါတယ်။

 

“အနည်းဆုံး ကျွန်မတို့ပြောနိုင်တာကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ လွန်ခဲ့တဲ့ ၁၄ နှစ်ခွဲအတွင်းမှာ အကြီးအ ကျယ်ပြောင်းလဲခဲ့ပြီဆိုတာပါပဲ။ ရှင်တို့လည်း အောင်မြင်မှုတွေရရှိနိုင်ခဲ့တာပါပဲ။” လို့ ၎င်းက ပြောပါတယ်။

 

ဟာဆီနာက ၎င်းတို့အစိုးရဟာ ၂၀၀၆ ခုနှစ်မှာ ဆင်းရဲမွဲတေမှုရာခိုင်နှုန်း ၄၁% ရှိတဲ့အနက် လက်ရှိအချိန်မှာ ၁၈.၆% ပဲရှိတဲ့အထိ အောင်မြင်စွာ လျှော့ချနိုင်ခဲ့ကြောင်း ပြောပါတယ်။

 

AL အစိုးရဟာ ကောက်ပဲသီးနှံ၊ အသားငါးနဲ့ ဟင်းသီးဟင်းရွက်ထုတ်လုပ်ရေးကို မြှင့်တင်နိုင်ခဲ့ပြီး မိသားစု ၆၀၀,၀၀၀ အတွက် semi-pucca အိမ်ရာ (မြေစိုက်တိုက်အိမ်) တွေထောက်ပံ့နိုင်ခဲ့သလို လျှပ်စစ်စွမ်းအားမြှင့် တင်ပြီး အိမ်တိုင်းလျှပ်စစ်မီးရအောင် စွမ်းဆောင်နိုင်ခဲ့ကြောင်း ၎င်းက ပြောပါတယ်။

 

၁၄ နှစ်ခွဲအတွင်းမှာ ၎င်းတို့အစိုးရဟာ လျှပ်စစ်စွမ်းအား ၂၅၀၀၀ မီဂါဝပ်ရအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ နိုင်ငံတွင်း ဆန်ရေစပါးနဲ့ တခြားကောက်ပဲသီးနှံတွေလည်း ပြတ်လပ်မှုမရှိခဲ့ကြောင်း ၎င်းကပြောပါတယ်။

 

အလုပ်အကိုင်အခွင့်အလမ်းနဲ့ပတ်သက်လို့ အထူးစီးပွားရေးဇုံ ၁၀၀ တည်ထောင်လျက်ရှိရာ နိုင်ငံတွင်းအလုပ် လက်မဲဦးရေ ၃ ရာခိုင်နှုန်းလျော့ကျခဲ့ကြောင်း ၎င်းက ပြောပါတယ်။

 

Ref: PM Hasina: Efforts on to bring home money laundered by BNP leaders

 

#PeopleMedia


Share this post