Brexit နှင့်ပတ်သက်ပြီး ငြင်းခုန်မူပြုလုပ်နေသည့် လွှတ်တော်အတွင်း ရာသီဥတုအရေးလူပ်ရှားသူများက အ၀တ်ဗလာများဖြင့် ဆန္ဒပြ

PUBLISHED - April 4, 2019
ဧပြီ ၁ရက်က အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တွင် Brexit နှင့် ပတ်သက်သည့် ငြင်းခုန်မူပြုလုပ်နေသည့် လွှတ်တော်အတွင်းဝင်ရောက်ကာ ရာသီဥတုအရေး လူပ်ရှားသူများက ကိုယ်တစ်ပိုင်းဗလာများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ ကြောင်းGuardian သတင်းတွင်ရေးသားဖော်ပြထားသည်။
ရာသီဥတုအရေးလူပ်ရှားသူ ၁၂ ဦးသည် အောက်လွှတ်တော်ရှိ လွှတ်တော်အမတ်များ ဆွေးနွေးငြင်းခုန်မူကို အများပြည်သူကြည့်ရူရန် စီစဉ်ထားသည့် မှန်လုံခန်းအတွင်းမှ ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။ ဆန္ဒဖော်ထုတ်မူ ကို မိနစ် ၂၀ ခန့် ပြုလုပ်ခဲ့ပြီး ရာသီဥတုအရေးနှင့် ပတ်သက်ပြီးတောင်းဆိုမူပြုလုပ်ခဲ့သည်။
ဆန္ဒဖော်ထုတ်သူများကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး အများနှင့် သက်ဆိုင်သည့်နေရာတွင် သင့်တော်တော် ယဉ်ကျေးမူမရှိခြင်းဆိုင်ရာ ဥပဒေဖြင့် စွဲချက်တင်ထားသည်။
https://www.facebook.com/303185163868226/videos/656609474775361/