• Follow Us on
Latest News

Home C-5M လေယာဉ်အစား C-17A နှင့် C-130 လေယာဉ်များကို အမေရိကန်လေတပ်အသုံးပြုခဲ့

C-5M လေယာဉ်အစား C-17A နှင့် C-130 လေယာဉ်များကို အမေရိကန်လေတပ်အသုံးပြုခဲ့

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၃ (People Media)

 

အမေရိကန်လေတပ်တွင် C-5M စစ်ဘက်ဆိုင်ရာသယ်ယူပို့ဆောင်ရေးလေယာဉ်မှာ အကြီးဆုံးလေယာဉ်ဖြစ် သော်လည်း အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူးမြို့တွင်ဆောင်ရွက်ခဲ့သော ဘေးကင်းလုံခြုံရာသယ်ယူပို့ဆောင်ရေး အစီအစဉ်တွင် အမေရိကန်လေတပ်သည်  လော့ခ်ဟိမာတင်ထုတ် C-5M လေယာဉ်အစား ဘိုင်းရင်းထုတ် C-17A Globemaster III နှင့် လေ့ာခ်ဟိမာတင်ထုတ် C-130 Hercules လေယာဉ်များကို အသုံးပြုခဲ့သည်။

 

လေကြောင်းဖြင့် ဘေးကင်းရာသို့ရွှေ့ပြောင်းပြီး ယာယီကြားစခန်းများသို့ပို့ဆောင်ရာတွင် C-17A လေယာဉ်များ နှင့် C-130 လေယာဉ်များကိုအသုံးပြုခဲ့ကြောင်း အမေရိကန်လေတပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးဟုတ်ခရိုနင်က ပြောသည်။ လေကြောင်းသယ်ယူပို့ဆောင်ရေးဌာနချုပ်က ကဘူးမြို့ရှိ ဟာမစ်ကာဇိုင်းလေဆိပ်တွင် C-17A လေ ယာဉ်တစ်စင်းကို အကြမ်းဖျဉ်းခရီးသည် ၄၀၀ တင်ဆောင်သည်ကို ပိုမိုသဘောကျကြောင်း သူမကပြော သည်။

 

သို့သော် ဟာမစ်ကာဇိုင်းလေဆိပ်မှထွက်ခွာရာတွင် ခရီးသည်များများတင်ဆောင်နိုင်ရေးကိုသာ ဦးစားပေး ဆောင်ရွက်ခဲ့ကြောင်း သူမကပြောသည်။

 

ယာယီကြားစခန်းများမှ အမေရိကန်ပြည်ထောင်စုသို့ သယ်ယူပို့ဆောင်ရာတွင်မူ လတ်တလောကာလ ပြေးဆွဲ နေသည့် ပြည်တွင်းအရန်လေကြောင်းမှ လေယာဉ်များနှင့်အတူ McDonnell Douglas KC-10A လေယာဉ်နှင့် C-5M လေယာဉ်များကို အသုံးပြုခဲ့ကြောင်းသိရသည်။

 

အမေရိကန်လေတပ်အနေဖြင့် ဘိုင်းရင်း KC-135 ကုန်တင်လေယာဉ်နှင့် KC-46A သယ်ယူပို့ဆောင်ရေးလေ ယာဉ်များကိုလည်းအသုံးပြုခဲ့ကြောင်း ဗိုလ်မှူးဟုတ်ခရိုနင်က ပြောသည်။

 

Ref: US Air Force chooses C-17A, C-130 instead of C-5M for Kabul evacuation

 

#PeopleMedia

 

(unicode)


………………………………………………………………

 


 


 


 


 


 


 

Ref: US Air Force chooses C-17A, C-130 instead of C-5M for Kabul evacuation

 

#PeopleMedia


Share this post