• Follow Us on

Home C of I လျှောက်ထားခြင်းများကို မတ် ၁၈ ရက်မှစတင်၍ QR Code ရက်ချိန်းရယူသည့်စနစ်ဖြင့် ပြောင်းလဲ ဆောင်ရွက်မည်

C of I လျှောက်ထားခြင်းများကို မတ် ၁၈ ရက်မှစတင်၍ QR Code ရက်ချိန်းရယူသည့်စနစ်ဖြင့် ပြောင်းလဲ ဆောင်ရွက်မည်

Share this post

နေပြည်တော်၊ မတ် ၁၂

 

မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity) လျှောက်ထားခြင်းများကို မတ်လ ၁၈ ရက်မှစတင်၍ www.mekl.org တွင် QR Code ရက်ချိန်းရယူသည့်စနစ်ဖြင့် ပြောင်းလဲဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ကွာလာလမ်ပူမြို့ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။

 

ကွာလာလမ်ပူမြို့ မြန်မာသံရုံးသည် မြန်မာနိုင်ငံသားများအတွက် သာမန်မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်း တိုး၊ ပျောက်ဆုံး၊ အသစ်လျှောက်ထားခြင်း၊ အသစ်ထုတ်ပေးခြင်းကိစ္စရပ်များကို Online မှ QR Code ရက်ချိန်း ရယူသည့်စနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

 

ယခုအခါတွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် C of I လာရောက်လျှောက်ထားကြသည့် မြန်မာနိုင်ငံသားများအား C of Iအခမဲ့ နေ့ချင်းပြီး ထုတ်ပေးနိုင်ရေး လိုအပ်သည့် စိစစ်မှုလုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရန်နှင့် ရုံးလုပ်ငန်းကိစ္စရပ်များ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် C of I လျှောက်ထားခြင်း များကို မတ်လ ၁၈ရက်မှစတင်၍ www.mekl.orgတွင် QR Codeရက်ချိန်းရယူသည့်စနစ်ဖြင့် ပြောင်းလဲဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

 

C of Iလျှောက်ထားသူများသည် www.mekl.orgတွင် အချက်အလက်များ မှန်ကုန်စွာ ဖြည့်သွင်းရမည်ဖြစ်ပြီး၊ ဆောင်ရွက်လိုသည့် ဝန်ဆောင်မှု ရွေးချယ်ရာတွင် Certificate of Identityလျှောက်ထားခြင်းကို ရွေးချယ်ရ မည်ဖြစ်ကြောင်း၊ မြန်မာသံရုံးကို လာရောက်ရမည့် နေ့ရက်ကို လျှောက်ထားသူများ၏ Email သို့ ပြန်လည် အကြောင်းကြားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

မြန်မာနိုင်ငံသားများအနေဖြင့် ကောင်စစ်ဝန်ဆောင်မှုကိစ္စများနှင့် ပတ်သက်၍ စုံစမ်းမေးမြန်းလိုပါက မြန်မာ သံရုံးး၏ WhatsApp no. +60 11 2510 5774သို့ စာဖြင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

 

#PeopleMedia


Share this post