CB Bank မှ တိုကင်ကြိုတင်ရယူရန်မလိုဘဲ ငွေသားထုတ်နိုင်ရန် ဘဏ်ခွဲအချို့၌ စတင်ဝန်ဆောင်မှုပေးမည်

PUBLISHED - December 1, 2021
ရန်ကုန်၊ ဒီဇင်ဘာလ ၁ (People Media)
CB Bank မှ တိုကင်ကြိုတင်ရယူရန်မလိုဘဲ ငွေသားထုတ်နိုင်ရန် ဘဏ်ခွဲအချို့၌ စတင်ဝန်ဆောင်မှုပေးမည် ဖြစ်ကြောင်း CB Bank မှ ထုတ်ပြန်ထားသည်။
CB Bank Customer များအနေဖြင့် Old Account များမှ ငွေသားထုတ်ယူရာတွင် ပိုမိုအဆင်ပြေချောမွေ့စေ ရန်အတွက် တိုကင်ကြိုတင်ရယူရန် မလိုအပ်ဘဲ ငွေသားထုတ်ယူနိုင်ရန် နယ်ဘဏ်ခွဲအချို့၌ စတင်ဝန်ဆောင်မှု ပေးမည်ဖြစ်သလို ဘဏ်ခွဲများ ဆက်လက်တိုးချဲ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
တိုကင်ကြိုတင်ရယူရန်မလိုဘဲ ငွေသားထုတ်နိုင်သည့် ဘဏ်ခွဲများမှာ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ညောင်တုန်းဘဏ်ခွဲ၊ ဓနုဖြူဘဏ်ခွဲ၊ ကျုံပျော်ဘဏ်ခွဲ၊ ငသိုင်းချောင်းဘဏ်ခွဲ၊ ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်ဖြူဘဏ်ခွဲ၊ တောင်ကုတ်ဘဏ်ခွဲနှင့် ဂွဘဏ်ခွဲတို့ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် ဖော်ပြပါ ဘဏ်ခွဲများတွင် Individual Account ဖွင့်လှစ်ထားသော လူကြီးမင်းတို့သည် အဆိုပါ ဘဏ်ခွဲများတွင် တိုကင်မလိုဘဲ သတ်မှတ်ပမာဏအတိုင်း လွယ်ကူစွာ ငွေထုတ်ယူနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် အခြားဘဏ်ခွဲများတွင် တိုကင်ကြိုတင်ရယူ၍ ငွေသားထုတ်ယူခြင်းကိုလည်း ပုံမှန်အတိုင်း ဆက် လက်ဝန်ဆောင်မှုပေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
#PeopleMedia #CBBank
(unicode)
………………………………………………………
#PeopleMedia #CBBank