• Follow Us on

Home CDF-Hakha အဖွဲ့မှ ဖမ်းဆီးထားသည့် ကက်သလစ်ဘုန်းတော်ကြီးနှင့် ဓမ္မဆရာတို့ ပြန်လွတ်လာ

CDF-Hakha အဖွဲ့မှ ဖမ်းဆီးထားသည့် ကက်သလစ်ဘုန်းတော်ကြီးနှင့် ဓမ္မဆရာတို့ ပြန်လွတ်လာ

Share this post

ချင်း၊ သြဂုတ် ၅ (People Media)

 

န-စ-က နှင့် အဆက်အသွယ်ရှိကြောင့်ဟူ၍ CDF-Hakha အဖွဲ့ ဖမ်းဆီးခံထားသည့် ဟားခါးမြို့နယ် ဆူရ်ခွားမြို့က ကက်သလစ်ဘုန်းတော်ကြီး Fr.Noel Hrang Tin Thang နှင့် ဓမ္မဆရာ Clement တို့ ယနေ့မနက်က ပြန်လည်လွတ်မြောက်ပြီဖြစ်ကြောင်း ၎င်းတို့နှစ်ဦးနှင့် နီးစပ်သူများထံမှ သိရသည်။

 

CDF-Hakha အဖွဲ့မှ န-စ-က နှင့် အဆက်အသွယ်ရှိခြင်းကြောင့်ဟုဆိုကာ ဇူလိုင်လ ၂၆ ရက်နေ့တွင် ဆူရ်ခွား မြို့ ဘုန်းတော်ကြီးနှင့် ဓမ္မဆရာတို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး၊ ယခုလို ပြန်လွတ်ရန်အတွက် CDF-Hakha အဖွဲ့မှ န-စ-ကနှင့် ဆက်သွယ်မလုပ်ရန်၊ ဆူရ်ခွားမြို့မှ ဟားခါးမြို့သို့ ပြောင်းရွှေ့ရန် စသည့်တို့ အပါအဝင် အချက်အလက်တစ်ချို့ကို သဘောတူမှုပြုလုပ်ခဲ့ရကြောင်း သိရသည်။

 

Fr. Noel Hrang Tin Thang ဖမ်းဆီးရခြင်းမှာ (က) ဆုရ်ခွါးမြို့မှ စစ်ကောင်စီတပ်မှ ခြေကုတ်ယူရန် နည်း မျိုးစုံဖြင့် ကြိုးပမ်းအားထုတ်မှုကို  Fr. Joel Hrang Tin Thang က ဆက်သွယ်ကူညီပံ့ပိုးပေးနေခြင်း၊ (ခ) Rev. Fr. Noel Hrang Tin Thang သည် စစ်ကောင်စီ၏ Tender ကို ဘုန်းကြီးကိုယ်တိုင် Seng Thang company ထောင်ပြီး Managing Director ရာထူးအနေဖြင့် စစ်ကောင်စီလုပ်ငန်းများ ဆောင်ရွက်နေခြင်း၊ (ဂ) ဟားခါးမှ CDF- Hakha Battalion 2 (Senthang Area) အတွင်း ကျုးကျော်ဝင်ရောက်လာသော ခလရ-၃၀၅ (ကသာ) စစ်ကောင်စီတပ်(၅၇)ဦးကို ၂၀၂၁ခုနှစ်၊ ဇူလိုင် (၁)ရက်နေ့ ဆူရ်ခွါးမြို့တွင် Rev. Fr. Noel Hrang Tin Thang မှ ကြိုဆိုခဲ့ခြင်း၊ (ဃ) စစ်ကောင်စီတပ်မှ နယ်မြေစိုးမိုးမှုဖြင့် ပေးအပ်သော ဆေးဝါးပစ္စည်းများကို ဇူလိုင်လ ပထမအပတ်တွင် ထုတ်ယူရုံသာမက နီးစပ်ရာရွာများကို အကြမ်းဖက်စစ်တပ်မှ ဆေးဝါးထောက်ပံ့များယူကြရန် သွေးဆောင်စည်းရုံးပေးခြင်းနှင့် (င) CDF-Hakha၏ မဟုတ်မမှန်သော လုပ်ကြံသတင်းများကို သက်ဆိုင်ရာ လူကြီးထံသို့ သတင်းပေးခြင်း စသည်တို့ကြောင့် ဖမ်းဆီးထားခြင်းဖြစ်ကြောင်း CDF-Hakhaအဖွဲ့မှ သြဂုတ်လ ၃ရက်နေ့တွင် ထုတ်ပြန်ထားသည်။

 

CDF-Hakha အဖွဲ့မှ ဆူရ်ခွားမြို့၊ ဘုန်းတော်ကြီးနှင့် ဓမ္မဆရာတို့ကို ဖမ်းဆီးထားမှုနှင့် ပက်သက်ပြီးလည်း ဟားခါးသာသနာဆရာတော်ကြီးမှ အမြန်ဆုံး ပြန်လွှတ်ပေးရန် သြဂုတ် ၁ ရက်နေ့တွင် တောင်းဆိုခဲ့သည်။

 

#PeopleMedia #ဟားခါး #CDF

 

(unicode)


…………………………………………………………

 


 


 


 


 


 



Share this post