• Follow Us on

Home CDM လုပ်ထားတဲ့ မြန်မာသံအမတ်ဟောင်းကို ဗြိတိန်ရဲတွေ စစ်ဆေးနေ

CDM လုပ်ထားတဲ့ မြန်မာသံအမတ်ဟောင်းကို ဗြိတိန်ရဲတွေ စစ်ဆေးနေ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၉

 

ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဟောင်းကို လန်ဒန်မှာရှိတဲ့ သံရုံးဝင်းထဲကိုကျော်နင်းဝင်ရောက်မှုနဲ့ ဗြိတိန်ရဲတပ်ဖွဲ့က စစ်နေကြောင်း ရိုက်တာသတင်းဌာနက ရေးသားထားပါတယ်။

 

မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းဟာ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာတပ်မတော်က အာဏာထိန်းသိမ်းလိုက်တဲ့ အချိန်မှာ သံရုံးဝင်းအတွင်းကထွက်ခွာသွားဖို့ ငြင်းဆန်ခဲ့တယ်လို့ ၎င်းရဲ့ရှေ့နေက ရိုက်တာကိုပြောပါတယ်။

 

၂၀၂၁ ခုနှစ်အာဏာထိန်းသိမ်းပြီးနောက် ဦးကျော်စွာမင်းက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့တောင်း ဆိုခဲ့တာကြောင့် လအနည်းငယ်အတွင်းမှာ သံရုံးဝင်းထဲကို ဦးကျော်စွာမင်းကို ဝင်ခွင့် မပြုတော့ဘဲ နောက် ပိုင်းမှာ ၎င်းနေရာကို မြန်မာ နစက အစိုးရရဲ့ကိုယ်စားလှယ်တွေ အစားထိုး စေလွှတ်ခဲ့တယ်လို့ ဆိုပါတယ်။

 

အဲဒီအချိန်က ဗြိတိန်အစိုးရက ချီးကျူးခဲ့တဲ့ ၎င်းရဲ့ဆန္ဒပြတောင်းဆိုမှုပြီးကတည်းက ဦးကျော်စွာမင်းဟာ လန်ဒန် အနောက်တောင်အရပ်မှာရှိတဲ့ သံအမတ်ကြီးနေအိမ်ထဲမှာ ဆက်လက်နေထိုင်ခဲ့တယ်လို့ဆိုပါတယ်။

 

အဲဒီနေအိမ်မှာ ဘလိပ်ဓားဆူးကြိုးတွေနဲ့ CCTV ကင်မရာတွေ တပ်ဆင်ထားပါတယ်။

 

ဦးကျော်စွာမင်းဟာ နစက အစိုးရကို တရားဝင်အစိုးရမဟုတ်တဲ့အတွက် သံရုံးကို လွှဲပြောင်းပေးဖို့ ငြင်းဆန်ခဲ့ပေ မဲ့ လက်ရှိအချိန်မှာတော့ နစက အစိုးရကိုယ်စားလှယ်တွေက အဲဒီသံရုံးမှာ တာဝန်ထမ်းဆောင်နေပါတယ်။

 

နစက အစိုးရရဲ့ဖိအားကြောင့် ဦးကျော်စွာမင်းကို အဲဒီသံအမတ်ကြီးနေအိမ်က ထွက်ခွာသွားဖို့ ပြီးခဲ့တဲ့နှစ်က ဗြိတိန်အစိုးရက တိုက်တွန်းခဲ့ပါတယ်။

 

အခုသီတင်းပတ်အစောပိုင်းမှာတော့ ဦးကျော်စွာမင်းကို သံတမန်အဆောင်အအုံတွေအတွင်း ကျော်နင်းဝင် ရောက်မှုနဲ့ ဗြိတိန်ရဲတပ်ဖွဲ့ဝင်တွေက စစ်ဆေးမေးမြန်းနေပြီး ပြစ်မှုထင်ရှားခဲ့ရင် အမြင့်ဆုံးထောင်ဒဏ် ခြောက် လဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ထောင်ဒဏ်/ ငွေဒဏ် နှစ်ရပ်စလုံးဖြစ်စေ ကျခံရမှာဖြစ်ကြောင်း ရှေ့နေ နေးလ်ဆွစ် (Neil Swift) က ပြောပါတယ်။

 

Ref: Exclusive: British police investigate exiled former Myanmar envoy for trespass

 

#PeopleMedia


Share this post