• Follow Us on

Home CDM ပြုလုပ်နေသည့် သာသနာရေးဝန်ကြီးဌာန ယဉ်ကျေးမှုဦးစီးဌာနရှိ ဝန်ထမ်း ၁၄ ဦးကိုတာဝန်မှ ယာယီရပ်ဆိုင်း

CDM ပြုလုပ်နေသည့် သာသနာရေးဝန်ကြီးဌာန ယဉ်ကျေးမှုဦးစီးဌာနရှိ ဝန်ထမ်း ၁၄ ဦးကိုတာဝန်မှ ယာယီရပ်ဆိုင်း

Share this post

ရန်ကုန်၊ မတ် ၁၇ (PeopleMedia)

ခိုင်လုံသောအကြောင်းပြချက်မရှိပဲ တာဝန်ချိန် ပျက်ကွက်ခြင်း ၊ ခွင့်မဲ့ပျက်ကွက်ခြင်း နှင့် ညွှန်ကြားချက်များအား လိုက်နာရန်ပျက်ကွက်သည်ဟုဆိုကာ သာသနာရေးဝန်ကြီးဌာန ယဉ်ကျေးမှုဦးစီးဌာနရှိ CDM ပြုလုပ်နေသည့် ဝန်ထမ်း ၁၄ ဦးကိုတာဝန်မှ ယာယီရပ်ဆိုင်းကြောင်း ညွှန်းကြားစာတွင်ပါဝင်သည်။

သာသနာရေးဝန်ကြီးဌာန ယာဉ်ကျေးမှုဦးစီးဌာနရှိ CDM ပြုလုပ်နေသည့် ဝန်ထမ်း ၁၄ ဦးသည် ဦးစီးမှူး အဆင့်မှ နည်းပြ ၊ လက်ထောက်နည်းပြ နှင့် အနုပညာရှင်အဆင့်အထိပါဝင်ပြီး ၎င်းတို့အား တာဝန်မှ ရပ်ဆိုင်းထားစဉ်ကာလအတွင်း ၎င်းတို့၏ လစာနှုန်းထားမှ ဥပဒေအရ သတ်မှတ်ရာခိုင်းနှုန်းတချို့ကိုလည်း စားစရိတ်အဖြစ် ခံစားခွင့်ပြုကြောင်း ညွန်ကြားချက်တွင် ပါဝင်သည်။

ခိုင်လုံသောအကြောင်းပြချက်မရှိပဲ တာဝန်ချိန် ပျက်ကွက်ခြင်း ၊ ခွင့်မဲ့ပျက်ကွက်ခြင်း နှင့် ညွှန်ကြားချက်များအား လိုက်နာရန်ပျက်ကွက်သည့်အတွက် အထက်ပါ ဝန်ထမ်း ၁၄ ဦးကို စုံစမ်းစစ်ဆေးမှုများကိုလဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညွှန်ကြားချက်တွင်ပါဝင်သည်။

#PeopleMedia #သာသနာရေး #CDM


Share this post