• Follow Us on

Home CDM မပြုလုပ်ဟုဆိုကာ လက်နက်ကိုင်လူတစ်စုမှ ကျောင်းအုပ်ဆရာအား ပြန်ပေးဆွဲ၍ ငွေကျပ် သိန်း ၁၀၀ ဖြင့် ပြန်လည် ရွေးယူခိုင်းမှုဖြစ်ပွား

CDM မပြုလုပ်ဟုဆိုကာ လက်နက်ကိုင်လူတစ်စုမှ ကျောင်းအုပ်ဆရာအား ပြန်ပေးဆွဲ၍ ငွေကျပ် သိန်း ၁၀၀ ဖြင့် ပြန်လည် ရွေးယူခိုင်းမှုဖြစ်ပွား

Share this post

မကွေး၊ ဇန်နဝါရီ ၁၂ (People Media)

 

မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်တွင် ကျောင်းအုပ်ဆရာတစ်ဦးအား CDM မပြုလုပ်ဟုဆိုကာ လက် နက်ကိုင်လူတစ်စုမှ ကျောင်းအုပ်ဆရာအား ပြန်ပေးဆွဲ၍ ငွေကျပ် သိန်း ၁၀၀ ဖြင့် ပြန်လည် ရွေးယူခိုင်းမှု ဇန်န ဝါရီ ၉ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

 

ဖြစ်စဉ်မှာ အပေါကျေးရွာ အခြေခံပညာ အထက်ကျောင်း၏ ကျောင်းအုပ်ဆရာ ဦးသက်နိုင်နောင်ထွန်းသည် ကျောင်းအတွင်း၌ ကလေးများကို စာသင်ကြားပေးနေစဉ် လက်နက်ကိုယ်စီ ကိုင်ဆောင်ထားသည့် အင်အား ၄၀ ဦးခန့်က ကျောင်းအတွင်းသို့ ဝင်ရောက်၍ ကျောင်းအုပ်ဆရာ အသက်မသေစေချင်ပါက ငွေကျပ် သိန်း ၁၀၀ ဖြင့် လာရောက်ရွေးယူရန် ပြောဆို၍ ကျောင်းအုပ်ဆရာအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။

 

ကျောင်းအုပ်ဆရာကြီးအား ပြန်ပေးဆွဲမှုကို ပြန်လည်ရွေးယူနိုင်စေရေးအတွက် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖ များသည် ကျောင်းအုပ်ဆရာကြီးအား ပြန်လည်ရွေးယူနိုင်စေရေးအတွက် ကျေးရွာနေပြည်သူများထံမှ ငွေ ကောက်ခံမှုများ ပြုလုပ်ခဲ့ရာ ငွေကျပ်သိန်း ၃၀ ရရှိခဲ့ပြီး သွားရောက်ညှိနှိုင်းရာတွင် ငွေကျပ် သိန်း ၃၀ ဖြင့် ပြန်လည်လွှတ်ပေးခဲ့ပါတယ်။

 

အထက်ပါဖြစ်စဉ်တွင် လက်နက်ကိုင်အဖွဲ့များသည် ကျောင်းအုပ်ဆရာအား ဖမ်းဆီးစဉ် ဆံပင်လေးကွက်ကြား ညှပ်ခြင်း၊ နားပေါက်ဖောက်ခြင်းအပြင် နှိပ်စက်ညှင်းပန်းမှုအမျိုးမျိုးအား ခံခဲ့ရပါတယ်။

 

#PeopleMedia #မကွေး #ကျောင်းအုပ်ဆရာကြီးအား #ပြန်ပေးဆွဲမှု

 

(unicode)


………………………………………………………….

 


 


 


 


 


 



Share this post