• Follow Us on

Home CDM လှုပ်ရှားမှုဆောင်ရွက်နေသည့် ဝန်ထမ်းများကို ဖိနှိပ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မတရားအရေးယူခြင်းများပြုသည့် ဝန်ထမ်းအဖွဲ့အစည်းနှင့် ဌာနဆိုင်ရာအကြီးအကဲများကို အရေးယူမည်ဟု CRPH ထုတ်ပြန်

CDM လှုပ်ရှားမှုဆောင်ရွက်နေသည့် ဝန်ထမ်းများကို ဖိနှိပ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မတရားအရေးယူခြင်းများပြုသည့် ဝန်ထမ်းအဖွဲ့အစည်းနှင့် ဌာနဆိုင်ရာအကြီးအကဲများကို အရေးယူမည်ဟု CRPH ထုတ်ပြန်

Share this post

ရန်ကုန်၊ မတ် ၁၆(PeopleMedia)

CDM လှုပ်ရှားမှုဆောင်ရွက်နေသည့် နိုင်ငံ့ဝန်ထမ်းများအပေါ်ဖိနှိပ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မတရားအရေးယူဆောင်ရွက်ခြင်းများပြုလုပ်သည့် မှ ယနေ့နံနက်ပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် တရားမဝင်အာဏာသိမ်းစစ်ကောင်စီ၏အမိန့်အား ကျိုးနွံနာခံလျက် ဝန်ကြီးဌာနအသီးသီးရှိအဖွဲ့အစည်းများ၊ ဦးစီးဌာနအကြီးအကဲများမှ CDM လှုပ်ရှားမှုဆောင်ရွက်နေသည့်ဝန်ထမ်းများအား ရှေးဦးစုံစမ်းစစ်ဆေးမှုနှင့် ဌာနဆိုင်ရာစုံစမ်းစစ်ဆေးမှုနည်းလမ်းများဖြင့် အရေးယူအပြစ်ပေးရန် ခြိမ်းခြောက်စာများပေးပို့လျက်ရှိကြောင်း သိရှိရကြောင်း ဖော်ပြပါရှိသည်။

ထိုကဲ့သို့ CDM ဝန်ထမ်းများအပေါ် ဖိနှိပ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မတရားအရေးယူဆောင်ရွက်ခြင်းပြုသည့် ဝန်ထမ်းအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာအကြီးအကဲများအပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူ ဝန်ထမ်းတစ်ဦးချင်းစီအား မှတ်တမ်းထားဖော်ထုတ်၍ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဟု CRPH မှ အသိပေးကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အလားတူ CDM လှုပ်ရှားမှုတွင်ပါဝင်သဖြင့် မတရားဖိနှိပ်အရေးယူခြင်းခံရသည့် နိုင်ငံ့ဝန်ထမ်းများကို ပြည်သူ့အစိုးရမှ မူလအလုပ်တာဝန်များတည်မြဲရေး၊ နစ်နာမှုများပြန်လည်ကုစားနိုင်ရေးနှင့် ဂုဏ်ပြုချီးမြှောက်မှုများဆောင်ရွက်သွားမည့်အပြင် အခြားသော ချုပ်နှောင်ထိန်းသိမ်းခံရခြင်း၊ ထောင်ဒဏ်ကျခံရခြင်းတို့ရှိခဲ့ပါက ပြစ်မှုမှတ်တမ်းများကိုခြွင်းချက်မရှိပယ်ဖျက်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြပါရှိသည်။


Share this post