• Follow Us on

Home CDM လှုပ်ရှားမှုတွင်ပါဝင်သော ဝန်ထမ်းများ၏ ရာထူးနှင့် တာဝန်များ ခိုင်မာစေရေး ဥပဒေတစ်ရပ် ပြဋ္ဌာန်းပေး မည်ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ထုတ်ပြန်

CDM လှုပ်ရှားမှုတွင်ပါဝင်သော ဝန်ထမ်းများ၏ ရာထူးနှင့် တာဝန်များ ခိုင်မာစေရေး ဥပဒေတစ်ရပ် ပြဋ္ဌာန်းပေး မည်ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ထုတ်ပြန်

Share this post

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ (People Media)
လက်ရှိ မြန်မာနိုင်ငံရှိ ဒေသအသီးသီးတွင် CDM လှုပ်ရှားမှုတွင်ပါဝင်သော ဝန်ထမ်းများ၏ ရာထူးနှင့် တာ ဝန်များ ခိုင်မာစေရေးအတွက် ဥပဒေတစ်ရပ်ပြဋ္ဌာန်းကာ ကာကွယ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည် ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဖော်ဖော်ဝါရီ ၁၁ ရက်ပါ ရက်စွဲဖြင့်ထုတ်ပြန်သည်။
တပ်မတော်အနေဖြင့် အာဏာသိမ်းမှုပြုလုပ်ခဲ့သည့်အတွက် တရားမဝင်အာဏာသိမ်းအဖွဲ့မှထုတ်ပြန်သော ဥပဒေများ၊ အမိန့် ညွှန်ကြားချက်များသည် တရားဝင်မှုမရှိကြောင်း ထုတ်ပြန်ထားချက်တွင် ပါဝင်သည်။
အာဏာသိမ်းစစ်အုပ်စုအား အကြမ်းမဖက်သောနည်းဖြင့် ဆန့်ကျင်အာခံဖီဆန်ခြင်းသည် မိမိတို့၏ နိုင်ငံသား အခွင့်အရေးကို တရားနည်းလမ်းကျစွာ ခုခံကာကွယ်သည့် လှုပ်ရှားမှုဖြစ်သဖြင့် ဥပဒေနှင့် ညီညွတ်သော ဆောင်ရွက်ချက်ဖြစ်ကြောင်း (CRPH) ထုတ်ပြန်ချက်တွင်ပါဝင်သည်။
တပ်မတော်အနေဖြင့် အဓမ္မ အာဏာသိမ်းခြင်းဖြစ်သည့်အတွက် ဘယ်သောအခါမှ တရားဝင်အစိုးရအဖြစ် မှတ်ယူနိုင်မည်မဟုတ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ထုတ်ပြန်သည်။
Civil Disobedience Movement ပြည်သူများ၏ စစ်အာဏာရှင် ဆန့်ကျင်တိုက်ဖျက်ရေး လှုပ်ရှားမှုသည် နိုင်ငံ့အရေးဆောင်ရွက်ချက်သာဖြစ်ပြီး ပါတီနိုင်ငံရေးဆောင်ရွက်ခြင်းမဟုတ်သည့်အတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆ ပုဒ်မခွဲ(က)နှင့်လည်း ငြိစွန်းခြင်းမရှိကြောင်း ထုတ်ပြန်သည်။
လက်ရှိ ဆန္ဒပြမှုများတွင် နိုင်ငံ့ဝန်ထမ်းများအားလုံး Civil Disobedience Movement စစ်အာဏာရှင် ဆန့်ကျင်တိုက်ဖျက်ရေးလှုပ်ရှားမှုတွင် အပြည့်အဝ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန်နှင့် ဤလှုပ်ရှားမှုတွင် ပါဝင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများ၏ မူလအလုပ်တာဝန်ရာထူးများ တည်မြဲရေးအတွက် ဥပဒေပြဋ္ဌာန်းလျက် အပြည့်အဝအာမခံချက်ပေးသွားမည်ဖြစ်ပါကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။
အဆိုပါ CRPH ကော်မတီသည် ၂၀၂၀ ရွေးကောက်ပွဲ၌ အနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်ထားသည်။
#PeopleMedia #CRPH
(Unicode)
………………………………………………………..
#PeopleMedia #CRPH


Share this post