• Follow Us on

Home CDM လှုပ်ရှားမှုကြောင့် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပိတ်ထားသည့် ဆေးရုံ ၃၈၄ ရုံရှိ 

CDM လှုပ်ရှားမှုကြောင့် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပိတ်ထားသည့် ဆေးရုံ ၃၈၄ ရုံရှိ 

Share this post

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ (People Media)

CDM လှုပ်ရှားမှုကြောင့် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆေးကုသခြင်းမရှိဘဲ ပိတ်ထားသည့်ဆေးရုံ စုစု ပေါင်းသည် ၃၈၄ ရုံအထိ ရှိနေကြောင်း ဖေဖော်ဝါရီ ၂၂ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

 

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆေးရုံအရေအတွက်သည် ၁၂၆၂ ရုံအထိရှိသော်လည်း လက်ရှိအချိန် တွင် CDM လှုပ်ရှားမှုကြောင့် ဆေးရုံဖွင့်လှစ်ကာ ဆေးကုသပေးသည့် ဆေးရုံသည် ၇၇၈ ရုံရှိပြီး ဆေးရုံဖွင့်လှစ် ထားသော်လည်း ဆေးကုသခြင်းမရှိသည့် ၂၇ ရုံနှင့် ဆေးရုံပိတ်ကာ ဆေးကုသခြင်းမရှိသည့် ဆေးရုံ ၃၅၇ ရုံထိ ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆိုသည်။

 

ဆေးရုံများပိတ်ထားသည့်အတွက် ပြည်သူများစွာဒုက္ခရောက်နေမည်ကို စဉ်းစားကြည့်ရုံဖြင့် သိနိုင်ကြောင်း၊ လူ့ အသက်ထက် အရေးကြီးသည်မှာ မရှိကြောင်း၊ ထို့အတွက်ကြောင့် မိမိတို့အနေဖြင့် ဆူပူမှုများထိန်းသိမ်းအရေး ယူဆောင်ရွက်ရာတွင်လည်း လူ့အသက်ကို မထိခိုက်အောင် ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ သို့ဖြစ်၍ ဆရာဝန်များနှင့် သူနာပြုများ စည်းကမ်းဖောက်ဖျက်နေမှုကို ဝန်ထမ်းစည်းကမ်းအရ အရေးယူသွားမည်ဖြစ် ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။

 

လက်ရှိအခြေအနေတွင် ဝန်ထမ်းများအနေဖြင့် သတင်းပို့ရုံးတက်ခြင်းမရှိပါက ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများ နှင့်အညီ အရေးယူသွားမည်ဖြစ်ပြီး ဆရာဝန်များနှင့်ပတ်သက်၍လည်း ရရှိသည့်ဘွဲ့အဆင့်အလိုက် ချီးမြှင့်ငွေ များ ပေးအပ်ရန်အတွက်လည်း ညှိနှိုင်းလျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆိုသည်။

 

နိုင်ငံ့ဝန်ထမ်းများ တာဝန်ပျက်ကွက်မှုကို ပြီးခဲ့သည့် သောကြာနေ့တွင် စာရင်းကောက်ယူခဲ့ရာ ဆေးရုံ၊ ဆေး ခန်းများတွင် ဆရာဝန်များ တာဝန်ပျက်ကွက်လျက်ရှိကြောင်း ဆရာဝန်များမှာ ပြည်သူလူထုကို ကျန်းမာရေး စောင့်ရှောက်မှုပေးရသည့် ဝန်ထမ်းများဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။

ဆရာဝန်များ၏ ကတိသစ္စာပြုအဓိဋ္ဌာန် ၉ ချက်တွင် “ကျွန်ုပ်ဆည်းပူးတတ်မြောက်ထားသော ဆေးပညာဖြင့် လူ သားတို့၏ ဘဝနှင့်အသက်ကို တန်ဖိုးထားလေးစားစွာ ကာကွယ်စောင့်ရှောက်ပါအံ့” ဟု ပါရှိကြောင်း၊ ဆရာဝန် များအနေဖြင့် ဆေးကုသမှုမပြုလုပ်ခြင်းသည် ယင်းတို့၏ကတိသစ္စာပြုထားသည့်အဓိဋ္ဌာန်ကို ချိုးဖောက်ခြင်းဖြစ် ကြောင်း၊ လက်ရှိအခြေအနေတွင် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ယခုကဲ့သို့ ဆောင်ရွက်နေမှုများမှာ ကျင့် ဝတ်များစွာကို ချိုးဖောက်ရာရောက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောဆိုခဲ့သည်။

 

#PeopleMedia#ကောင်စီ

 

(unicode)










Share this post