• Follow Us on

Home CDM လှုံ့ဆော်ခြင်းကြောင့် လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ခံရ

CDM လှုံ့ဆော်ခြင်းကြောင့် လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ခံရ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅ (People Media)

 

CDM လှုံ့ဆော်ခြင်း၊ ညွန်ကြားခြင်းကြောင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)နှင့် သက်ဆိုင်ရာ ရဲစခန်း ၌ အမှုဖွင့်လှစ်ထားကြောင်း နိုင်ငံတော်ပိုင်သတင်းစာဖော်ပြချက်မှ သိရသည်။

 

ဒေါက်တာဝင်းမြတ်အေးသည် ပြည်ထောင်စုဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သည့် အရှိန်အဝါကို အသုံးပြု၍ ယင်း ဝန်ကြီးဌာနနှင့် ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများအား CDM လှုပ်ရှားမှုတွင် ပါဝင်စေရန် လှုံ့ဆော်ခြင်း၊ ညွန်ကြားခဲ့ခြင်းကြောင့် ဝန်ထမ်းများ တာဝန်ပျက်ကွက်မှု၊ ဆူပူဆန္ဒပြမှုများတွင် ပါဝင်စေမှုများ ဖြစ်ပေါ်လာအောင် လှုံ့ဆော်ရာရောက်သဖြင့် ၎င်းအား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်တွင် ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)ဖြင့် သက်ဆိုင်ရာရဲစခန်း၌ အမှုဖွင့်ထားရှိပြီး ဖမ်းဆီးရမိရေးဆောင်ရွက် လျက်ရှိကြောင်း နိုင်ငံပိုင် သတင်းကဖော်ပြထားသည်။

 

၎င်းနှင့်ပက်သက်၍ သတင်းရရှိပါက နီးစပ်ရာ ရဲစခန်းများတွင် သတင်းပေး တိုင်တန်းနိုင်ပြီး၊ လက်ခံထားသူများ အား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

 

#PeopleMedia #ဒေါက်တာဝင်းမြတ်အေး

 

(unicode)

………………………………………………







Share this post