• Follow Us on

Home CH-5 ေရတပ္သံုးကင္းေထာက္ဒ႐ုန္းမ်ားကို တ႐ုတ္ႏိုင္ငံပထမဆံုး ပ်ံ သန္း

CH-5 ေရတပ္သံုးကင္းေထာက္ဒ႐ုန္းမ်ားကို တ႐ုတ္ႏိုင္ငံပထမဆံုး ပ်ံ သန္း

Share this post

ဇူလုိင္ ၂၈

တ႐ုတ္ႏိုင္ငံက တည္ေဆာက္ထုတ္လုပ္ထားတဲ့ CH-5 ကင္းေထာက္ဒ႐ုန္းရဲ႕ေရတပ္သံုးဗား႐ွင္းကို မၾကာေသး ခင္က ပထမဆံုးအႀကိမ္ပ်ံသန္းခဲ့တယ္လို႔ တ႐ုတ္မီဒီယာေတြမွာေဖာ္ျပပါတယ္။

CH-5 ကင္းေထာက္ဒ႐ုန္းရဲ႕ေရတပ္သံုးဗား႐ွင္းဟာ သမုဒၶရာအေျခအေနေတြနဲ႔ ကိုက္ညီေအာင္ အျမင့္ပံုမွန္က ေန ခပ္ျမင့္ျမင့္အေနအထားအထိပ်ံႏိုင္ၿပီး ၾကာ႐ွည္ခံမယ့္အျပင္ ခပ္ႀကီးႀကီးပံုစံလည္းျဖစ္သြားပါတယ္။

photoelectric ကိရိယာေတြ၊ တာေ၀း႐ွာေဖြေရဒါေတြလိုမ်ိဳး ၀န္အမ်ိဳးမ်ိဳးလည္းတင္ႏိုင္ၿပီး ပင္လယ္ျပင္မွာ ေစာင့္ၾကည့္အကဲခတ္စစ္ဆင္ေရးအမ်ိဳးမ်ိဳးလုပ္ႏိုင္တယ္လို႔ တည္ေဆာက္ဖန္တီးတဲ့ CH ကုမၸဏီက ေျပာပါ တယ္။

ေရဒါစနစ္ေတြကို အခ်က္အလက္ခ်ိတ္ဆက္စစ္ေဆးမႈလည္း စမ္းသပ္ပ်ံသန္းရာမွာေဆာင္႐ြက္ခဲ့တယ္လို႔ CH-5 အဆင့္ႁမွင့္တင္ေရးအဖြဲ႔ကေျပာပါတယ္။

ေနာက္တစ္ဆင့္ကေတာ့ ပိုၿပီးျပင္းထန္တဲ့သမုဒၵရာပတ္၀န္းက်င္ေတြမွာ ဒ႐ုန္းကို စမ္းသပ္မွာပါ။

CH-5 စံဗား႐ွင္းနဲ႔ႏႈိင္းယွဥ္ရင္ေတာ့ CH-5 ကင္းေထာက္ဒ႐ုန္းေရတပ္သံုးဗား႐ွင္းေတြဟာ ပင္လယ္မွာ အပူခ်ိန္၊ စိုထိုင္းမႈနဲ႔ ျမဴထူတာပိုျပင္းထန္တဲ့အေျခအေနကို ကာမိေအာင္ ပိုခံႏိုင္ရည္႐ွိတဲ့ပံုစံျဖစ္ပါတယ္။

ပစ္ခတ္မႈထိန္းခ်ဳပ္ေရးေရဒါ၊ အီလက္ထေရာနစ္စစ္ပြဲနဲ႔ လႈိင္းျဖတ္စက္ေတြလိုတံု႔ျပန္တဲ့အစီအမံေတြအပါအ၀င္ တပ္ဆင္မယ့္ပစၥည္းကိရိယာေတြကို စိတ္ႀကိဳက္ျပန္တပ္ဆင္ႏိုင္ပါတယ္။

Ref : China Conducts First Flight of CH-5 Maritime Drone

#PeopleMedia

(unicode)
CH-5 ရေတပ်သုံးကင်းထောက်ဒရုန်းများကို တရုတ်နိုင်ငံပထမဆုံး ပျံ သန်း
…………………………………………………

ဇူလိုင် ၂၈

တရုတ်နိုင်ငံက တည်ဆောက်ထုတ်လုပ်ထားတဲ့ CH-5 ကင်းထောက်ဒရုန်းရဲ့ရေတပ်သုံးဗားရှင်းကို မကြာသေး ခင်က ပထမဆုံးအကြိမ်ပျံသန်းခဲ့တယ်လို့ တရုတ်မီဒီယာတွေမှာဖော်ပြပါတယ်။

CH-5 ကင်းထောက်ဒရုန်းရဲ့ရေတပ်သုံးဗားရှင်းဟာ သမုဒ္ဓရာအခြေအနေတွေနဲ့ ကိုက်ညီအောင် အမြင့်ပုံမှန်က နေ ခပ်မြင့်မြင့်အနေအထားအထိပျံနိုင်ပြီး ကြာရှည်ခံမယ့်အပြင် ခပ်ကြီးကြီးပုံစံလည်းဖြစ်သွားပါတယ်။

photoelectric ကိရိယာတွေ၊ တာဝေးရှာဖွေရေဒါတွေလိုမျိုး ဝန်အမျိုးမျိုးလည်းတင်နိုင်ပြီး ပင်လယ်ပြင်မှာ စောင့်ကြည့်အကဲခတ်စစ်ဆင်ရေးအမျိုးမျိုးလုပ်နိုင်တယ်လို့ တည်ဆောက်ဖန်တီးတဲ့ CH ကုမ္ပဏီက ပြောပါ တယ်။

ရေဒါစနစ်တွေကို အချက်အလက်ချိတ်ဆက်စစ်ဆေးမှုလည်း စမ်းသပ်ပျံသန်းရာမှာဆောင်ရွက်ခဲ့တယ်လို့ CH-5 အဆင့်မြှင့်တင်ရေးအဖွဲ့ကပြောပါတယ်။

နောက်တစ်ဆင့်ကတော့ ပိုပြီးပြင်းထန်တဲ့သမုဒ္ဒရာပတ်ဝန်းကျင်တွေမှာ ဒရုန်းကို စမ်းသပ်မှာပါ။

CH-5 စံဗားရှင်းနဲ့နှိုင်းယှဉ်ရင်တော့ CH-5 ကင်းထောက်ဒရုန်းရေတပ်သုံးဗားရှင်းတွေဟာ ပင်လယ်မှာ အပူချိန်၊ စိုထိုင်းမှုနဲ့ မြူထူတာပိုပြင်းထန်တဲ့အခြေအနေကို ကာမိအောင် ပိုခံနိုင်ရည်ရှိတဲ့ပုံစံဖြစ်ပါတယ်။

ပစ်ခတ်မှုထိန်းချုပ်ရေးရေဒါ၊ အီလက်ထရောနစ်စစ်ပွဲနဲ့ လှိုင်းဖြတ်စက်တွေလိုတုံ့ပြန်တဲ့အစီအမံတွေအပါအဝင် တပ်ဆင်မယ့်ပစ္စည်းကိရိယာတွေကို စိတ်ကြိုက်ပြန်တပ်ဆင်နိုင်ပါတယ်။

Ref : China Conducts First Flight of CH-5 Maritime Drone

#PeopleMedia


Share this post