CIA ညွှန်ကြားရေးမှူး ကဘူးတွင် တာလီဘန်များနှင့် တွေ့ဆုံ

PUBLISHED - August 25, 2021
နိုင်ငံတကာ၊ သြဂုတ် ၂၅ (People Media)
အာဖဂန်နစ္စတန်နိုင်ငံတွင် အမေရိကန်နှင့် အာဖဂန်လူမျိုးများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးနေစဉ်အတွင်း အမေရိကန် CIA ညွှန်ကြားရေးမှူးသည် ကဘူးမြို့ရှိ အဗ္ဗဒူဂါနီဘာရာဒါအပါအဝင် တာလီဘန်ထိပ်တန်းခေါင်း ဆောင်များနှင့် သွားရောက်တွေ့ဆုံခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက သြဂုတ်လ ၂၄ ရက်နေ့ကပြောကြား လိုက်သည်။
အာဖဂန်နစ္စတန်အကျပ်အတည်းနှင့်ပတ်သက်၍ G-7 နိုင်ငံများမှခေါင်းဆောင်များတွေ့ဆုံဆွေးနွေးပွဲမကျင်းပမီ နှင့် တာလီဘန်များထိန်းချုပ်မှုအောက်တွင် အမျိုးသမီးများအပေါ်ကန့်သတ်ချုပ်ခြယ်မှု၊ သေဒဏ်စီရင်မှုများနှင့် ဆက်နွယ်သည့် အစီရင်ခံစာများနှင့် ပတ်သက်၍ ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲ၏ သတိပေးချက် ထွက်ပေါ်မလာမီအချိန် တနင်္လာနေ့က CIA ညွှန်ကြားရေးမှူးဝီလျံဘန်းစ် ကဘူးမြို့သို့ရောက်ရှိခဲ့ခြင်းဖြစ်သည်။
အာဖဂန်နစ္စတန်နိုင်ငံ မှေးမှိန်ယုတ်လျော့သွားခြင်းမရှိစေရေးအတွက် နိုင်ငံတကာအာရုံစိုက်မှုရရှိရေး တိကျသေ ချာအောင်ဆောင်ရွက်ရန် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးအနေဖြင့် နည်းလမ်းများရှာဖွေနေစဉ် အတွင်း အာဖဂန်နစ္စတန်နိုင်ငံတွင်းမှအခြေအနေများကို စောင့်ကြည့်နိုင်ရေး ရဲရင့်တက်ကြွသောအရေးယူ ဆောင်ရွက်မှုမျိုးပြုလုပ်ရန် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအား ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာ မင်းကြီး မီရှဲဘချီလက်ကတိုက်တွန်းလိုက်သည်။
တာလီဘန်ခေါင်းဆောင်များက လုံခြုံရေးကိုပြန်လည်ထိန်းသိမ်းမည်ဖြစ်ကြောင်း အလယ်အလတ်ကျသည့်ပုံ ရိပ်တစ်ခုရအောင် ကြိုးစားနေကြောင်းပြောသော်လည်း အာဖဂန်လူမျိုးအများအပြားမှာ တာလီဘန်တို့စကားကို မယုံကြည်ဘဲ တိုင်းပြည်မှထွက်ခွာရန်သာကြိုးစားနေကြသည်။
၁၉၉၀ ပြည့်နှစ်နှောင်းပိုင်းကာလ တာလီဘန်အစိုးရအုပ်ချုပ်ခဲ့သည့်အချိန်တွင် အမျိုးသမီးများအပြင်မထွက်ရန် ကန့်သတ်ထားခြင်း၊ ရုပ်မြင်သံကြားကြည့်ရှုခွင့်၊ တေးသီချင်းနားထောင်ခွင့်ပိတ်ပင်ထားခြင်း၊ သူခိုးသံသယရှိသူ များ၏လက်ကိုဖြတ်တောက်ခြင်းနှင့် လူထုအလယ်တွင်သေဒဏ်ပေးစီရင်ခြင်းတို့ကိုဆောင်ရွက်ခဲ့သည်။
လတ်တလောကာလတွင် အမျိုးသမီးများနှင့် လူနည်းစုတိုင်းရင်းသားများ၏ အခွင့်အရေးကိုလေးစားမည်ဖြစ်ပြီး လက်စားချေတုံ့ပြန်မှုကိုရှောင်ကြဉ်မည်ဟု တာလီဘန်ခေါင်းဆောင်များက ကတိပေးထားကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာ မင်းကြီး မီရှဲဘချီလက်က ပြောသည်။
“ပြောထားတဲ့ကတိကဝတ်တွေနဲ့အညီ လုပ်မလုပ်ဆိုတာနဲ့ပတ်သက်ပြီး တာဝန်ယူမှုကတော့ တာလီဘန်တွေ ပေါ်မှာပဲ အပြည့်အဝမူတည်ပါတယ်။” ဟု အဖွဲ့ဝင် ၄၇ ဦးပါဝင်သော ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတွင် မီ ရှဲဘချီလက်က ပြောသည်။
Ref: American official says CIA director met Taliban leader in Kabul
#PeopleMedia
(unicode)
………………………………………………………
Ref: American official says CIA director met Taliban leader in Kabul
#PeopleMedia