• Follow Us on
Latest News

Home City Taxi ယာဉ်များ အဝါရောင်လိုင်း Sticker တပ်ဆင်ရန် တက္ကစီအစီးရေ ၈၀၀၀ ခန့်ကျန်ရှိနေ

City Taxi ယာဉ်များ အဝါရောင်လိုင်း Sticker တပ်ဆင်ရန် တက္ကစီအစီးရေ ၈၀၀၀ ခန့်ကျန်ရှိနေ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၆

 

City Taxi ယာဉ်များ ဘေးနှစ်ဖက်ကိုယ်ထည်တွင် အဝါရောင်လိုင်း Sticker တပ်ဆင်ပြီးစီးမှု ဇန်နဝါရီ ၁၅ ရက် အထိ ယာဉ်အစီးရေ ၅၀၀၀၀ ရှိပြီး အဝါရောင်လိုင်း Sticker တပ်ဆင်ရန် Taxi အစီးရေ ၈၀၀၀ ခန့် ကျန်ရှိနေ သေးကြောင်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ(YRTC) မှ သိရ သည်။

 

City Taxi ယာဉ်များအား အခြားသောယာဉ်များနှင့် ကွဲကွဲပြားပြား၊ ထင်သာမြင်သာရှိစေရန်၊ လုံခြုံမှုရှိစေရန်၊ နိုင်ငံတကာ Taxi ယာဉ်များနည်းတူ City Taxi ယာဉ်များဘေးနှစ်ဖက် ကိုယ်ထည်တွင် အဝါရောင်လိုင်း ထည့်သွင်းသတ်မှတ်ရန် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၈ ရက်တွင် ပြုလုပ်ခဲ့သော အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ City Taxi ယာဉ်များတွင် အဝါရောင်ဘေး Sticker ကပ်ခြင်း လုပ်ငန်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ ယခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ပညာပေးကာလအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

 

ရန်ကုန်မြို့တွင် Taxiမှတ်ပုံတင် အစီးရေ ၅၈၄၈၁ စီးရှိကြောင်း၊ အဝါရောင်လိုင်း Sticker တပ်ဆင်ရန်ကျန်ရှိ သော City Taxi ယာဉ် များအားလုံး ယခုနှစ် ဇန်နဝါရီ ၃၁ ရက် နောက်ဆုံးထားတပ်ဆင်ရန်နှင့် တပ်ဆင်ခြင်း မရှိပါက လာမည့်ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၉၆ အရ စစ်ဆေးအရေးယူခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post