• Follow Us on

Home Cobra Gold စစ်ရေးလေ့ကျင့်မှု ထိုင်းနိုင်ငံတွင် နှစ်ပတ်ကြာပြုလုပ်မည်ဖြစ်ပြီး ထိုင်ခုံအရေအတွက် ကန့် သတ်မှုကြောင့် မြန်မာကို ဖိတ်ကြားခြင်းမပြု

Cobra Gold စစ်ရေးလေ့ကျင့်မှု ထိုင်းနိုင်ငံတွင် နှစ်ပတ်ကြာပြုလုပ်မည်ဖြစ်ပြီး ထိုင်ခုံအရေအတွက် ကန့် သတ်မှုကြောင့် မြန်မာကို ဖိတ်ကြားခြင်းမပြု

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၆

 

အမေရိကန်နဲ့ ထိုင်းနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၃၀ က တပ်ဖွဲ့ဝင် ၇၃၉၄ ယောက်ပါဝင်မယ့် ၂၀၂၃ ခုနှစ် ရွှေမြွေ ဟောက်စစ်ရေးလေ့ကျင့်မှု (Cobra Gold Exercise 2023) ကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကနေ မတ်လ ၁၀ ရက်နေ့အထိ နှစ်ပတ်ကြာကျင်းပသွားမှာဖြစ်ပါတယ်။

 

အခုနှစ်ကျင်းပမယ့် Cobra Gold စစ်ရေးလေ့ကျင့်မှုမှာ ထိုင်ခုံအရေအတွက် ကန့်သတ်ထားတာမို့လို့ မြန်မာနိုင်ငံကို ဖိတ်ကြားသွားမှာမဟုတ်ကြောင်း ထိုင်းဗိုလ်ချုပ်ကြီး Thitichai Tiantong က ပြောပါတယ်။

 

Cobra Gold စစ်ရေးလေ့ကျင့်မှုကို ၁၉၈၂ ခုနှစ်ကတည်းက ဆောင်ရွက်ခဲ့တာဖြစ်ပြီး အခုကျင်းပမယ့် စစ်ရေး လေ့ကျင့်မှုဟာ ၄၂ ကြိမ်မြောက် Cobra Gold စစ်ရေးလေ့ကျင့်မှုဖြစ်ပါတယ်။

 

အခုကျင်းပမယ့် Cobra Gold စစ်ရေးလေ့ကျင့်မှုမှာပါဝင်ဖို့ အမေရိကန်တပ်ဖွဲ့ဝင် ၆၀၀၀ ကျော် စေ လွှတ်သွားမှာ ဖြစ်ပြီး ဒီအင်အားဟာ ဆယ်စုနှစ်တစ်ခုအတွင်း Cobra Gold စစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်တပ်ဖွ့ဲဝင်တွေ အများဆုံးပါဝင်တဲ့ အင်အားဖြစ်တယ်လို့ ထိုင်းနိုင်ငံရှိ အမေရိကန်စစ်သံမှူး ဗိုလ်မှူးကြီး ကတ်လက်ဖ်လာက ပြောပါတယ်။

 

ပြီးခဲ့တဲ့နှစ်က Cobra Gold စစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်တပ်ဖွဲ့ဝင် ၁၃၀၀ ဝန်းကျင်အပါအဝင် တပ်ဖွဲ့ဝင် အင်အား ၃၅၀၀ ဝန်းကျင်သာ ပါဝင်လေ့ကျင့်ခဲ့ပါတယ်။

 

အခုနှစ် ကျင်းပပြုလုပ်မယ့် အဓိက Cobra Gold စစ်ရေးလေ့ကျင့်မှုမှာ ထိုင်းနိုင်ငံ၊ အမေရိကန်၊ စင်္ကာပူ၊ ဂျပန်၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယားနဲ့ မလေးရှားနိုင်ငံတို့က ပါဝင်လေ့ကျင့်မှာဖြစ်ပြီး တရုတ်၊ သြစတေး လျနဲ့ အိန္ဒိယနိုင်ငံတို့ကတော့ လူသားချင်းစာနာထောက်ထားမှုလေ့ကျင့်ခန်းတွေမှာပါဝင်မှာလို့ ဆိုပါတယ်။ ကျန်တဲ့နိုင်ငံတွေ ကတော့ စောင့်ကြည့်လေ့လာသူတွေအဖြစ်ပါဝင်သွားမှာဖြစ်ပါတယ်။

 

ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားမှု၊ အမေရိကန်-တရုတ် တင်းမာမှုများနဲ့ အထူးသဖြင့် တေင်တရုတ်ပင်လယ်နဲ့ ထိုင် ဝမ်ကျွန်းအရေးတွေကြောင့် ပထဝီနိုင်ငံရေးဆိုင်ရာတင်းမာမှုတွေမြင့်တက်နေတဲ့ကြားမှာ အခု Cobra Gold စစ် ရေးလေ့ကျင့်မှုကို ပြုလုပ်သွားမှာဖြစ်ပါတယ်။

 

၂၀၁၄ ခုနှစ်ကကျင်းပခဲ့တဲ့ Cobra Gold စစ်ရေးလေ့ကျင့်မှုကို အမေရိကန်ပြည်ထောင်စုက တပ်ဖွဲ့ဝင် အင်အား ၄၃၀၀ စေလွှတ်ခဲ့ပေမဲ့ ထိုင်းနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့အတွက် ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ် Cobra Gold စစ်ရေးလေ့ကျင့်မှုမှာတွေမှာတော့ တပ်ဖွဲ့ဝင်အင်အား ၃၆၀၀ သာ စေလွှတ်ခဲ့ပါတယ်။

 

တချို့နေရာတွေမှာ ဆက်ဆံရေးတင်းမာမှုတွေဆက်လက်ရှိနေပေမဲ့ ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲကျင်းပ ပေးပြီး နောက်မှာတော့ အမေရိကန်-ထိုင်း ဆက်ဆံရေးပြန်လည် ထိန်းသိမ်းလာနိုင်ခဲ့တယ်လု့ိ ဆိုပါတယ်။

 

Ref: Thailand, US Gear Up For Full Strength Cobra Gold Exercises

 

#PeopleMedia

 

(unicode)


………………………………………………

 


 


 


 


 


 


 


 


 


 


 

Ref: Thailand, US Gear Up For Full Strength Cobra Gold Exercises

 

#PeopleMedia


Share this post