• Follow Us on

Home Common Rose လိပ်ပြာပုံ(၂၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် ဇွန် ၂၀ မှစတင်၍ ရောင်းချမည်

Common Rose လိပ်ပြာပုံ(၂၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် ဇွန် ၂၀ မှစတင်၍ ရောင်းချမည်

Share this post

နေပြည်တော်၊ ဇွန် ၁၉

 

Common Rose လိပ်ပြာပုံ (၂၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ်ကို ဇွန်လ ၂၀ ရက်နေ့မှ စတင်၍ ရောင်းချ မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ သိရသည်။

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ၌ တွေ့ရှိရသော လိပ်ပြာမျိုး စိတ်အဖြစ် မှတ်တမ်းတင်သဘောထားမှတ်ချက်ပြုထားသည့် Common Rose လိပ်ပြာပုံ (၂၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ်တစ်မျိုးအား ၂၀၂၄ ခုနှစ် ဇွန် ၂၀ ရက်၊ နံနက် ၉ နာရီခွဲမှစတင်၍ နေပြည်တော် ဗဟို စာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီး များတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက် ကြီးတို့တွင် ၂၀၂၄ ခုနှစ် ဇွန် ၂၀ ရက် (ကြာသပတေးနေ့) တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ်ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post