COVID ကာကွယ်ဆေးထိုးရန် ငြင်းဆန်သူများ အမေရိကန်တပ်မတော်မှ ထုတ်ပယ်ခံရ

PUBLISHED - December 14, 2021
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၄ (People Media)
COVID ကာကွယ်ဆေးထိုးရန် ငြင်းဆန်ခဲ့သူ လေတပ်မှ တပ်ဖွဲ့ဝင် ၂၇ ဦးအား အမိန့်မနာခံမှုဖြင့် အမရိကန်လေ တပ်မှ ထုတ်ပယ်လိုက်ရာ ယင်းထုတ်ပယ်မှုမှာ အမိန့်မနာခံမှုကြောင့် မိမိသဘောဆန္ဒမပါဘဲ အမေရိကန်တပ်မ တော်မှ ပထမ ဦးဆုံးအထုတ်ခံရသည့် တပ်ဖွဲ့ဝင်များဖြစ်သည်။
တပ်မတော်မှထုတ်ပယ်လိုက်သည့် အဆိုပါတပ်ဖွဲ့ဝင် ၂၇ ယောက်ကို နှစ်သိမ့်ဆွေးနွေးပညာပေးမှုများပြုလုပ်ခဲ့ သော်လည်း ၎င်းတို့မှာ ကာကွယ်ဆေးထိုးရန် ငြင်းဆန်နေဆဲဖြစ်သဖြင့် ကာကွယ်ရေးဝန်ကြီးဌာန၏ ကာကွယ် ဆေးထိုးရန် ဥပဒေကို လိုက်နာရန်ငြင်းဆန်မှုဖြင့် ၎င်းတို့အားတပ်မတော်မှ ထုတ်ပယ်ရန် စစ်ခေါင်းဆောင်များ က ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း လေတပ်ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးကပြောသည်။
ထုတ်ပယ်ခံရသည့်တပ်ဖွဲ့ဝင် ၂၇ ယောက်စလုံးမှာ လေတပ်တွင်တာဝန်ထမ်းဆောင်နေသည်မှာ စစ်မှုထမ်းသက် ၆ နှစ်မပြည့်သေးကြောင်း၊ ၎င်းတို့ကို တပ်မတော်မှထုတ်ပယ်လိုက်သည်မှာ အခြားအကြောင်းရင်းများရှိနိုင်သော် လည်း COVID ကာကွယ်ဆေးထိုးရန် ငြင်းဆန်ခြင်းမှာ အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်သည်။
အမေရိကန်တပ်ဖွဲ့ဝင်များ COVID ကာကွယ်ဆေးထိုးရမည်ဖြစ်သော်လည်း သက်ဆိုင်ရာတပ်ဖွဲ့များက နောက် ဆုံးရက်သတ်မှတ်ပေးထားရမည်ဖြစ်ကြောင်း သြဂုတ်လအတွင်းက အမေရိကန်ကာကွယ်ရေးဝန်ကြီး အယ်လ် လွိုက်သြစတင်က ပြောသည်။
အမေရိကန်လေတပ်က ၎င်းတပ်ဖွဲ့ဝင်များ ကာကွယ်ဆေးအပြီးထိုးနှံရမည့်နောက်ဆုံးရက်ကို နိုဝင်ဘာလ ၂ ရက်နေ့ဟုသတ်မှတ်ထားခဲ့ရာ ယင်းနောက်ဆုံးရက်သတ်မှတ်ခြင်းမှာ အမေရိကန် ကြည်း၊ ရေ၊ လေ တပ်ဖွဲ့များ တွင် ပထမဦးဆုံးသတ်မှတ်ခြင်းဖြစ်သည်။
အမေရိကန် ရေတပ်၊ လေတပ်နှင့် ကြည်းတပ်တို့တွင် တပ်ဖွဲ့ဝင်များအမိန့်မနာခံရာလျှင် တပ်မတော်မှထုတ်ပယ် ရမည့်လုပ်ထုံးလုပ်နည်းများကို ချမှတ်ပေးထားပြီးဖြစ်သည်။ အရာရှိ/စစ်သည်တစ်ဦးချင်းအနေဖြင့် စည်းကမ်း တင်းကြပ်စွာမဆောင်ရွက်မီကာလတွင် နှစ်သိမ့်ဆွေးနွေးခြင်းနှင့် ပညာပေးခြင်းလုပ်ငန်းစဉ်များကို့ဖြတ်ကျော်ရ မည်ဖြစ်သည်။
“မဖြစ်မနေကာကွယ်ဆေးထိုးရမယ့်အလုပ်ကို မေတ္တာတရားနဲ့ ဂရုတစိုက်ဆောင်ရွက်တဲ့နည်းလမ်းနဲ့ ဆောင် ရွက်သွားမယ်ဆိုတဲ့ ကာကွယ်ရေးဝန်ကြီးရဲ့မျှော်လင့်ချက်တွေက ဆက်လက်ကျန်ရှိနေပါသေးတယ်” ဟု ပင် တဂွန်စစ်ဌာနချုပ်ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘိုင်ကပြောသည်။
တန်းပြည့်စစ်မှုထမ်းနေသည့်အရာရှိ/စစ်သည် ၉၀% ကာကွယ်ဆေးထိုးပြီးဖြစ်ကြောင်း၊ ယင်းမှာ အရန်တပ်ဖွဲ့ဝင် များ၊ အမျိုးသားလုံခြုံရေးတပ်ဖွဲ့ဝင်များအပါအဝင် အမေရိကန်တပ်မတော်တစ်ရပ်လုံး၏ ၇၄% ကာကွယ်ဆေး အပြည့်ထိုးနှံပြီးဖြစ်သည်ဟု ပင်တဂွန်စစ်ဌာနချုပ်စာရင်းဇယားများအရသိရကြောင်း ကာဘိုင်ကပြောသည်။
Ref: First members of military are discharged for refusing COVID vaccine
#PeopleMedia
(unicode)
……………………………………………………………
Ref: First members of military are discharged for refusing COVID vaccine
#PeopleMedia