• Follow Us on
Latest News

Home COVID ဒုတိယလှိုင်းကာလ၌ ဆွမ်းအခက်အခဲရှိသည့် ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်းများကို ဒေါက်တာ ခင်ရွှေမှ ဆန်အိတ် ၃၀၀ ကျော်လှူဒါန်း


Share this post

ရန်ကုန်၊ အောက်တိုဘာ ၁၅






(unicode)
COVID ဒုတိယလှိုင်းကာလ၌ ဆွမ်းအခက်အခဲရှိသည့် ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်းများကို ဒေါက်တာ ခင်ရွှေမှ ဆန်အိတ် ၃၀၀ ကျော်လှူဒါန်း
……………………………………………………………….

ရန်ကုန်၊ အောက်တိုဘာ ၁၅

COVID-19 ဒုတိယလှိုင်းကာလ၌ ဆွမ်း၊ ကွမ်းအခက်အခဲရှိသည့် ရဟန်း၊ သံဃာ၊ သာမဏေ၊ သီလရှင်များကို မြန်မာနိုင်ငံလုံးဆိုင်ရာထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသသာသနာ့နုဂ္ဂဟ အသင်း (ဗဟို) အဖွဲ့ချုပ်ဥက္ကဋ္ဌဇေကမ္ဘာဒေါက်တာ ခင်ရွှေမှ ယခုလ ၇ ရက်မှစတင်ပြီး ရန်ကုန်တိုင်းအတွင်း ကျောင်း ပေါင်း ၂၀ ကို ဆန်အိတ် ၃၀၀ ကျော်နှင့် Mask များလှူဒါန်းခဲ့ပြီးဖြစ်ကြောင်း အသင်းဒုဥက္ကဋ္ဌ ဒေါက်တာရဲအောင် ကပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျောင်းပေါင်း ၃၀၀ ကျော်ကို ယခုလ ၇ ရက်နေ့မှ စတင်လှူဒါန်းမူပြုလုပ်နေပြီး စုစုပေါင်းတန်းဖိုး ငွေကျပ် ၁၀၀၀ အထိလှူဒါန်းမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ဒေါက်တာရဲအောင်က ပြောပါ တယ်။

“ကျောင်း ၂၀ ရှိပြီ လှူဒါန်းတာ ဆန်အိတ်က စုစုပေါင်း ၃၀၀ ကျော်ပြီ။ ငွေဆိုရင်တော့ သိန်းရာကျော်ရှိတယ်” ဟု အသင်းဒုဥက္ကဋ္ဌ ဒေါက်တာရဲအောင်ကပြောပါတယ်။

မြန်မာတစ်နိုင်ငံလုံးရှိ ဆွမ်းအခက်ခဲရှိသည့် ရဟန်း၊ သံဃာ၊ သာမဏေ၊ သီလရှင် ကျောင်းများအတွက် COVID-19 ပထမလိုင်းတွင် ကျောင်းပေါင်း ၁ သောင်းကျော် လှူဒါန်းမှုပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။

#PeopleMedia #ဒေါက်တာခင်ရွေ #ဒေါက်တာရဲအောင်


Share this post