• Follow Us on

Home COVID ဒုတိယလိႈင္းကာလ၌ ဆြမ္းအခက္အခဲရွိသည့္ဘုန္းႀကီးေက်ာင္းႏွင့္ သီလရွင္‌ေက်ာင္းမ်ားကို ေဒါက္တာခင္ေရႊမွ သိန္းေထာင္ေက်ာ္လွဴဒါန္းရန္စီစဥ္

COVID ဒုတိယလိႈင္းကာလ၌ ဆြမ္းအခက္အခဲရွိသည့္ဘုန္းႀကီးေက်ာင္းႏွင့္ သီလရွင္‌ေက်ာင္းမ်ားကို ေဒါက္တာခင္ေရႊမွ သိန္းေထာင္ေက်ာ္လွဴဒါန္းရန္စီစဥ္

Share this post

ရန္ကုန္၊ ေအာက္တိုဘာ – ၂
COVID-19 ဒုတိယလိႈင္းကာလ၌ ဆြမ္း၊ ကြမ္းအခက္အခဲရွိသည့္ ရဟန္း၊ သံဃာ၊ သာမေဏ၊ သီလရွင္မ်ားကို ျမန္မာနိုင္ငံလုံးဆိုင္ရာေထရဝါဒဗုဒၶဘာသာအဖြဲ႕ခ်ဳပ္ႏွင့္ နယ္စပ္ေတာင္တန္းေဒသသာသနာ့ႏုဂၢဟ အသင္း (ဗဟို) အဖြဲ႕ခ်ဳပ္ဥကၠ႒ေဇကမၻာေဒါက္တာခင္ေရႊမွ ရန္ကုန္တိုင္းအတြင္း ေက်ာင္းေပါင္း ၃၀၀ ‌ေက်ာ္အတြက္ ေငြက်ပ္ သိန္းေထာင္ေက်ာ္ကိုယခုလ ၇ ရက္ေန႔မွ စတင္လွဴဒါန္းမူျပဳလုပ္သြားမည္ျဖစ္ေၾကာင္း အသင္းဒုဥကၠ႒ ေဒါက္တာရဲေအာင္ကေျပာသည္။
ရန္ကုန္ၿမိဳ႕အတြင္းရွိ ေက်ာင္းေပါင္း ၃၀၀ ေက်ာ္လွဴဒါန္းမည္ျဖစ္ၿပီး တစ္ေက်ာင္းလၽွင္ သံဃာေတာ္အပါး(၅၀ မွ ၁၀၀)ခန႔္အထိရွိသည့္အတြက္ အနိမ့္ဆုံးကုန္က်ေငြ သိန္းေထာင္ေက်ာ္ရွိမည္ဟုခန႔္မွန္းထားေၾကာင္းေဒါက္ တာရဲေအာင္က ေျပာသည္။
“ရန္ကုန္တိုင္းထဲမွာရွိတဲ့ ပရိယတၱိစာသင္ေက်ာင္းေတြေပါ့ေနာ္။ အားလုံးေပါင္း ၃၀၃ ေက်ာင္းရွိတယ္။ အဲ့ ၃၀၃ ေက်ာင္းကို ဆြမ္း၊ ဆန္လွဴဖို႔အစီအစဥ္ရွိပါတယ္။ ေက်ာင္းေတြက အပါး ၅၀အထက္ ၁၀၀ အထက္ေက်ာင္း လဲရွိတယ္။ စာသင္တိုက္ေတြဆိုေတာ့မ်ားတယ္။ စာသင္သားမ်ားၾကေတာ့အခက္အခဲရွိၾကေတာ့ ေဒါက္တာ ခင္ေရႊမိသားစုက ဒုတိယလိုင္းမွာလွဴဖို႔ အစီအစဥ္စြဲေနပါတယ္။ ေက်ာင္းေပါင္း ၃၀၃ ေက်ာင္းအတြက္ဆိုရင္ ခန႔္မွန္းေငြက သိန္းေထာင္ေက်ာ္ရွိမယ္။ အခုလ ၅ ရက္နဲ႔ ၇ ရက္ေန႔ေလာက္မွ စတင္လွဴဖို႔ျပင္ဆင္ေနပါတယ္” ဟု အသင္းဒုဥကၠ႒ ေဒါက္တာရဲေအာင္ကေျပာသည္။
ျမန္မာတစ္ႏုိင္ငံလုံးရွိ ဆြမ္း၊ ကြမ္းအခက္ခဲရွိသည့္ ရဟန္း၊ သံဃာ၊ သာမေဏ၊ သီလရွင္မ်ားအတြက္ COVID-19 ပထမလိုင္းတြင္ ေက်ာင္းေပါင္း ၁ ေသာင္းေက်ာ္ လွဴဒါန္းမူျပဳလုပ္ခဲ့ၿပီး ျဖစ္သည္။
#PeopleMedia #ေဒါက္တာခင္ေရြ #ေဒါက္တာရဲေအာင္
((Unicode)
COVID ဒုတိယလှိုင်းကာလ၌ ဆွမ်းအခက်အခဲရှိသည့်ဘုန်းကြီးကျောင်းနှင့် သီလရှင်‌ကျောင်းများကို ဒေါက်တာခင်ရွှေမှ သိန်းထောင်ကျော်လှူဒါန်းရန်စီစဉ်
…………………………………………………
ရန်ကုန်၊ အောက်တိုဘာ – ၂
COVID-19 ဒုတိယလှိုင်းကာလ၌ ဆွမ်း၊ ကွမ်းအခက်အခဲရှိသည့် ရဟန်း၊ သံဃာ၊ သာမဏေ၊ သီလရှင်များကို မြန်မာနိုင်ငံလုံးဆိုင်ရာထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသသာသနာ့နုဂ္ဂဟ အသင်း (ဗဟို) အဖွဲ့ချုပ်ဥက္ကဋ္ဌဇေကမ္ဘာဒေါက်တာခင်ရွှေမှ ရန်ကုန်တိုင်းအတွင်း ကျောင်းပေါင်း ၃၀၀ ‌ကျော်အတွက် ငွေကျပ် သိန်းထောင်ကျော်ကိုယခုလ ၇ ရက်နေ့မှ စတင်လှူဒါန်းမူပြုလုပ်သွားမည်ဖြစ်ကြောင်း အသင်းဒုဥက္ကဋ္ဌ ဒေါက်တာရဲအောင်ကပြောသည်။
ရန်ကုန်မြို့အတွင်းရှိ ကျောင်းပေါင်း ၃၀၀ ကျော်လှူဒါန်းမည်ဖြစ်ပြီး တစ်ကျောင်းလျှင် သံဃာတော်အပါး(၅၀ မှ ၁၀၀)ခန့်အထိရှိသည့်အတွက် အနိမ့်ဆုံးကုန်ကျငွေ သိန်းထောင်ကျော်ရှိမည်ဟုခန့်မှန်းထားကြောင်းဒေါက် တာရဲအောင်က ပြောသည်။
“ရန်ကုန်တိုင်းထဲမှာရှိတဲ့ ပရိယတ္တိစာသင်ကျောင်းတွေပေါ့နော်။ အားလုံးပေါင်း ၃၀၃ ကျောင်းရှိတယ်။ အဲ့ ၃၀၃ ကျောင်းကို ဆွမ်း၊ ဆန်လှူဖို့အစီအစဉ်ရှိပါတယ်။ ကျောင်းတွေက အပါး ၅ဝအထက် ၁၀၀ အထက်ကျောင်း လဲရှိတယ်။ စာသင်တိုက်တွေဆိုတော့များတယ်။ စာသင်သားများကြတော့အခက်အခဲရှိကြတော့ ဒေါက်တာ ခင်ရွှေမိသားစုက ဒုတိယလိုင်းမှာလှူဖို့ အစီအစဉ်စွဲနေပါတယ်။ ကျောင်းပေါင်း ၃၀၃ ကျောင်းအတွက်ဆိုရင် ခန့်မှန်းငွေက သိန်းထောင်ကျော်ရှိမယ်။ အခုလ ၅ ရက်နဲ့ ၇ ရက်နေ့လောက်မှ စတင်လှူဖို့ပြင်ဆင်နေပါတယ်” ဟု အသင်းဒုဥက္ကဋ္ဌ ဒေါက်တာရဲအောင်ကပြောသည်။
မြန်မာတစ်နိုင်ငံလုံးရှိ ဆွမ်း၊ ကွမ်းအခက်ခဲရှိသည့် ရဟန်း၊ သံဃာ၊ သာမဏေ၊ သီလရှင်များအတွက် COVID-19 ပထမလိုင်းတွင် ကျောင်းပေါင်း ၁ သောင်းကျော် လှူဒါန်းမူပြုလုပ်ခဲ့ပြီး ဖြစ်သည်။
#PeopleMedia #ဒေါက်တာခင်ရွေ #ဒေါက်တာရဲအောင်


Share this post