• Follow Us on

Home COVID ေတြ႕ရွိမႈေၾကာင့္ စစ္ေတြၿမိဳ႕ရွိ အထက္တန္းေက်ာ င္းမ်ား စတင္ပိတ္

COVID ေတြ႕ရွိမႈေၾကာင့္ စစ္ေတြၿမိဳ႕ရွိ အထက္တန္းေက်ာ င္းမ်ား စတင္ပိတ္

Share this post

ရန္ကုန္၊ ၾသဂုတ္ ၂၁

ရခိုင္ျပည္နယ္ စစ္ေတြတြင္ Covid 19 ေရာဂါပိုးမ်ား ဆက္တိုက္ေတြ႕ရွိျခင္းေၾကာင့္ အေျခခံပညာ အထက္တ န္းေက်ာင္းမ်ား စတင္ပိတ္လိုက္ၿပီျဖစ္သည္။

အေျခခံပညာေက်ာင္းမ်ား ပိတ္လိုက္သည့္အေပၚ ျသဂုတ္လ ၂၁ ရက္၌ people media ေျမာက္ဦးၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဌးေမာင္ကေျပာၾကားခဲ့သည္။

“မေန႔ကေတာ့ ျသဂုတ္လ ၂၀ရက္မွာ စစ္ေတြက အထက္တန္းေက်ာင္းေတြ ပိတ္လိုက္ၿပီလို႔သိရတယ္။ ေျမာက္ဦးမွာလည္း covid 19 ေရာဂါပိုးေတြ႕တဲ့အထဲ တစ္ေယာက္ပါတယ္ဆိုၿပီး ထုတ္ျပန္တာေတြ ႕တယ္ေလ’’ဟု ၎ကေျပာသည္။

လက္ရွိတြင္ ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕တြင္ covid 19 ေရာဂါပိုးမ်ား ေတြ႕ရွိမႈဆက္တိုက္ေပၚေပါက္၍ ရခိုင္ျပည္နယ္လႊတ္ေတာ္က်င္းပျခင္းအား ေရႊ႕ဆိုင္းလိုက္ၿပီး ေရာဂါပိုးေတြ႕ရွိသူႏွင့္ထိေတြ႕မႈရွိခဲ့သည္ဟု ယူဆရသည့္အတြက္ ရခိုင္ျပည္နယ္၀န္ႀကီးခ်ဳပ္ႏွင့္အစိုးရအဖြဲ႕၀င္တစ္ဦးမွာလည္း သြားလာကန္႔သတ္ ေစာင့္ၾကည့္မႈ ကိုခံယူေနေၾကာင္းသိရသည္။

အစိုးရအဖြဲ႕၏ၫႊန္ၾကားစာတြင္လည္း ရခိုင္ျပည္နယ္အတြင္းဖြင့္လွစ္ထားသည့္အေျခခံေက်ာင္းမ်ားအား ေခတၱပိတ္ထားရန္ႏွင့္ ထပ္မံဖြင့္လွစ္မည့္ေက်ာင္းမ်ားပါ ပိတ္ထားရန္ ၫႊန္ၾကားထားေၾကာင္းသိရသည္။

ရခိုင္ျပည္နယ္တြင္အေျခခံပညာအထက္တန္းေက်ာင္းေပါင္း ၄၄၀ ရွိၿပီး ပညာေရး၀န္ႀကီးဌာနမွလက္ရွိတြင္ အေျခခံပညာအထက္တန္းေက်ာင္းမ်ားကို covid 19ေရာဂါကာကြယ္ေရး အစိုးရသက္မွတ္ခ်က္ အခ်က္ ၈၀ႏွင့္ကိုက္ညီသည့္ တစ္ႏိုင္ငံလုံးေက်ာင္းမ်ားကိုဖြင့္လွစ္ေပးလ်က္ရွိသည္။

#PeopleMedia

(unicode)
COVID တွေ့ရှိမှုကြောင့် စစ်တွေမြို့ရှိ အထက်တန်းကျော င်းများ စတင်ပိတ်
……………………………………………………

ရန်ကုန်၊ ဩဂုတ် ၂၁

ရခိုင်ပြည်နယ် စစ်တွေတွင် Covid 19 ရောဂါပိုးများ ဆက်တိုက်တွေ့ရှိခြင်းကြောင့် အခြေခံပညာ အထက်တ န်းကျောင်းများ စတင်ပိတ်လိုက်ပြီဖြစ်သည်။

အခြေခံပညာကျောင်းများ ပိတ်လိုက်သည့်အပေါ် သြဂုတ်လ ၂၁ ရက်၌ people media မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမောင်ကပြောကြားခဲ့သည်။

“မနေ့ကတော့ သြဂုတ်လ ၂၀ရက်မှာ စစ်တွေက အထက်တန်းကျောင်းတွေ ပိတ်လိုက်ပြီလို့သိရတယ်။ မြောက်ဦးမှာလည်း covid 19 ရောဂါပိုးတွေ့တဲ့အထဲ တစ်ယောက်ပါတယ်ဆိုပြီး ထုတ်ပြန်တာတွေ့တယ်လေ’’ဟု ၎င်းကပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် covid 19 ရောဂါပိုးများ တွေ့ရှိမှုဆက်တိုက်ပေါ်ပေါက်၍ ရခိုင်ပြည်နယ်လွှတ်တော်ကျင်းပခြင်းအား ရွှေ့ဆိုင်းလိုက်ပြီး ရောဂါပိုးတွေ့ရှိသူနှင့်ထိတွေ့မှုရှိခဲ့သည်ဟု ယူဆရသည့်အတွက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်တစ်ဦးမှာလည်း သွားလာကန့်သတ် စောင့်ကြည့်မှု ကိုခံယူနေကြောင်းသိရသည်။

အစိုးရအဖွဲ့၏ညွှန်ကြားစာတွင်လည်း ရခိုင်ပြည်နယ်အတွင်းဖွင့်လှစ်ထားသည့်အခြေခံကျောင်းများအား ခေတ္တပိတ်ထားရန်နှင့် ထပ်မံဖွင့်လှစ်မည့်ကျောင်းများပါ ပိတ်ထားရန် ညွှန်ကြားထားကြောင်းသိရသည်။

ရခိုင်ပြည်နယ်တွင်အခြေခံပညာအထက်တန်းကျောင်းပေါင်း ၄၄၀ ရှိပြီး ပညာရေးဝန်ကြီးဌာနမှလက်ရှိတွင် အခြေခံပညာအထက်တန်းကျောင်းများကို covid 19ရောဂါကာကွယ်ရေး အစိုးရသက်မှတ်ချက် အချက် ၈၀နှင့်ကိုက်ညီသည့် တစ်နိုင်ငံလုံးကျောင်းများကိုဖွင့်လှစ်ပေးလျက်ရှိသည်။

#PeopleMedia


Share this post