• Follow Us on

Home COVID ေထာက္ပံ့ေငြက်ပ္ သိန္း ၅၀ ေက်ာ္ကို အလြဲသုံးစားလုပ္သည့္ေျမာင္းျမၿမိဳ႕နယ္ရွိ ေက်းရြာအုပ္ေရးမွဴးကို အမႈဖြင့္ ဖမ္းဆီးအေရးယူ

COVID ေထာက္ပံ့ေငြက်ပ္ သိန္း ၅၀ ေက်ာ္ကို အလြဲသုံးစားလုပ္သည့္ေျမာင္းျမၿမိဳ႕နယ္ရွိ ေက်းရြာအုပ္ေရးမွဴးကို အမႈဖြင့္ ဖမ္းဆီးအေရးယူ

Share this post

ရန္ကုန္၊ နိုဝင္ဘာ ၂၅ (PeopleMedia)

ဧရာဝတီတိုင္းေဒသႀကီး၊ ေျမာင္းျမၿမိဳ႕နယ္၊ ကံဘဲ့ေလးေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴးကို ၿပီးခဲ့သည့္ရက္ပိုင္းက ပုံမွန္ဝင္ေငြမရွိသည့္ အိမ္ေထာင္စုမ်ားကို ေထာက္ပံ့သည့္ ေငြက်ပ္သိန္း ၅၀ ေက်ာ္ကို ျပည္သူမ်ားထံမေပးဘဲ အလြဲသုံးစားျပဳလုပ္ခဲ့သည့္အတြက္ အမႈဖြင့္ဖမ္းဆီးအေရးယူလိုက္သည္။

အဆိုပါျဖစ္စဥ္အေပၚ People Media က ေျမာင္းျမၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန ဒုတိယၿမိဳ႕ နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမ်ိဳးခိုင္ထံ ဆက္သြယ္ေမးျမန္းရာ “အမႈဖြင့္ အေရးယူထားတာေတာ့ ဟုတ္ပါတယ္၊ နည္းနည္းေတာ့ ၾကာပါၿပီ” လို႔ ေျပာဆိုသည္။

ပုံမွန္ဝင္ေငြမရွိသည့္ ကံဘဲ့ေလးေက်းရြာအုပ္စုရွိ အိမ္ေထာင္စု ၂၇၃ စုအတြက္ကို တစ္အိမ္ေထာင္ကို ေငြက်ပ္ ၂ ေသာင္းႏႈန္းျဖင့္ ေထာက္ပံ့ရန္ နိုင္ငံေတာ္က ေထာက္ပံ့ေငြ ၅၄ သိန္းေက်ာ္ကို ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးထံ ေပးအပ္ခဲ့သည္။

အဆိုပါ ေထာက္ပံ့ေငြကို ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ေမာင္ဝင္းက ျပည္သူကိုမေပးဘဲ ကိုယ္က်ိဳး အတြက္ သုံးစြဲခဲ့၍ ေျမာင္းျမၿမိဳ႕နယ္ ဒုတိယအုပ္ခ်ဳပ္ေရးမွဴးက တရားလိုျပဳလုပ္၍ တိုင္တန္းခဲ့ျခင္းျဖစ္သည္။

လက္ရွိမွာေတာ့ ေထာက္ပံ့ေငြ အလြဲသုံးစားလုပ္သည့္ ကံဘဲ့ေလးေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ေမာင္ ၀င္းကို ေျမာင္းျမၿမိဳ႕မရဲစခန္းတြင္ ရာဇသတ္ႀကီးပုဒ္မ ၄၀၉ ႏွင့္ ဖမ္းဆီးစစ္ေဆးေနသည္။

#PeopleMedia #ေျမာင္းျမၿမိဳ႕ #COVID #ေထြအုပ္

(unicode)
COVID ထောက်ပံ့ငွေကျပ် သိန်း ၅၀ ကျော်ကို အလွဲသုံးစားလုပ်သည့်မြောင်းမြမြို့နယ်ရှိ ကျေးရွာအုပ်ရေးမှူးကို အမှုဖွင့် ဖမ်းဆီးအရေးယူ
…………………………………………………….

ရန်ကုန်၊ နိုဝင်ဘာ ၂၅ (PeopleMedia)

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ကံဘဲ့လေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို ပြီးခဲ့သည့်ရက်ပိုင်းက ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများကို ထောက်ပံ့သည့် ငွေကျပ်သိန်း ၅၀ ကျော်ကို ပြည်သူများထံမပေးဘဲ အလွဲသုံးစားပြုလုပ်ခဲ့သည့်အတွက် အမှုဖွင့်ဖမ်းဆီးအရေးယူလိုက်သည်။

အဆိုပါဖြစ်စဉ်အပေါ် People Media က မြောင်းမြမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့ နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးခိုင်ထံ ဆက်သွယ်မေးမြန်းရာ “အမှုဖွင့် အရေးယူထားတာတော့ ဟုတ်ပါတယ်၊ နည်းနည်းတော့ ကြာပါပြီ” လို့ ပြောဆိုသည်။

ပုံမှန်ဝင်ငွေမရှိသည့် ကံဘဲ့လေးကျေးရွာအုပ်စုရှိ အိမ်ထောင်စု ၂၇၃ စုအတွက်ကို တစ်အိမ်ထောင်ကို ငွေကျပ် ၂ သောင်းနှုန်းဖြင့် ထောက်ပံ့ရန် နိုင်ငံတော်က ထောက်ပံ့ငွေ ၅၄ သိန်းကျော်ကို ကျေးရွာအုပ်ချုပ်ရေးမှူးထံ ပေးအပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ငွေကို ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်းက ပြည်သူကိုမပေးဘဲ ကိုယ်ကျိုး အတွက် သုံးစွဲခဲ့၍ မြောင်းမြမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်၍ တိုင်တန်းခဲ့ခြင်းဖြစ်သည်။

လက်ရှိမှာတော့ ထောက်ပံ့ငွေ အလွဲသုံးစားလုပ်သည့် ကံဘဲ့လေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်မောင် ဝင်းကို မြောင်းမြမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၄၀၉ နှင့် ဖမ်းဆီးစစ်ဆေးနေသည်။

#PeopleMedia #မြောင်းမြမြို့ #COVID #ထွေအုပ်


Share this post