COVID-19 ကာကွယ်ဆေးထိုးရန်ငြင်းဆန်သည့် အမေရိကန်တပ်ဖွဲ့ဝင်များကို ဂုဏ်သိက္ခာညှိုးနွမ်းစွာ ထွက်ခွာ စေခြင်းအား တားမြစ်ရန် အောက်လွှတ်တော်အမတ်များ ကြိုးပမ်း
PUBLISHED - September 3, 2021
နိုင်ငံတကာ၊ စက်တင်ဘာ ၃ (People Media)
အမေရိကန်တပ်မတော်တွင် COVID-19 ကာကွယ်ဆေးထိုးရန်ငြင်းဆန်သည့် အမေရိကန်တပ်ဖွဲ့ဝင်များကို တပ် မတော်မှ ဂုဏ်သိက္ခာညှိုးနွမ်းစွာထွက်ခွာစေခြင်းအား ပိတ်ပင်တားဆီးသည့် ဥပဒေပြဋ္ဌာန်းရေးအတွက် အောက် လွှတ်တော်အမတ်များက ထောက်ခံခဲ့ကြောင်းသိရသည်။
အမေရိကန် ကြည်းတပ်နှင့် လေတပ်က ၎င်းတို့တပ်ဖွဲ့ဝင်များ ကိုဗစ်ကာကွယ်ဆေးထိုးရန် အသင့်စောင့်ဆိုင်း နေစဉ် အမေရိကန်ရေတပ်က ရေတပ်စစ်သည်များ ယခုသီတင်းပတ်မှစ၍ ကိုဗစ်ကာကွယ်ဆေးထိုးရန် ရက် ပေါင်း ၉၀ အချိန်ပေးထားစဉ်အတွင်း အောက်လွှတ်တော်အမတ်များက ယခုကဲ့သို့ထောက်ခံလိုက်ခြင်း ဖြစ် သည်။
အမေရိကန်ကြည်းတပ်စစ်မှုထမ်းဟောင်းဖြစ်သူ လွှတ်တော်အမတ် မာ့ခ်ဂရိန်းအာရ်တန်းန်တင်ပြခဲ့သည့် ဥပဒေ ပြုရေးတွင် ကာကွယ်ဆေးထိုးရန်ငြင်းဆန်သဖြင့် တပ်မတော်မှထွက်ရသည့် မည်သည့်စစ်မှုထမ်းမဆို ဂုဏ်သ ရေရှိစွာထွက်ခွာစေခြင်းဖြင့်သာ ထွက်ခွာခွင့်ရရှိရန် ပြဋ္ဌာန်းရေးပါဝင်သည်။ ယခုဥပဒေကို အောက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များကော်မတီက အင်္ဂါနေ့က ပြဋ္ဌာန်းခဲ့သည့် ၂၀၂၂ ခုနှစ်ဘဏ္ဍာရေးနှစ် ကာကွယ်ရေးအာ ဏာပြဋ္ဌာန်းခြင်းဥပဒေမူကြမ်းတွင် ထပ်မံပေါင်းထည့်ရန် တင်ပြခဲ့ခြင်းဖြစ်သည်။
“ကျွန်ုပ်တို့နိုင်ငံအတွက် မိမိသဘောဆန္ဒအလျောက် တာဝန်ထမ်းဆောင်သည့် မည်သည့်အမေရိကန် စစ်မှု ထမ်းကိုမဆို ပုဂ္ဂိုလ်ရေးဆိုင်ရာကျန်းမာရေးဆုံးဖြတ်ချက်အတွက် ပြစ်ဒဏ်ချမှတ်ခြင်းမပြုသင့်ပါ” ဟု ကော်မတီ မဲခွဲဆုံးဖြတ်မှုအပြီးထုတ်ပြန်ခဲ့သည့်ကြေညာချက်တွင် လွှတ်တော်အမတ် မာ့ခ်ဂရိန်းအာရ်တန်းန်က ထည့်သွင်း ဖော်ပြခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအစောပိုင်းတွင် အရေးပေါ်အသုံးပြုခွင့်ပေးခဲ့ပြီးနောက် ယင်းဆေးမှာ အသက် ၁၆ နှစ်နှင့် အထက်ရှိသူများအတွက် ဘေးကင်းပြီး ထိရောက်သောဆေးဝါးဖြစ်ကြောင်း ဖော်ပြရင်း အ မေရိကန်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးအဖွဲ့ FDA က Pfizer-BioNTech ကာကွယ်ဆေးအား သြ ဂုတ်လအတွင်းက အပြည့်အဝထောက်ခံခဲ့သည်။
FDA ထောက်ခံချက်ရပြီး ကာကွယ်ရေးဝန်ကြီးအယ်လ်လွိုက်သြစတင်က အမေရိကန်တပ်ဖွဲ့ဝင်အားလုံး ကိုဗစ် ကာကွယ်ဆေးထိုးရမည်ဟု အမိန့်ပေးခဲ့ပြီးနောက် အမေရိကန်ရေတပ်ဖွဲ့ဝင်များအနေဖြင့် အချိန်သတ်မှတ်၍ ကို ဗစ်ကာကွယ်ဆေးထိုးရမည်ဖြစ်ကြောင်း အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့တို့တွင်ထုတ်ပြန်ခဲ့သောရုံးစာများတွင်ဖော်ပြထား ရာ အမေရိကန်ရေတပ်သည် ကိုဗစ်ကာကွယ်ဆေးထိုးရန် ပထမဦးဆုံးဖိအားပေးခံရသော တပ်ဖွဲ့ဖြစ်လာသည်။ ကြည်းတပ်တပ်ဖွဲ့ဝင်များနှင့် လေတပ်တပ်ဖွဲ့ဝင်များကိုလည်း ကာကွယ်ဆေးထိုးရမည့်နောက်ဆုံးရက်သတ်မှတ် ပေးမည်ဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘိုင်ကကြာသာပတေးနေ့က ပြောသည်။
သို့သော် ကာကွယ်ဆေးထိုးရန်ငြင်းဆန်သည့်အမေရိကန်တပ်ဖွဲ့ဝင်များအနေဖြင့် တပ်မတော်မှ ဂုဏ်သိက္ခာညှိုး နွမ်းစွာထွက်ခွာရမည်မဟုတ်သလို ထွက်ခွာစရာပင်မလိုကြောင်း ကာဘိုင်ကပြောသည်။ ကာကွယ်ဆေးထိုးရန် ငြင်းဆန်သည့်အမေရိကန်တပ်ဖွဲ့ဝင်များအား တပ်မှထုတ်ပယ်ပစ်မည်ဆိုသည့်ပြောကြားချက်ကို ပင်တဂွန်စစ်ဌာ နချုပ်က ဆက်လက်ပြောကြားခြင်းမရှိတော့ပေ။ စစ်တရားရုံး၏စည်းကမ်းချက်အရ ပြစ်ဒဏ်ပေးခြင်းကိုရပ်ဆိုင်း ရန် တပ်မှူးများတွင် ကျယ်ပြန့်သောရွေးချယ်ခွင့်ရှိမည်ဖြစ်သည်။ ကာကွယ်ဆေးထိုးရာတွင် ဘာသာရေးကင်း လွတ်ခွင့်အရ ငြင်းပယ်ခွင့်ရှိကြောင်းလည်းသိရသည်။
အောက်လွှတ်တော်အမတ်များက ထောက်ခံသည့် ဥပဒေမူကြမ်းကို လွှတ်တော်တစ်ရပ်လုံးတွင်မဲခွဲဆုံးဖြတ်ရ ဦးမည်ဖြစ်ပြီး အထက်လွှတ်တော်တွင်ဆွေးနွေးရဦးမည်ဖြစ်သည်။ အမေရိကန်စစ်မှုထမ်းအားလုံး ကိုဗစ်ကာ ကွယ်ဆေးထိုးရန် ဖိအားပေးခံရပြီးနောက် လပေါင်းများစွာကြာသည်အထိ ဥပဒေမူကြမ်းမှာ ဥပဒေဖြစ်လာဦး မဟုတ်ပေ။
အမျိုးသမီးတပ်ကြပ်တစ်ဦးမှာ နှာခေါင်းစည်းမတပ်သဖြင့် အမေရိကန်တပ်မတော်မှထွက်ခဲ့ရပြီး ယင်းတပ်ကြပ် မှာ COVID-19 ဥပဒေများနှင့်စပ်လျဉ်း၍ ပထမဦးဆုံးအရေးယူခံရသောစစ်မှုထမ်းဖြစ်သည်။ လက်ရှိအချိန်တွင် အမေရိကန်စစ်မှုထမ်းအားလုံး၏ ၆၃% အား ကိုဗစ်ကာကွယ်ဆေးထိုးပေးထားပြီးဖြစ်ကြောင်း ပင်တဂွန်စစ်ဌာန ချုပ်၏ထုတ်ပြန်ချက်အရသိရသည်။
Ref: Lawmakers Try to Ban Dishonorable Discharges for Troops Who Refuse Mandatory COVID-19 Vaccines
#PeopleMedia
(unicode)
……………………………………………………………………..
Ref: Lawmakers Try to Ban Dishonorable Discharges for Troops Who Refuse Mandatory COVID-19 Vaccines
#PeopleMedia