COVID-19 ကာလ၌ ရခုိင္ျပည္နယ္ ေျမာက္ပုိင္းေဒသမ်ားအပါအဝင္ ပလက္ဝၿမိဳ႕နယ္၌ တပ္မေတာ္ႏွင့္ AA တုိက္ပြဲမ်ား ျဖစ္ေပၚ
PUBLISHED - August 31, 2020
ရန္ကုန္၊ ၾသဂုတ္ – ၃၁
COVID-19 ကာလ၌ ရခုိင္ျပည္နယ္ေျမာက္ပုိင္းေဒသမ်ားအပါအဝင္ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္၌ တပ္မေတာ္ႏွင့္ AA ႏွစ္ဖက္တုိက္ပြဲမ်ား ျဖစ္ပြားမႈရွိေၾကာင္း တပ္မေတာ္ကဆုိသည္။
လက္ရွိအခ်ိန္၌ ရခုိင္ျပည္နယ္ စစ္ေတြၿမိိဳ႕အပါအဝင္ ရခုိင္ျပည္နယ္ ေျမာက္ပုိင္းေဒသမ်ား၌ COVID-19 ကူးစက္မႈႏႈန္း ျမင့္တက္လ်က္ရွိၿပီး အစုိးရ၊ တပ္မေတာ္အပါအဝင္ အရပ္ဘက္အဖြဲ႕အစည္းအသီးသီးက က်န္းမာေရးလုပ္ငန္းမ်ားကုိ ေဆာင္ရြက္လ်က္ရွိသည္။
ထုိသုိ႔ေဆာင္ရြက္မႈရွိေနေသာ္လည္း ေက်ာက္ေတာ္၊ ေျမာက္ဦး၊ ရေသ့ေတာင္၊ ဘူးသီးေတာင္ေဒသမ်ား၌ AA အဖြဲ႕သည္ ေက်းရြာအေျချပဳစစ္ဆင္ေရးမ်ားကုိ လုပ္ေဆာင္လ်က္ရွိေသာေၾကာင့္ ႏွစ္ဘက္တုိက္ပြဲမ်ား ျဖစ္ေပၚလ်က္ရွိသည္။
ထုိ႔အတူ ရခုိင္ျပည္နယ္စစ္ေရးလႈပ္ရွားမႈ၏ အခ်က္အျခာတစ္ခုျဖစ္သလုိ စစ္ေရးထြက္ေပါက္ျဖစ္သည့္ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္၌ တုိက္ပြဲမ်ား ျဖစ္ပြားလ်က္ရွိေၾကာင္း တပ္မေတာ္က အတည္ျပဳသည္။
#PeopleMedia #AA #တပ္မေတာ္
(Unicode)
COVID-19 ကာလ၌ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများအပါအဝင် ပလက်ဝမြို့နယ်၌ တပ်မတော်နှင့် AA တိုက်ပွဲများ ဖြစ်ပေါ်
………………………………………………………………………..
ရန်ကုန်၊ သြဂုတ် – ၃၁
COVID-19 ကာလ၌ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများအပါအဝင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၌ တပ်မတော်နှင့် AA နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားမှုရှိကြောင်း တပ်မတော်ကဆိုသည်။
လက်ရှိအချိန်၌ ရခိုင်ပြည်နယ် စစ်တွေမြိို့အပါအဝင် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများ၌ COVID-19 ကူးစက်မှုနှုန်း မြင့်တက်လျက်ရှိပြီး အစိုးရ၊ တပ်မတော်အပါအဝင် အရပ်ဘက်အဖွဲ့အစည်းအသီးသီးက ကျန်းမာရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်မှုရှိနေသော်လည်း ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ ဘူးသီးတောင်ဒေသများ၌ AA အဖွဲ့သည် ကျေးရွာအခြေပြုစစ်ဆင်ရေးများကို လုပ်ဆောင်လျက်ရှိသောကြောင့် နှစ်ဘက်တိုက်ပွဲများ ဖြစ်ပေါ်လျက်ရှိသည်။
ထို့အတူ ရခိုင်ပြည်နယ်စစ်ရေးလှုပ်ရှားမှု၏ အချက်အခြာတစ်ခုဖြစ်သလို စစ်ရေးထွက်ပေါက်ဖြစ်သည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၌ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း တပ်မတော်က အတည်ပြုသည်။
#PeopleMedia #AA #တပ်မတော်