COVID-19 ကာလ၌ အလုပ်ပိတ်ရက်တောင်းဆိုသည့် အလုပ်သမား ၁၂၀ ခန့်အလုပ်ပြုတ်၊ အလုပ်သမားအခွင့် အရေးပြန်လည်ရရှိရန် ILO နှင့် NLD ပါတီထံ သွားရောက်တောင်းဆို
PUBLISHED - May 19, 2020
#PeopleMedia
(Unicode)
“COVID ကာလမှာ ကျွန်တော်တို့အနေနဲ့ စက်ရုံကို ခေတ္တယာယီပိတ်သိမ်းပေးဖို့ပြတာပါ။ ခွင့်ရက်ပေးဖို့ပေါ့။ ဒါကို စက်ရုံက ခွင့်ရက်မပေးဘဲ အလုပ်သမားနဲ့အလုပ်ရှင်အငြင်းပွားမှုဖြစ်ပြီးတော့ ခုံရုံးထိတက်မယ်ဆိုတော့ လည်း ဦးစီးတွေက မတင်ပေးဘူး။ ညှိနှိုင်းရေးကြတော့လည်း မလာဘူး။ အလုပ်သမားတွေကြတော့ ဥပဒေ ဘောင်အပြင်ဘက်ကနေ ကျွန်တော်တို့ အလုပ်သမားတွေ၊ အလုပ်သမားခေါင်းဆောင်တွေအကုန် အလုပ် ထုတ်တာပါ” ကိုဇင်ဝေဦး(May Fair Myanmar လက်အိတ်စက်ရုံ အလုပ်သမားခေါင်းဆောင်)
အလုပ်ရှင်မှ အလုပ်သမားခေါင်းဆောင်များနှင့် အလုပ်သမားများအား ဥပဒေနှင့်မကိုက်ညီဘဲ လုပ်ဆောင်မှု အပေါ် (May Fair Myanmar လက်အိတ်စက်ရုံနှင့် Blue Diamond အိတ်စက်ရုံတို့မှ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း (ILO) နှင့် (NLD)အဖွဲ့ချုပ်ရုံးသို့ အလုပ်သမားပြဿနာဖြေရှင်းပေးရန် ယနေ့ နေ့လည်ပိုင်းတွင် စာပေးပို့အကူအညီ တောင်းခံရခြင်းဖြစ်ကြောင်း ၎င်းမှဆိုသည်။ အလားတူ ယခုမေလ ၁၁ ရက်နေ့တွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့ စာပေးပို့အကူအညီတောင်းခံခဲ့ရာ COVID-19 ကာလအတွင်း ရုံးပိတ်ထား၍ ပေးပို့၍မရခဲ့ကြောင်း People Media မှ တွေ့ဆုံမေးမြန်းရာတွင် အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
#PeopleMedia
https://www.youtube.com/watch?v=4XE71jin19M