COVID-19 ကူးစက္ခံရသူတစ္ဦးေတြ႕ရွိခဲ့သည့္ စစ္ေတြၿမိဳ႕ CB ဘဏ္ကုိ lock down ခ်၊ ဘဏ္၀န္ထမ္းမ်ား အားလုံးကုိ ကြာရန္းတင္းစင္တာမ်ားသို႔ပို႔ေဆာင္

PUBLISHED - August 17, 2020
ရန္ကုန္၊ ၾသဂုတ္ – ၁၇
COVID-19 ကူးစက္ခံရသူ တစ္ဦးေတြ႕ရွိခဲ့သည့္ စစ္ေတြၿမိဳ႕ CB ဘဏ္ကုိ lock down ခ်ၿပီး ဘဏ္၀န္ထမ္းမ်ား အားလုံးကုိ ကြာရန္းတင္းစင္တာမ်ားသို႔ပို႔ေဆာင္ထားေၾကာင္း ဦးေအာင္ေက်ာ္ဇံ(မင္းျပားနာေရးကူညီမႈ အသင္း)က ေျပာပါတယ္။
“ဘဏ္ကေတာ့ ၿမိဳ႕ထဲနဲ႔အနီးဆုံးမွာပဲ။ ဒီေန႔မနက္ေတာ့ ေဆးျဖန္းၿပီး lock down ခ်လိုက္တယ္။ ဘဏ္၀န္ထမ္း ေတြေတာ့ ေစာင့္ၾကည့္ကန္႔သတ္တဲ့ စင္တာေတြကိုပို႔လိုက္ၿပီလို႔သိရတယ္’’ဟု ၎ကေျပာပါတယ္။
အသက္ ၂၆ ႏွစ္အရြယ္ CB ဘဏ္မွ ၀န္ထမ္းျဖစ္သူသည္ ၾသဂုတ္လအတြင္း ေက်ာက္ျဖဴသို႔ အပန္းေျဖခရီး ထြက္ခြာၿပီးေနာက္ ျပည္တြင္းေလေၾကာင္းလိုင္းျဖင့္ျပန္လာခဲ့ေၾကာင္း၊ ၎ေနာက္ covid 19 ေရာဂါလကၡဏာ မ်ား ျပလာသျဖင့္ေဆးခန္းျပရာမွတဆင့္ ေစာင့္ၾကည့္လူနာျဖစ္ခဲ့ၿပီးေနာက္ ပိုးေတြ႕ရွိခဲ့ျခင္းလည္း ျဖစ္ပါတယ္။
အဆိုပါပိုးေတြ႕လူနာသည္ လက္ရွိအခ်ိန္၌ စစ္ေတြၿမိဳ႕ေဆး႐ုံႀကီး၌ ေဆးဝါးကုသမႈ ခံယူမွာလည္း ျဖစ္ပါတယ္။
#PeopleMedia #စစ္ေတြ
(unicode)
COVID-19 ကူးစက်ခံရသူတစ်ဦးတွေ့ရှိခဲ့သည့် စစ်တွေမြို့ CB ဘဏ်ကို lock down ချ၊ ဘဏ်ဝန်ထမ်းများ အားလုံးကို ကွာရန်းတင်းစင်တာများသို့ပို့ဆောင်
…………………………………………………………
ရန်ကုန်၊ ဩဂုတ် – ၁၇
COVID-19 ကူးစက်ခံရသူ တစ်ဦးတွေ့ရှိခဲ့သည့် စစ်တွေမြို့ CB ဘဏ်ကို lock down ချပြီး ဘဏ်ဝန်ထမ်းများ အားလုံးကို ကွာရန်းတင်းစင်တာများသို့ပို့ဆောင်ထားကြောင်း ဦးအောင်ကျော်ဇံ(မင်းပြားနာရေးကူညီမှု အသင်း)က ပြောပါတယ်။
“ဘဏ်ကတော့ မြို့ထဲနဲ့အနီးဆုံးမှာပဲ။ ဒီနေ့မနက်တော့ ဆေးဖြန်းပြီး lock down ချလိုက်တယ်။ ဘဏ်ဝန်ထမ်း တွေတော့ စောင့်ကြည့်ကန့်သတ်တဲ့ စင်တာတွေကိုပို့လိုက်ပြီလို့သိရတယ်’’ဟု ၎င်းကပြောပါတယ်။
အသက် ၂၆ နှစ်အရွယ် CB ဘဏ်မှ ဝန်ထမ်းဖြစ်သူသည် ဩဂုတ်လအတွင်း ကျောက်ဖြူသို့ အပန်းဖြေခရီး ထွက်ခွာပြီးနောက် ပြည်တွင်းလေကြောင်းလိုင်းဖြင့်ပြန်လာခဲ့ကြောင်း၊ ၎င်းနောက် covid 19 ရောဂါလက္ခဏာ များ ပြလာသဖြင့်ဆေးခန်းပြရာမှတဆင့် စောင့်ကြည့်လူနာဖြစ်ခဲ့ပြီးနောက် ပိုးတွေ့ရှိခဲ့ခြင်းလည်း ဖြစ်ပါတယ်။
အဆိုပါပိုးတွေ့လူနာသည် လက်ရှိအချိန်၌ စစ်တွေမြို့ဆေးရုံကြီး၌ ဆေးဝါးကုသမှု ခံယူမှာလည်း ဖြစ်ပါတယ်။
#PeopleMedia #စစ်တွေ